ဘယ်လင်ဟမ်ကို ခေါ်ယူချင်နေတဲ့ ရီးယဲလ်မက်ဒရစ်အသင်း

Jude Bellingham
April 1, 2022

 

ရီးယဲလ်မက်ဒရစ်အသင်းဟာ အင်္ဂလန်သား ဂျူဒီ ဘယ်လင်ဟမ်ကို ၂၀၂၃ ခုနှစ်မှာ ခေါ်ယူဖို့ ဆန္ဒ ရှိနေပါတယ်။

 

 

Los Blancos ( ရီးယဲလ်မက်ဒရစ် ) အသင်းက အသက် ၁၈ နှစ်အရွယ် အင်္ဂလန်သားကို လူကာ မိုဒရစ်ရဲ့ ကွင်းလယ် အမွေဆက်ခံသူအဖြစ် ရှုမြင်ကြောင်း စပိန် အား

ကစား သတင်းဌာန  Diario AS ရဲ့ ဖော်ပြချက်ကအရ သိရှိရပါတယ်။

 

✅✅✅ 1xBet မှာ ကစားချင်သူတွေအနေနဲ့

Promocode (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြု၍

100% ငွေသွင်းအပိုဆု (ဘောနပ်စ်) ရယူလိုက်ပါ။ 💸💸💸

 

👉အကောင့်ဖွင့်နည်း 👈

How to register in 1XBET? – Myanmar Sports

 

 

ဘယ်လင်ဟမ်ဟာ လက်ရှိမှာ  Borussia Dortmund ( ‌ဒေါ့မွန် ) အသင်းနဲ့အတူ Bundesliga မှာ ကစားနေပြီး အသင်းအတွက် သူ့ရဲ့ စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်

ပြီး အမိုက်စား သုံးသပ်ချက်၊ ချီးမွမ်းမှုတွေ ရရှိနေတာ ဖြစ်ပါတယ်။

 

 

၂၀၂၃ ခုနှစ်အထိ ခေါ် ယူဖို့ စီမံချက်တွေ မပြုလုပ်ရတဲ့ အကြောင်းရင်းကတော့ မိုဒရစ်ဟာ ဆန်တီယာဂို ဘာနေဗျူး ( Santiago Bernabeu ) မှာ နောက်ထပ်ရာသီ

တစ်ခု ကစားဖို့ ရယူထားတာကြောင့်ပဲ ဖြစ်ပါတယ်။

 

Luka Modric

 

ခရိုအေးရှားသားဟာ နည်းပြ အန်ဆယ်လော့တီအတွက် ဒီရာသီအကုန်အထိ အသုံးဝင်နေဦးမှာ ဖြစ်ပြီး ကာတာမှာ ကျင်းပမယ့် ၂၀၂၂ ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်

သူ့ရဲ့ မိခင် နိုင်ငံ့ တာဝန်ကို ကူညီဆောင်ရွက်ပေးဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် လာမယ့်နွေရာသီရောက်ရင်တော့  ဘယ်လင်ဟမ်ရဲ့အချိန် ဖြစ်ပါ

လိမ့်မယ်။

 

 

စပိန်တော်ဝင်ကလပ်ဟာ မိုဒရစ်၊ ကာစီမီရို နဲ့ တိုနီခရော့စ်တို့နဲ့ ဆယ်စုနှစ်တစ်ခုနီးပါးလောက်  ကြီးကြီးမားမား ပြောင်းလဲခြင်းမရှိတဲ့ ကွင်းလယ်အင်ဂျင်ခန်းကို ပြန်ပြီး

ဆန်းသစ်ဖို့ ကြိုးပမ်းနေချိန်မှာ ဘယ်လင်ဟမ်ဟာ အသွင်အပြင်အသစ်အနေနဲ့ မက်ဒရစ်ကွင်းလယ်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်လာမှာ ဖြစ်ပါတယ်။

 

တချိန်တည်းမှာပဲ လာမယ့် နွေရာသီအပြောင်းအရွှေ့ ကာလမှာ  မိုနာကိုကြယ်ပွင့် အော်ရီလီယန် ချီဝါမန်နီကိုလည်း ပစ်မှတ်ထားနေသေးတယ်လို့ သိရှိရပါတယ်။

 

 

Jude Bellingham

 

 

ဒေါ့မွန်အသင်းက လွန်ခဲ့သည့် ၂ နှစ်က ဘာမင်ဂမ်စီးတီးအသင်းကနေ ဘယ်လင်ဟမ်ကို ပြောင်းရွှေ့ ကြေး ယူရို ၂၅ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဘာမင်ဂမ်စီးတီး

အသင်းဟာ ဘယ်လင်ဟမ်  အသင်းကနေ  ထွက်ခွာပြီးနောက် သူ့ရဲ့  အင်္ကျီနံပါတ် ၂၂ ကို အမှန်တကယ် အနားပေးခဲ့ပါတယ်။

 

 

ဂျူဒီ ဘယ်လင်ဟမ်ဟာ ဒီရာသီမှာ ‌‌ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ ၃၇ ပွဲကို ၆ ဂိုးသွင်း၊ ၁၃ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားပါတယ်။ ဒီခြေစွမ်းကို ကြည့်ခြင်းအားဖြင့်

၁၈ နှစ်အရွယ် အင်္ဂလန်သားရဲ့ အနာဂတ်ဟာ ဆက်လက် တောက်ပနေဦးမှာပဲ ဖြစ်ပါတယ်။

 

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment