Joao Felix နဲ့ ယူနိုက်တက် ကစားကွက် ဘယ်လိုချမလဲ?

Joao Felix to Man U
October 21, 2022

တိုက်စစ်မှူး Joao Felix [ ယာအို ဖီးလစ်စ် ] နဲ့ ယူနိုက်တက်အသင်း ကစားကွက် ဘယ်လိုချမလဲ။

Joao Felix [ ဂျိုအာ ဖီးလစ်စ် ] ဟာ ဇန်နဝါရီမှာ အက်သလက်တီကို မက်ဒရစ် အသင်းကနေ ထွက်ခွာဖို့ စိတ်အားထက်သန်နေတာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းဟာ သူ့အတွက် ဖြစ်နိုင်ခြေ အရှိဆုံး နေရာ ဖြစ်လာနိုင်ပါတယ်။

ဂျိုအာ ဖီးလစ်စ်ရဲ့  အားနည်းတဲ့ ပုံစံကတော့ မကြာသေးခင် ရက်သတ္တပတ်တွေအတွင်း နည်းပြ ဒီယေဂို ဆီမြွန်နီက သူ့ကို အရန်ခုံမှာ အချိန်ကုန်နေစေခဲ့တဲ့ အချက်ပါပဲ။ ဒီအတွက် သူဟာ ဒေါသတကြီး ဖြစ်နေခဲ့ပြီး ဘေးထွက်ဆိုးကျိုးတွေနဲ့ လူမှုကွန်ရက် မီဒီယာတွေမှာတောင် သူ့ရဲ့ စိတ်ပျက်စရာတွေကို ဖော်ပြခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ယူနိုက်တက်မှာ Joao Felix [ ဖီးလစ်စ် ] အတွက် အခန်းကဏ္ဍ အပြောင်းအလဲ။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နွေရာသီ အပြောင်းအရွှေ့တုန်းက Joao Felix [ ဖီးလစ်စ် ]ကို ခေါ်ယူဖို့ ချဉ်းကပ်ခဲ့ပြီး ပေါ်တူဂီ လက်ရွေးစင် ကစားသမားကို လာမယ့် လာတွေအတွင်း အက်သလက်တီကိုကနေ ထွက်ခွာခွင့်ပြုခဲ့မယ်ဆိုရင်တော့ သူတို့ရဲ့ စိတ်ဝင်စားမှုကို ပြန်လည်ရရှိမယ်လို့ ယုံကြည်နေပါတယ်။

ယူနိုက်တက် အသင်းဟာ ဧပြီလမှာ နည်းပြ အဲရစ်တန်ဟက်ဂ် ရောက်ရှိလာပြီးကတည်းက ပုံစံသစ် ပြောင်းလဲရေး ကာလတစ်ခုအတွင်း သေချာပေါက် ရှိနေခဲ့ပြီး လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် အဓိက ကစားသမားများစွာနဲ့ တခြား အပြောင်းအလဲတွေ ဆက်လက်ရှိနေဦးမှာပါ။

ဂိုးသမား ဒေးဗစ် ဒဟဲယားဟာ ယူနိုက်တက်အသင်းမှာ 12 လကြာ ရွေးချယ်ခွင့်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ပေမယ့်အသက် ၃၁ နှစ်အရွယ် ကစားသမားကို စာချုပ်သက်တမ်း ၂၀၂၃ ခုနှစ် သက်တမ်းကုန်ဆုံးချိန်တွင် သူ့ရဲ့ မြင့်မားတဲ့ လုပ်ခ လစာကြောင့် သူ့ကို ထွက်ခွာခွင့်ပေးနိုင်ပါတယ်။

Joao Felix wasted time on bench

အရန်ခုံမှာ အချိန်ကုန်ခဲ့လို့ ဖီးလစ်စ်အနေနဲ့ စိတ်ပျက်မှုတွေ ရှိခဲ့ပါတယ်။

အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယားကို အသင်းပွဲထွက်စာရင်းကနေ ဖယ်ရှားထားပြီး လီဆန်ဒရို မာတီနက်ဇ်၊ ရာဖေးလ် ဗာရန်းတို့နဲ့အတူ အဲရစ် တန်ဟက်ဂ် ရဲ့ ယူနိုက်တက် ခံစစ်ပိုင်းဟာ တော်တော်လေး တည်ငြိမ်နေပါပြီ။

ဘယ်၊ ညာ နောက်ခံလူတွေ ဖြစ်တဲ့ ဒီယိုဂို ဒါးလော့နဲ့ လူခ်ရှောတို့ နှစ်ဦးစလုံးဟာ လာမယ့် နွေရာသီမှာ ရွေးချယ်စရာတွေနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး ယူနိုက်တက်အသင်း အနေနဲ့ တောင်ပံ နောက်တန်းနေရာတွေကို ဖြတ်တောက်ထားပုံ ပေါ်ပါတယ်။

ကွင်းလယ်လူ ကာစီမီရိုအတွက် နွေရာသီတုန်းက ယူနိုက်တက်ဘက်က ပေါင်သန်း ၇၀ ကို ဘာကြောင့် သုံးစွဲခဲ့တယ်ဆိုတာကို နောက်ဆုံးမှာ သက်သေပြနေပြီ ဖြစ်ပါတယ်။ ဖရက်ဒ်နဲ့ စကော့မက်တိုမီနေးတို့ ပုံစံကောင်းတွေ ပြန်ရလာပေမယ့် ကွင်းလယ်ဖန်တီးရှင် ခရစ္စတီယန် အဲရစ်ဆင်နဲ့ တွဲဖက် အသုံးပြုဖွယ် ရှိနေပါတယ်။

ယူနိုက်တက်ဟာ ရော်နယ်ဒိုမပါဘဲ ရလဒ်တွေ ပိုကောင်းလာပါတယ်။

အဲရစ်တန်ဟက်ဂ်အသုံးပြုလေ့ရှိတဲ့ ၄-၂-၃-၁ ဒါမှမဟုတ် ၄-၃-၃ ကစားကွက်မှာ Joao Felix [ ဖီးလစ်စ် ]ကို ခေါ် ယူခြင်းဖြင့် ဘရူနို ဖာနန်ဒက်စ်ကတော့ နံပါတ် ၁၀ နေရာ ဒါမှမဟုတ် ကွင်းလယ်တိုက်စစ်နေရာမှာ ပါဝင်တဲ့ ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်း လေးယောက်နေရာကို အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

Man United's Line up with Joao Felix

ဖီးလစ်စ်ပါဝင်လာမယ့် ယူနိုက်တက်ရဲ့ ဖြစ်နိုင်ခြေ ကစားကွက်။

အရင်က ဒုတိယ တိုက်စစ်မှူး နေရာကို နှစ်သက်ကြောင်း ပြောဖူးတဲ့ ဖီးလစ်အတွက် ပြဿနာတစ်ခု ဖြစ်နိုင်ပေမယ့် ဘင်ဖီကာ ကစားသမားဟောင်းဟာ ရှေ့တန်း ဒါမှမဟုတ် ဘယ်တောင်ပံ ကစားသမားအဖြစ် ကစားနိုင်စွမ်း ရှိနေပါတယ်။

အန်တိုနီဟာ အိုးလ်ထရက်ဖို့ဒ်မှာ သူ့ရဲ့ ပထမဆုံး လိဂ် ၅ ပွဲ ကစားပြီးချိန်မှာ ၃ ဂိုး သွင်းယူပြီးနောက် ယူရို ၈၅ သန်းနဲ့ ခေါ်ယူထားတဲ့ ဆန်ချိုကို ချန်လှပ်ထားပြီး သူ့ရဲ့ ညာတောင်ပံတိုက်စစ်နေရာမှာ ဆက်လက်ထိန်းထားနိုင်ဖွယ် ရှိနေပါတယ်။

မားကပ် ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ ဂိုးသွင်းပုံစံကောင်း ရှိနေပေမယ့် ဘယ်ဘက်ခြမ်းကနေ အတွင်းပိုင်းကို ဝင်လာပြီး ဘောလုံးပေးပို့မှု အကောင်းဆုံး ကစားနေသူပါ။ ဒီရာသီမှာ သူမကြာခဏကစားလေ့ရှိတဲ့ တိုက်စစ်မှူးနေရာနဲ့ မတူပါဘူး။

ရော်နယ်ဒိုနေရာ အမွေဆက်ခံမယ့် Joao Felix [ ဖီးလစ်စ် ]။

ဒါကြောင့်မို့ Joao Felix [ ဖီးလစ်စ် ] ဟာ ပြီးခဲ့တဲ့ ရာသီက အက်သလက်တီကိုအသင်းအတွက် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ယူနိုက်တက်ဘက်ကို ဂိုးသွင်းနိုင်ခဲ့တဲ့ အနေအထားကနေတဆင့် ရလဒ်အနေနဲ့ တန်ဟက်ဂ်လက်အောက်မှာ တိုက်စစ်မှူးတစ်ဦးအဖြစ် ပါဝင်လာဖွယ် ရှိနေပါတယ်။

Joao Felix scored against Man United

ဖီးလစ်စ်ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ယူနိုက်တက်ဘက်ကို ဂိုးသွင်းယူခဲ့ပါတယ်။

သူဟာ ၂၀၁၉ ခုနှစ်တုန်းက အက်သလက်တီကိုအသင်းဆီ ယူရို ၁၁၃ သန်းနဲ့ ပြောင်းရွှေ့လာချိန်ကစပြီး အခုထိ ၂၉ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ဒါဟာ တိုက်စစ်မှူးတစ်ယောက်အနေနဲ့ ယုံနိုင်စရာ မရှိပေမယ့် သူ့ရဲ့ ကစားပုံ ခြုံငုံကြည့်ရင်တော့ ယူနိုက်တက် အောင်မြင်ဖို့ ကူညီပေးနိုင်မှာပါ။

ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ နေရာမှာ အစားထိုးမယ့်သူ မဟုတ်ပေမယ့် သူ့ရဲ့ ပေါ်တူဂီ စူပါစတားရဲ့ နေရာကို အမွေဆက်ခံသူအဖြစ်နဲ့ အိုးထရက်ဖို့ဒ်မှာ အလားအလာရှိတဲ့ ပေါ်တူဂီသားကို ခရစ္စတီယာနို ရော်နယ်ဒို နှိုင်းယှဥ်ပြသမှာ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment