NeymarJR ကို ဒီနှစ်ထဲ ခေါ်ယူချင်နေတဲ့ အသင်းများ။

NeymarJR was wanted by two EPL teams
October 20, 2022

ဒီနှစ်ထဲမှာ [ NeymarJR ] နေမာ ကို ခေါ် ယူချင်နေတဲ့ အသင်းများ။

NeymarJR  [ နေမာ ဂျူနီယာ ]ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ မကြာခဏ ဆိုသလို စကား အခြေအတင် ဖြစ်လေ့ရှိပြီး နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ ကလပ်အသင်း တော်တော်များများက သူ့ကို ခေါ် ယူဖို့ ကြိုးစားခဲ့ကြတာ အားလုံးလဲ အသိပါပဲ။

အဲ့ဒီ အထဲမှာ  ပရီးမီးယားလိဂ် ကလပ်အသင်း နှစ်သင်းလည်း ပါဝင်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ တိုက်စစ်မှူး နေမာဟာ နွေရာသီတုန်းက ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်နေပြီး အသင်းဖော် ကီလီယန် အမ်ပါပေ ကိုလည်း ထွက်ခွာစေလိုကြောင်း အကြံပြုမှုများလည်း ရှိခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ချယ်လ်ဆီးနဲ့ နယူးကာဆယ်တို့က NeymarJR  [ နေမာ ] ကို စိတ်ဝင်တစား ရှိနေပါတယ်။

သူဟာ PSG [ ပဲရစ် ဆိန့် ဂျာမိန်း ] အသင်းမှာ ဆက်နေခဲ့ပြီး အခုချိန်မှာတော့ နည်းပြသစ် ခရစ္စတိုဖေ ဂယ်တီယာရဲ့ စနစ်အောက်မှာ အမ်ဘာပေ၊ လီယွန်နယ်မက်ဆီတို့နဲ့ တိုက်စစ်ပိုင်းမှာ ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ထားပါတယ်။

ဒါပေမယ့်လည်း ပရီးမီးယားလိဂ်ကလပ်တွေ ဖြစ်တဲ့ ချဲလ်ဆီးနဲ့ နယူးကာဆယ်အသင်းတို့က သူ့ကို ခေါ်ယူလိုကြောင်း စပိန်သတင်းတွေအရ သိရတာကြောင့် ဒီရာသီမှာ သူ့အတွက် အများကြီး ကွာခြားသွားနိုင်ပါတယ်။

NeymarJR with Tuchel

နေမာနဲ့ တူချယ်။

ဒါပေမယ့် ချဲလ်ဆီးအသင်း အနေနဲ့ တိုက်စစ်မှူး နေမာကို ဝယ်ယူခွင့် ရွေးချယ်ခွင့်နဲ့ အငှား စာချုပ် အနေနဲ့သာ ခေါ်ယူလိုပြီး ရာသီအလိုက် ယူရို ၁၀ သန်းတန် အချိတ်အဆက် တစ်ခုကို ကမ်းလှမ်းခဲ့ပါတယ်။

အဲ့ဒီတုန်းက ပြင်သစ်ကလပ် PSG အသင်း မှာ သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို မျှဝေခဲ့တဲ့ Thomas Tuchel [ ချဲလ်ဆီး နည်းပြဟောင်း  သောမတ်စ် တူချယ် ]နဲ့ တစ်ဖန် လက်တွဲခွင့်ရတဲ့အတွက် ချဲလ်ဆီးအသင်းက နေမာအတွက် သင့်လျော်တဲ့ ရွေးချယ်မှု တစ်ခု ဖြစ်လာမှာပါ။

နည်းပြ တူချယ်နဲ့ နေမာ‌တို့ဟာ ၂၀၁၈ ကနေ ၂၀၂၀ ခုနှစ်အတွင်း ပြင်သစ်ကလပ်မှာ အတူတူ အလုပ် တွဲလုပ်ခဲ့ကြပြီး ၂၀၂၀ ခုနှစ်မှာ ချန်ပီယံလိဂ်ဖိုင်နယ်ကို တက်ရောက်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ ဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို အရေးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်ဖလားကို လက်လွှတ်ခဲ့ရပါတယ်။

နယူးကာဆယ်အနေနဲ့ NeymarJR  [ နေမာ ဂျူနီယာ ] ကို ခေါ် ယူဖို့ ခက်ခဲပါတယ်။

နယူးကာဆယ် ယူနိုက်တက်အသင်းဟာ ဥရောပဘောလုံးလောကမှာ ထိပ်တန်း အဆင့်အတန်း မမီသေးတာကြောင့် စိန့်ဂျိမ်းစ်ပါ့ခ်သို့ ပြောင်းရွှေ့ဖို့ သူ့ကိုလိုက်ဖို့က ပိုမိုရှုပ်ထွေးလာပြီး နယူးကာဆယ်အသင်းအတွက် ဒီအပြောင်းအရွှေ့က ပိုမို ခက်ခဲမယ်ဆိုတ  သေချာပါတယ်။

နယူး ကာဆယ် ယူနိုက်တက်အသင်းဟာ ချမ်းသာကြွယ်ဝမှု ရှိနေပြီး သူတို့ဟာ Bruno Guimaraes [ ဘရူနို ဂွီမာရက်စ် ] ဒါမှမဟုတ် Alexander Isak [ အလက်ဇန်းဒါး အိုက်ဆက်ခ် ] တို့လိုမျိုး တန်ဖိုးကြီး အရည်အချင်းရှိ လူငယ်ကစားသမားတွေ ခေါ်ယူကာ ပိုမို ထက်မြက်တဲ့ နည်းဗျူဟာ တစ်ခုအတွက် ရွေးချယ် တည်ဆောက်ထားပါတယ်။

NeymarJR at Brazil

ဘရာဇီးလ် လက်ရွေးစင် ကစားသမား ‌နေမာ။

နယူးကာဆယ်က PSG တိုက်စစ်မှူး နေမာအတွက် လက်တွေ့မကျတဲ့ ပမာဏတစ်ခုနဲ့ ကမ်းလှမ်းခဲ့ပါတယ်။ ကစားသမားက ငြင်းဆိုခဲ့ပြီး ကလပ်အသင်းကတော့ ကမ်းလှမ်းမှုကို လက်ခံသွားခဲ့ပါတယ်။

စပိန်သတင်းစာ El País ရဲ့ ဖော်ပြချက်အရ နယူးကာဆယ်အသင်းဟာလည်း  နွေရာသီအပြောင်းအရွှေ့မှာ NeymarJR  [ နေမာ ဂျူနီယာ ]ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တဲ့ ပရီးမီးယားလိဂ်အသင်း တစ်သင်း ဖြစ်တယ်လို့ သိရပါတယ်။

Magpies [ နယူးကာဆယ် ယူနိုက်တက် ] အသင်းဟာ ဘရာဇီးလ်သားကို ဝယ်ယူဖို့နဲ့ PSG ကို မဖြစ်မနေ လက်ခံစေဖို့အတွက် ပြောင်းရွှေ့ကြေး အနေနဲ့ ယူရို သန်း ၄၀၀ နဲ့ ခေါ် ယူဖို့ ဆန္ဒရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ နေမာဟာ ပီအက်စ်ဂျီအသင်းမှာ ခြေစွမ်းကောင်းတွေ ရရှိနေပါတယ်။

အသက် ၃၀ အရွယ် ကစားသမားဟာ ဒီရာသီမှာ အကောင်းဆုံး စတင်ကစားနေပြီး ၁၂ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု 9 ကြိမ် ပြုလုပ်ထားပြီး ပဲရစ်မြို့ခံတွေအတွက် ဒီရာသီမှာ လိဂ်ပွဲ ၁၆ ပွဲ ကစားထားပါတယ်။

NeymarJR is good form at PSG

PSG မှာ ပုံစံကောင်းတွေ ပြန်ရနေတဲ့ နေမာ။

အမ်ပါပေနဲ့ အချေအတင် ဖြစ်တယ်ဆိုတဲ့ ကောလာဟလတွေကြား နောက်ရာသီမှာ သူရဲ့ နောက်ထပ် ဘောလုံး မှတ်တမ်းအဖြစ် ဘယ်အသင်းမှာ ကစားမလဲဆိုတဲ့ သံသယတွေ ရှိနေဆဲ ဖြစ်ပေမယ့် အခုအချိန်မှာတော့ ပြင်သစ်မြို့တော်မှာ အခြေချ နေထိုင်နေပုံ ရပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment