Ruben Neves ကို ဘာကာတို့ ခေါ်ယူမလား။

Ruben Neves to Barcelona
October 24, 2022

ကွင်းလယ်လူ Ruben Neves [ ရူဘင် နီဗက်စ် ] က ဘာစီလိုနာအတွက် အထောက်အကူ ဖြစ်မှာလား။

Ruben Neves [ ရူဘင် နီဗက်စ် ] ဟာ ကမ္ဘာ့အဆင့် ထိပ်တန်း ကစားသမားတစ်ယောက်တော့ မဟုတ်ပါဘူး။ ပေါ်တူဂီ လက်ရွေးစင်အသင်းအတွက် ပွဲစဥ် ၃၂ ပွဲ ကစားထားတဲ့ နီဗက်စ်ဟာ ဒီရာသီမှာ တစ်ပွဲကို ပျမ်းမျှ ဘောလုံးပြန်လည် ရယူမှု ၁၀ ကြိမ်အထိ ရရှိထားပြီး ပြောင်းရွှေ့ကြေး ခန့်မှန်းခြေ ယူရို ၄၃ သန်း ရှိနေပါတယ်။

စပိန် လာလီဂါကလပ် ဘာစီလိုနာအသင်းဟာ ဝုဗ်နဲ့ ပေါ်တူဂီ ကွင်းလယ်လူ ရူဘင် နီဗက်စ်ကို ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ သိရပါတယ်။ ဘာစီလိုနာ အနေနနဲ့ ကွင်းလယ်လူကို လိုအပ်နေတဲ့ ကမ္ဘာပေါ်က နောက်ဆုံးကလပ်အသင်း တစ်သင်းပဲ ဖြစ်ရမယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဒီဂျောင်နေရာအတွက် ဘာကာက Ruben Neves [ ရူဘင် နီဗက်စ် ] ကို ခေါ်ယူသွားမှာလား။

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီး၊ တောင်ပံကစားသမား ရာဖင်ဟာနဲ့ ဗဟိုနောက်ခံလူဂျူးလ်စ် ကွန်ဒယ်တို့ကို နေရာအလိုက် အသီးသီး ခေါ် ယူဖို့အတွက် ယူရိုသန်း ၁၅၀ အထိ သုံးစွဲခဲ့ပြီး နည်းပြ ဇာဗီဟာ ဗဟို ကွင်းလယ်ကစားသမား နီဗက်စ်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။

“ဘယ်သူက ဘာစီလိုနာအတွက် မကြိုးစားချင်ဘဲ နေမလဲလေ။ ” မကြာသေးခင်က ပေါ်တူဂီ သတင်းဌာန Canal 11 မှ Balugrana [ ဘာစီလိုနာအသင်း ] ရဲ့ စိတ်ဝင်စားမှု ခံခဲ့ရတဲ့ ကွင်းလယ်လူ Ruben Neves [ ရူဘင် နီဗက်စ် ] ကို မေးမြန်းခဲ့ကြပါတယ်။

Ruben Neves at Portugal

ရူဗင်နီဗက်စ်ဟာ ပေါ်တူဂီအသင်းအတွက် ၃၂ ပွဲ ကစားပေးထားပါတယ်။

သူက “ဒါဟာ ကစားသမားတိုင်းအတွက် တူညီတဲ့မေးခွန်းတစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ ဒါဟာ ကမ္ဘာ့အကြီးကျယ်ဆုံး ကလပ်တွေထဲက တစ်ခုပါ။ အရည်အချင်းရှိတဲ့ ကလပ်အသင်းတွေနဲ့ ဆက်နွယ်နေဖို့ အမြဲတမ်း အခွင့်အရေးတစ်ခုပါပဲ။ ” လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် Ruben Neves [ ရူဘင် နီဗက်စ် ] ရဲ့ တန်ကြေးနဲ့ ကိုက်ညီတဲ့ အရင်းအနှီးကို ဘာစီလိုနာအသင်းက ရှာဖွေဖို့ လိုအပ်ပါလိမ့်မယ်။ ဝါရင့် ကွင်းလယ်လူ ဆာဂျီယို ဘူစကတ်စ်ဟာ အသက် ၃၄ နှစ် ရှိနေပေမယ့် သူဟာ ဒီရာသီမှာ ဇာဗီရဲ့ အသုံးအများဆုံး ကွင်းလယ်တစ်ယောက်ဖြစ်ပြီး တခြားနေရာတွေနဲ့ နှိုင်းယှဥ်မယ်ဆိုရင် ပုံမှန် ကစားသမားတစ်ယောက်လိုပါပဲ။

ဒီဂျောင်နဲ့ပတ်သက်ပြီး ချီးမွှမ်းထားတဲ့ ဇာဗီ။

ရာသီပြီးဆုံးတဲ့ နေ့မှာ သူ့ကို ခေါ်ယူမယ်ဆိုရင်ပဲ ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ ကစားကွက်မှာ ကွင်းလယ်လူ ဖရန့်ကီ ဒီဂျောင်အတွက် အစားထိုး အဆင်သင့်ရှိကြောင်း မကြာသေးခင်က နည်းပြ ဇာဗီမှ ဝန်ခံထုတ်ပြောခဲ့ပါတယ်။ ဒီဂျောင်ဟာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ တွန်းအားပေးခံခဲ့ရပါတယ်။

ဇာဗီက “သူဟာ သူ့ရဲ့ အခန်းကဏ္ဍကို နားလည်ပြီး ပွဲစဥ်ကို ခွဲဝေပိုင်းခြားတဲ့ လွတ်လပ်ပေါ့ပါးတဲ့ ကစားသမားတစ်ယောက်ပါ။ ” လို့ ဗီလာရီးရဲလ်ကို ကြာသပတေးနေ့က ၃-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဒီဂျောင်ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

Ruben Neves is in good form at Wolves

ရူဗင်နီဗက်စ်ဟာ ဝုဗ်စ်အသင်းအတွက် တစ်ပွဲပျမ်းမျှ ဘောလုံးရယူမှု ၁၀ ကြိမ်အထိ ရရှိထားပါတယ်။

“သူ့အနေ နဲ့က ဒီပွဲကို နှစ်သက်ပါတယ်။ သူရဲ့ တာဝန်ကို ကောင်းကောင်းနားလည်ပါတယ်။ သူ့အတွက် ကျွန်တော် တကယ်ကို ပျော်ရွှင်မိပါတယ်၊ သူနဲ့ထိုက်တန်ပါတယ်။ ဒီနေ့… ကျွန်တော်တို့ရဲ့ မဏ္ဍိုင်က လွတ်လပ်ပြီး ဖရန့်ကီက ဒီနေရာအတွက် အကောင်းဆုံးလို့ ယုံကြည်ပါတယ်။ ”

သူ က ဒီတောင်းဆိုချက်ကို ကောင်းကောင်းနားလည်ပါတယ်။ သူ့ရဲ့ ခံစစ်ပိုင်းကိုလည်း နားလည် တာဝန်ယူတတ်ပါတယ်။ အထူးသဖြင့် သူဟာခံစစ်ပိုင်း အရမ်းကောင်းပါတယ်။ ” လို့ နည်းပြ ဇာဗီက ပြေားကြားထားပါတယ်။

ဘာကာမှာ Ruben Neves [ နီဗက်စ် ] မလိုလောက်အောင် ကွင်းလယ်ပိုင်း ကောင်းမွန်ပါတယ်။

ကြာသပတေးနေ့တုန်းက ဒီဂျောင်နဲ့ ဘူစကတ်စ်တို့အခြမ်းမှာ မကြာသေးခင် အပတ်တွေတုန်းကတော့  ပက်ဒရီနဲ့ ဂါဗီတို့ပဲ ဖြစ်ပါတယ်။ မကြာသေးမီက Ballon d’Or အခမ်းအနားတွင် Kopa Trophy ဆုရှင်အဖြစ် ရှေ့နောက် ဆုဆွတ်ခူးခဲ့ပြီးနောက် ဆယ်ကျော်သက်နှစ်ဦးစလုံးဟာ ဘာစီလိုနာအသင်းနဲ့ ယူရို ၁ ဘီလီယံတန်ကြေးရှိ စာချုပ်သစ်တွေ ချုပ်ဆိုခဲ့ကြပါတယ်။

Ruben Neves scored against Nottingham Forest

နော်တင်ဟမ်ဖောရက်စ်အသင်းဘက်ကို ဂိုးသွင်းယူခဲ့တဲ့ ရူဗင်နီဗက်စ်။

နွေရာသီမှာ အေစီမီလန်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာပြီးနောက်ပိုင်း ဘာစီလိုနာအသင်းမှာ ဖရန့် ကီဆယ် ရှိနေတာကနေလွဲပြီး အိုင်ဗရီကို့စ်သားဟာ ပွဲထွက်ခွင့် ဆုံးရှုံးခဲ့ရတဲ့ အချိန်တွေအတွက် ပြင်ဆင်ဖို့ ဆုံးဖြတ်ထားပါတယ်။

နီဗက်စ်ဟာ ကစားသမားကောင်းတစ်ဦး ဖြစ်ပေမယ့် ဘာစီလိုနာအသင်း အနေနဲ့ အကောင်းဆုံးကွင်းလယ်ကစားသမားတစ်ဦးရှိပြီး ဖြစ်နေပေမယ့် သူ့အတွက် ယူရို ၄၃ သန်း ပေးချေခြင်းဟာ ကမ္ဘာ့ဘောလုံးလောကမှာ မိုက်မဲတယ်လို့ပဲ ပြောရမှာပါ။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment