Hojlund နဲ့ ယူနိုက်တက် အပြောင်းအရွှေ့ ။

Hojlund to Man United
July 26, 2023

အတ္တလန် ကြယ်ပွင့် Rasmus Hojlund [ ရာ့စ်မတ်စ် ဟော့ချ်လန်း ] နဲ့  ယူနိုက်တက် အပြောင်းအရွှေ့ ။

Hojlund [ ရာ့စ်မတ်စ် ဟော့ချ်လန်း ] ကို မန် ယူနိုက်တက် အသင်း ဘက်က ယူရို သန်း ၇၀ နီးပါး ရှိတဲ့ ကမ်းလှမ်းမှု နဲ့အတူ အတ္တလန်တာ အသင်းဆီ မကြာခင် ကမ်းလှမ်းသွားမှာ ဖြစ်ပြီး အပို ဆုကြေးနဲ့ဆို ယူရို ၇၅ သန်း နီးပါး ရှိမှာပါ။

Alfredo Pedulla ရဲ့ အဆိုအရ Atalanta အသင်းဘက်က သူတို့ အနေနဲ့ ဒီကမ်းလှမ်းမှုကို တရားမျှတစွာ စဉ်းစားပြီး အပြောင်းအရွှေ့ အတွက် ရှေ့ဆက်ဖို့ မီးစိမ်းပြမှာ ဖြစ်ကြောင်း အစီရင် ခံစာ ဖော်ပြခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

လူငယ် တိုက်စစ်မှူး Hojlund [ ရာ့စ်မတ်စ် ဟော့ချ်လန်း ] အတွက် ပြောင်းရွှေ့ကြေး။

ဒိန်းမတ် ကြယ်ပွင့်  Hojlund [ ရာ့စ်မတ်စ် ဟော့ချ်လန်း ] အတွက် Man Utd ဆီက Atalanta အသင်းဘက်က မည်သည့် ပြောင်းရွှေ့ကြေးကို တောင်းဆိုမယ် ဆိုတာနဲ့ ပတ်သက်ပြီး အချေအတင် ဆွေးနွေးမှုများ ရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း ကစားသမား အတွက် ပြောင်းရွှေ့ကြေး ပမာန အနေနဲ့ ယူရို ၈၅ သန်း စျေးနှုန်း ပြောဆိုမှုကတော့ အခြေအမြစ် မရှိကြောင်း အီတလီ အားကစား ဂျာနယ်လစ် Pedulla က  ဖော်ပြခဲ့ပါတယ်။

Hojlund at Denmark

ဒိန်းမတ် ကြယ်ပွင့် ဟော့ချ်လန်း။

အသက် ၂၀ အရွယ်ရှိ Rasmus Hojlund [ ရာ့စ်မတ်စ် ဟော့ချ်လန်း ] သည် Man Utd နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားပြီ ဖြစ်ပြီး ပရီးမီးယားလိဂ် ကလပ်သို့ ပြောင်းရွှေ့လိုကြောင်း ရှင်းလင်း ပြောကြားခဲ့ပါတယ်။

ထိပ်တန်း တိုက်စစ်မှူး တစ်ဦး လိုအပ်နေတဲ့ ယူနိုက်တက်။

မန်ချက်စတာ ယူနိုက်တက် တို့ဟာ အသင်းရဲ့ တိုက်စစ်ပိုင်း အားဖြည့်ဖို့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် မှာ ထိပ်တန်း တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူဖို့  ဦးစားပေး လုပ်ဆောင်နေပါတယ်။

သူတို့ ရဲ့ တိုက်စစ်ပိုင်း ဖြည့်တင်းဖို့ မျက်စိကျနေတဲ့ ထိပ်တန်း ပစ်မှတ် နှစ်ခုကတော့ တော့တင်ဟမ် ဟော့ စပါး ရဲ့ ဟယ်ရီကိန်း နဲ့ အီတလီ စီးရီးအေ ချန်ပီယံ နာပိုလီ ရဲ့ ဗစ်တာ အိုစီမှင် တို့  ပဲ ဖြစ်ပါတယ်။

Hojlund scored 15 goals for Denmark and Atlanta

ဟော့ချ်လန်းဟာ ဒိန်းမတ်နဲ့ အတ္တလန်တာ အသင်းတွေအတွက် ၁၅ ဂိုးသွင်းယူထားပါတယ်။

သို့သော်လည်း ကစားသမား နှစ်ဦးစလုံးသည် သူတို့ အနေနဲ့ ပေးချေဖို့ ပြင်ဆင်ခြင်း မရှိတဲ့ ပမာဏ သန်း ရာဂဏန်း ကုန်ကျမည် ဖြစ်ကြောင်း မကြာသေးခင်က မန်ချက်စတာ ယူနိုက်တက်က  လက်ခံခဲ့ပါတယ်။

ရလဒ် အနေ နဲ့ Hojlund [ ရာ့စ်မတ်စ် ဟော့ချ်လန်း ] ကို သူတို့ရဲ့ ထိပ်တန်း တိုက်စစ်မှူး အဖြစ် ပစ်မှတ် ထားနေပြီး အသက် ၂၀ အရွယ် ဒိန်းမတ်သား က ‘အယ်လိန်း ဟာလန်း လက်သစ်’ အဖြစ် တံဆိပ်တပ်ခြင်း ခံထားရတာပါ။

၂၀၂၃ ပြက္ခဒိန် နှစ်အတွင်း Hojlund [ ရာ့စ်မတ်စ် ဟော့ချ်လန်း ] ရဲ့ စွမ်းဆောင်ရည်။

လူငယ် ကစားသမား ရာ့စ်မတ်စ် ဟော့ချ်လန်း အနေနဲ့ ဥရောပ ဘောလုံးလောကမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး လူငယ် ပါရမီရှင် တစ်ဦးအဖြစ် 2023 ခုနှစ်မှာ တဟုန်ထိုး တိုးတက်လာခဲ့တာပါ။

သူဟာ ဒီပြက္ခဒိန်နှစ်မှာ ကလပ်အသင်း နဲ့ နိုင်ငံအတွက် ၁၅ ဂိုး သွင်းယူထားပြီး ဖေဖော်ဝါရီလတုန်းကမှ အသက် ၂၀ ပြည့်ခဲ့တာ ဖြစ်ပြီး Haaland လိုပဲ သူရဲ့ အရပ်အမောင်းက ၆ ပေ ၄ လက်မ အနေအထား ရှိနေပါတယ်။

နောက်ထပ် တိုက်စစ် မှူး Haaland နဲ့ တူတာက ဟော့ချ်လန်းဟာ  အကောင်းဆုံး ပုံစံ ရရှိနေတဲ့ ဘယ်သန် ကစားသမား တစ်ဦး ဖြစ်ပြီး ဘောလုံး နဲ့အတူ အကောင်းဆုံး ပြေးလွှားနိုင်တဲ့ စွမ်းရည်လည်း ရှိပါတယ်။

Hojlund Atlanta coach

ဟော့ချ်လန်းကို ချီးကျူးထားတဲ့ အတ္တလန်တာ နည်းပြ။

လွန်ခဲ့သော လအနည်းငယ်က Atalanta နည်းပြ Gian Piero Gasperini ကိုယ်တိုင်က ဟော့ချ်လန်း နဲ့ပက်သက်လို့  

” Hojlund မှာ ဒီစိတ်ဓာတ်၊ စွမ်းအင်၊ ပြင်းထန်မှု၊ ဒါပေမယ့် မှတ်သားလောက်စရာ နည်းပညာပိုင်းဆိုင်ရာ အရည်အသွေးလည်း ရှိပါတယ်။ သူ့မှာ တိုးတက်မှုတွေ အများကြီးရှိနေတုန်းပါပဲ။ “

သူ့မျက်နှာတင်မကဘဲ Haaland နဲ့ အရမ်းဆင်တူတဲ့ လက္ခဏာတွေရှိပါတယ်။ “သူက အရမ်း မြန်တယ်၊ သူက  မီတာ ၁၀၀ ကို ၁၁ စက္ကန့်အောက်ပါပဲ။ ဒါတောင် အရမ်းမကြိုးစားရသေးဘူး။” လို့ နှိုင်းယှဥ် ပြောဆိုထားပါတယ်။

ဖီအိုရင်တီးနားမှ ကွင်းလယ်ကစားသမား ဆိုဖီယန်အမ် ဘာဘတ်ကို ယူရိုသန်း၃၀ ဖြင့် အပြီးသတ် ပြောင်းရွှေ့ရန် မျှော်လင့်ထားတာကြောင့် ယူနိုက်တက်အတွက် အလုပ်များ‌စေတဲ့ သီတင်းပတ်ပါပဲ။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment