Mohammed Kudus က အာဆင်နယ်ကို ပြောင်းရွှေ့လို။

Mohammed Kudus wants to move to Arsenal
July 27, 2023

အေဂျက် ကွင်းလယ်လူ Mohammed Kudus [ မိုဟာမက် ကူဒူးစ် ] က အာဆင်နယ်ကို သာ ပြောင်းရွှေ့လို။

Mohammed Kudus [ မိုဟာမက် ကူဒူးစ် ] အနေ နဲ့ ချဲလ်ဆီး အသင်းထက် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိထားတဲ့ အာဆင်နယ် အသင်းဆီ သာ ပြောင်း‌ရွှေ့ ဖို့ ပြင်းပြင်းထန်ထန် လိုလားကြောင်း ဖော်ပြခဲ့ပါတယ်။

ချန်ပီယံလိဂ် ဘောလုံး ပြိုင်ပွဲမှာ ပါဝင်ကစားဖို့က Mohammed Kudus [ မိုဟာမက် ကူဒူးစ် ] ရဲ့  ဆုံးဖြတ်ချက် ဖြစ်ပြီး ဂန်းနားများ နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ စည်းမျဉ်းများတွင် ပြဿနာ ရှိမည် မဟုတ်ကြောင်း ပြောဆိုထားပြီး ဖြစ်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

လက် ရှိ အေဂျက်စ် အသင်းကနေ ထွက်ခွာချင်နေတဲ့ Mohammed Kudus [ မိုဟာမက် ကူဒူးစ် ]။

အေဂျက် စ် အသင်းရဲ့ ဂါနာ ကြယ်ပွင့် Mohammed Kudus [ မိုဟာမက် ကူဒူးစ် ] ဟာ ချဲလ်ဆီးအသင်း ကို ပြောင်းရွှေ့ဖို့ ပျော်ရွှင်မယ် လို့ သတင်းတွေ ထွက်ပေါ်နေပြီး ဒါဟာ မှန်ကန်တာမျိုး လည်း ဖြစ်နိုင်ပါတယ်။

ဒါပေမယ့်လည်း ကလပ် အသင်း နှစ်ခုကြား အရှုပ်အရှင်း တွေ နဲ့ ဝေခွဲရ ခက်လာတာမျိုး ဖြစ်လာခဲ့ရင် မြောက်လန်ဒန် ကလပ် အာဆင်နယ် အသင်းဆီ ကို သွားဖို့ ပိုကောင်းမယ်လို့ ယူဆရပါတယ်။

Mohammed Kudus is at Ghana

ဂါနာကြယ်ပွင့် ကူဒူးစ်။

လက်ရှိ အေဂျက်စ် အသင်းဘက်က ဂါနာ လူငယ် ကစားသမား Mohammed Kudus [ မိုဟာမက် ကူဒူးစ် ]  ကို အသင်း မှာ ဆက်လက် ထိန်းထား ဖို့ အကောင်းဆုံး ကြိုးစားနေပေမယ့် ဒီ အပြောင်းအရွှေ့ မှာ အသင်းကနေ ထွက်ခွာဖို့ ကြိုးစားနေတာပါ။

ပြောင်းရွှေ့ကြေးအတွက် ကစားသမား တချို့ ရောင်းချသွားရမယ့် အာဆင်နယ်။

အာဆင်နယ် အသင်းသည် အသက် ၂၂ နှစ် အရွယ်ရှိ ကူဒူးစ် ကို ခေါ် ယူဖို့ အပေါင်း လက္ခဏာ ပြနေပေမယ့် ငွေကြေး ပမာဏများစွာသုံးစွဲထားပြီး ဖြစ်တာကြောင့် သူတို့ ရဲ့ ကစားသမား အချို့ကို ရောင်းထုတ်မှပဲ ခေါ် ယူနိုင်မှာ ဖြစ်ပါတယ်။

မိုဟာမက် ကူဒူးစ် ကို ခေါ် ယူဖို့  မန်ချက်စတာ ယူနိုက်တက် အသင်းဘက်ကလည်း ချိတ်ဆက်ထားပြီး နည်းပြ Erik ten Hag က သူ့ကို Rasmus Hojlund ရဲ့ အခြား ရွေးချယ်စရာ အဖြစ် သိမြင်ထားပြီး ဖြစ်ပါတယ်။

Mohammed Kudus is at Ajax

ကူဒူးစ်က အေဂျက်စ်ကနေ ထွက်ခွာချင်နေပါတယ်။

အာဆင်နယ်အသင်း အနေနဲ့ ကစားသမား ရောင်းချမှု မှတစ်ဆင့် ပေါင်သန်း ၆၀ အထိ မျှော်လင့်နိုင်မှာပါ။ – ကီရန် တီယာနေး နဲ့ ‌ဖယ်လိုရင် ဘာလိုဂန် တို့ကို ပြောင်းရွှေ့ ဖို့ အချိန်ယူရမယ် လို့  ယူဆရပါတယ်။

ဂါနာသား Mohammed Kudus [ မိုဟာမက် ကူဒူးစ် ] က Antony ထက် ပိုကောင်းပါတယ်။

ကူဒူးစ်က မန်ယူ ကို မပြောင်းမီ အေဂျက်စ် တွင် Kudus ရဲ့ အသင်းဖော် ဖြစ်ခဲ့တဲ့ ဘရာဇီးလ် တောင်ပံ ကစားသမား အန်တိုနီထက် ပိုကောင်းတယ် လို့ နယ်သာလန် ဂန္တဝင် မာကို ဗန်ဘတ်စတန် ကယုံကြည်နေပါတယ်။

Van Basten က “ မိုဟာမက် ကူဒူးစ် က Antony ထက် အများကြီး ပိုကောင်းတဲ့  ကစားသမား တစ်ယောက် လို့ ကျွန်တော်ထင်ပါတယ်။ ကူဒူးစ်မှာ ပိုကောင်းတဲ့ နည်းစနစ် ကစားဟန် ရှိနေပါတယ်။ ”

“ သူဘာလုပ်နေလဲဆိုတာ သူသိတယ်။ Antony က ပိုမြန်နိုင်ပေမယ့် Kudus က ပိုစမတ်ကျပြီး နည်းပညာပိုင်း ပိုကောင်းပါတယ်။ “ သူဟာ ဘောလုံးသမား ဆိုတာထက်ကို အများကြီးသာတယ်၊ သူ့ကို ဘယ်နေရာမှာမဆို အသုံးပြု ကစားနိုင်ပါတယ်။ ”

Mohammed Kudus is better than Anthony

ကူဒူးစ်က အန်တိုနီထက် ကောင်းတယ်လို့ မှတ်ချက်ပြုထားပါတယ်။

“ အသင်းအတွက် အရမ်း အကျိုးရှိတဲ့ ကစားသမားပါ။ တကယ်တော့ အန်တိုနီထက် သူ့ကို ပိုသဘောကျတယ်။ သူ့ကစားပုံကိုကြည့်ရတာ ပိုပြီး ပျော်စရာကောင်းတယ်။ ” လို့ ချီးကျူး ပြောဆိုထားပါတယ်။

Kudus ဟာ ပြီးခဲ့တဲ့ ရာသီက အဲဗာတန်ကို ပြောင်းရွှေ့လု နီးပါး ဖြစ်ခဲ့ပေမယ့် ပြောင်းရွှေ့မှုဟာ ဘယ်တော့မှ ဖြစ်မလာခဲ့ပါဘူး။ အခုချိန်မှာတော့ သူဟာ ပရီးမီးယားလိဂ် က တခြား ကလပ် အသင်းတွေကို ပြောင်းရွှေ့ ဖို့ ချိတ်ဆက်နေပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment