Frenkie de Jong 8 ကို လက်လျှော့လိုက်တဲ့ ယူနိုက်တက်။

Frenkie de Jong 8 will not be Man U player
July 25, 2023

ယူနိုက်တက် အသင်းဟာ Frenkie de Jong 8 [ ဖရန့်ကီ ဒီ ဂျောင် ] ကို လက်လျှော့လိုက်ပါပြီ။

Frenkie de Jong 8 [ ဖရန့်ကီ ဒီ ဂျောင် ] ကို ခေါ် ယူဖို့ အချိန်အတော်ကြာ ချိတ်ဆက်ခဲ့ပေမယ့် မန် ယူနိုက်တက် အသင်းဘက်က သူ့ ကို ခေါ် ယူဖို့ တရားဝင် လက်လျှော့လိုက်ပြီ လို့ စပိန် မီဒီယာတွေက ဖော်ပြ ခဲ့ပါတယ်။

နည်းပြ အဲရစ် တန်ဟက်ဂ် ယူနိုက်တက် အသင်း ကို ရောက်လာကတည်းက နယ်သာလန် ကြယ်ပွင့် Frenkie de Jong 8 [ ဖရန့်ကီ ဒီ ဂျောင် ] ကို ခေါ်ယူဖို့ ယူနိုက်တက် တို့ ကြိုးစားနေခဲ့တာ ဖြစ်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

သဘောတူညီမှု တစ်ခု ရရှိခဲ့ဖူးတဲ့ ဒီဂျောင် နဲ့ ယူနိုက်တက်။

ပြီးခဲ့တဲ့ နွေရာသီက ယူနိုက်တက် နဲ့ ဘာစီလိုနာတို့ဟာ သူ့ ရဲ့ အပြောင်းအရွှေ့ အတွက် သဘောတူညီမှု တစ်ခု ရရှိထားခဲ့ပေမယ့် နောက်ဆုံးမှာတော့ သဘောတူညီမှုက အရောင် မှိန်သွားခဲ့ပါတယ်။

ဒီဂျောင်သည် အေဂျက်စ် ကစားသမား ကာလ အတွင်း Ten Hag လက်အောက်တွင် အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး နည်းပြဟောင်း နဲ့ ပြန်လည် ပေါင်းစည်း ဖို့ စိတ်ဝင်စားမှုကို မြင်တွေ့ရခြင်းမှာ အံ့သြစရာ မဟုတ်ပါ။

Frenkie de Jong 8 vs Erik Ten Hag

အေဂျက်မှာတုန်းက တန်ဟက်ဂ်နဲ့ ဒီဂျောင်။

ဘာစီလိုနာ အသင်းဟာ သူတို့ရဲ့ စီးပွားရေး အခြေအနေ ကြောင့် နောက်ဆုံးမှာ Frenkie de Jong 8 [ ဖရန့်ကီ ဒီ ဂျောင် ] ကို စွန့်ခွာဖို့ တွန်းအားပေး ခံရမယ် ဆိုတဲ့ ခံစားချက်က အမြဲတမ်း ရှိနေခဲ့ပါတယ်။

အကောင်အထည် မဖော်နိုင်ခဲ့တဲ့ Frenkie de Jong 8 [ ဒီ ဂျောင် ] နဲ့ မန်ယူတို့ အပြောင်းအရွှေ့ ။

အမှန် တကယ်တော့ ယူနိုက်တက် အသင်း နဲ့ အသက် 26 နှစ်အရွယ်ရှိ Frenkie de Jong [ ဖရန့်ကီ ဒီ ဂျောင် ] တို့ ရဲ့ ချိတ်ဆက်မှုများသည် 2022 တွင် မှေးမှိန် သွားပေမယ့် လုံးဝကြီး ပြတ်တောက်သွားခြင်းတော့ မရှိပါဘူး။

ယခု တစ်ကြိမ်တွင် အပြောင်းအရွှေ့ နဲ့ ပတ်သက်သည့် ကောလာဟလတွေ တစ်စ တစ်စ  ထွက်ပေါ်လာပေမယ့် Ten Hag အနေနဲ့ ခံစစ် ကွင်းလယ် ကစားသမား အတွက် စျေးကွက်မှာ ရှာဖွေနေတုန်းပါပဲ။

မန်ယူနဲ့ တွေ့ဆုံခဲ့တုန်းက ဒီဂျောင်။

ပြီးခဲ့တဲ့ နှစ်တုန်းက ခိုင်မာသော အပြောင်းအရွှေ့  လှုပ်ရှားမှုကတော့ အကောင်အထည် မပေါ်ခဲ့ပါဘူး။ ဒါက မန်ချက်စတာ ကလပ်ရဲ့ ကန့်သတ် ဘတ်ဂျက်ကြောင့် ဖြစ်နိုင်တယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ အနေနဲ့ အခု အခါ Fiorentina ရဲ့ မော်ရိုကို ကြယ်ပွင့် Sofyan Amrabat ကို အာရုံစိုက်နေပြီး ဒီ ဂျောင် အပေါ်  သူတို့ ရဲ့  စိတ်ဝင်စားမှု ကို စွန့်လွှတ်လိုက်ပြီ ဖြစ်ပါတယ်။

မန် ယူနိုက်တက် ဘက်က Frenkie de Jong 8 [ ဖရန့်ကီ ဒီ ဂျောင် ] အပေါ်  လက်လျှော့လိုက်ပြီ။

သူဟာ လာမည့် ရာသီအတွက် ဘာစီလိုနာ အသင်းခေါင်းဆောင် လေးဦး အနက်မှ တစ်ဦးအဖြစ် သတ်မှတ်ခံရပြီးနောက် မန်ချက်စတာ ယူနိုက်တက် အနေနဲ့ နောက်ဆုံးမှာ အရိပ်အမြွက် ကို နားလည်လိုက်ပါတယ်။

တန်ဟက်ဂ်ရဲ့ ယူနိုက်တက် အသင်းဘက်က Frenkie de Jong 8 [ ဖရန့်ကီ ဒီ ဂျောင် ] ကို ထပ်မံ မချိတ်ဆက်တော့ကြောင်း အားကစား မီဒီယာ Mundo Deportivo ရဲ့ ပြောကြားချက် အရ သိရပါတယ်။

” မန်ချက်စတာ ယူနိုက်တက်က သူ့ကို ခေါ် ယူနိုင်ဖို့ ကြားခံလူတွေကနေ တစ်ဆင့် အနည်းဆုံး လွန်ခဲ့တဲ့ ရက်တွေအထိ ကြိုးစားပြီးရင်း ဆက်ကြိုးစားခဲ့ပါတယ်။  အဲဒါက Erik Ten Hag ရဲ့ စွဲလမ်းမှု တစ်ခုပါပဲ။ “

ဒါပေမယ့်လည်း အခုအချိန်မှာတော့ ”  ဘာစီလိုနာမှာပဲဖြစ်ဖြစ်၊ နည်းပြ (Ten Hag) က သူ့ကို (ဒီဂျောင်) ကို အားကိုးလို့ မရတော့ဘူးလို့ သူတို့ပြောနေကြတာပါ။ ” လို့ စပိန် သတင်းစာ တစ်စောင်က ရေးသားခဲ့ပါတယ်။

လွန်ခဲ့သည့် ရက်သတ္တပတ် အနည်းငယ်က Joan Laporta သည် ပြီးခဲ့သည့် နွေရာသီက ဘာစီလိုနာ၏ ဒီဂျောင်၏ ရပ်တည်ချက်ကို အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။

လာပေါ်တာက ” ဒီဂျောင်အတွက် ယူရို သန်း 100 နဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပေမယ့် ဒီကမ်းလှမ်းမှုကို ကျွန်တော်တို့ လက်မခံနိုင်ခဲ့ပါဘူး။ ” လို့ ပြောဆိုခဲ့ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment