Eriksen နဲ့ တွဲကစားဖို့ ရော်နယ်ဒို နှစ်သက်မှာပါ။

Christian Eriksen at Man United
July 19, 2022

ရော်နယ်ဒိုဟာ Christian Eriksen [ ခရစ္စတီယန် အဲရစ်ဆင် ] နဲ့ တွဲကစားဖို့ နှစ်သက်မှာပါ။

Eriksen [ ခရစ္စတီယန် အဲရစ်ဆင် ] နဲ့ ယူနိုက်တက် အသင်းမှာ တွဲကစားဖို့ တိုက်စစ်မှူး ရော်နယ်ဒို ‌အနေနဲ့ နှစ်သက် သဘောကျလိမ့်မယ်လို့ ယုံကြည်ပါတယ်။

နည်းပြ အဲရစ်တန်ဟတ် ဟာ ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ဆင်ကို ခေါ်ယူခွင့် ရရှိခြင်းအတွက် သူ့ရဲ့ ပျော်ရွှင်မှုကို ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ အဆိုပါ အပြောင်းအရွှေ့ဟာ ယူနိုက်တက် ပရိတ်သတ်တွေသာမက သူတို့ရဲ့ တိုက်စစ်မှူးကိုပါ စိတ်လှုပ်ရှားစေမယ်လို့ ယုံကြည်နေပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ယူနိုက်တက်တို့ရဲ့ ဒီရာသီ ကစားသမားသစ် - Christian Eriksen [ အဲရစ်ဆင် ]

ကွင်းလယ် ကစားသမား အဲရစ်ဆင်ဟာ ဘရန့်ဖို့ဒ်အသင်းမှာ သူ့ရဲ့ ကာလတို စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အိုးထရက်ဖို့ဒ်အသင်းနဲ့ ၃ နှစ် စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ အသက် ၃၀ အရွယ် ကစားသမားဟာ အရင်က တော့တင်ဟမ် ဟော့စပါးအသင်းကနေ ခေါ်ယူဖို့ ယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။

လက်ရှိမှာ ခရစ္စတီယာနို ရော်နယ်ဒိုဟာ အသင်းကနေ ထွက်ခွာဖို့ တွန်းအားပေးနေဆဲလို့ သိရပါတယ်။ နည်းပြသစ် အဲရစ်တန်ဟတ်ရဲ့ အဲရစ်ဆင်ကို ခေါ်ယူနိုင်ခြင်းဟာ ကစားသမားရဲ့ အတွေ့အကြုံနဲ့ အရည်အသွေးကြောင့် ကလပ်အသင်းရှိ လူတိုင်းကို အကျိုးပြုနိုင်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

Christian Eriksen at Brentford

ဘရန့်ထ်ဖို့ဒ် ကစားသမားဟောင်း ခရစ္စတီယန် အဲရစ်ဆင်။

ခရစ္စတီယန် အဲရစ်ဆင် [ Christian Eriksen ]  အပေါ် အဲရစ်တန်ဟတ်ရဲ့ မှတ်ချက်

“ သူဟာ ခမ်းနားတဲ့ ဘောလုံးကစားသမားတစ်ယောက်လို့ ကျွန်တော်ထင်ပါတယ်။ သူ့မှာ တီထွင်ဖန်တီးနိုင်မှု၊ အကြံဥာဏ်တွေရှိတာကြောင့် သူကစားတာကို ပရိတ်သတ်တွေ ‌ အနေနဲ့ ကြည့်ရှုရတာ နှစ်သက်ကြလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ”

“ အထူးသဖြင့် ကျွန်တော်တို့ရဲ့ တိုက်စစ်မှူးတွေဟာ ပွဲစဥ်မှာ ပါဝင် ကစားနိုင်တဲ့ သူဖြစ်တာကြောင့် ပျော်ရွှင်ကြလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ”

[ အဲရစ်ဆင် ] ကို ခေါ်ယူခြင်းက ရော်နယ်ဒိုကို ပျော်ရွှင်စေဖို့အတွက် လုံလောက်ပါသလား?

အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ လက်ရှိမှာ မိသားစု ပြဿနာတွေနဲ့ ကြုံတွေ့နေရာတာကြောင့် ယူနိုက်တက်အသင်းရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ ဒါ့အပြင် တိုက်စစ်မှူးဟာ အသင်းကနေ ထွက်ခွာဖို့ တောင်းဆိုထားတယ်လို့ သတင်တွေ ထွက်ပေါ်နေပြီး ရာသီကြို လေ့ကျင့်ရေးတွေ ပြန်စ,ဖို့ မရှိသေးဘူးလို့ သိရပါတယ်။

Christian Eriksen at Inter Milan

အင်တာမီလန် ကစားသမားဟောင်း ခရစ္စတီယန် အဲရစ်ဆင်။

ဂန္တဝင် တိုက်စစ်မှူးဟာ ယူနိုက်အသင်းမှာ တစ်နှစ်ကျော်ကြာ ကစားခဲ့ပြီး အခုအချိန်မှာ သူ့အနေနဲ့ ပထမဆုံးအကြိမ် ချန်ပီယံစ်လိဂ် ပြိုင်ပွဲကို လွဲချော်ရမှာ ဖြစ်တာကြောင့် စိတ်ပျက်စွာနဲ့ အသင်းကနေ ထွက်ခွာဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်‌ပေါ်နေတာပါ။ တခြား ဆုဖလားတွေ ယှဥ်ပြိုင်နိုင်တဲ့ အနေအထားမှာ ရှိနေတယ်လို့ ယုံကြည်မှု မရှိတာကြောင့်လည်း ပါမှာပါ။

[  ခရစ္စတီယန် အဲရစ်ဆင် ] Christian Eriksen ရဲ့ စွမ်းဆောင်ရည်

အထူးသဖြင့်၊ အသင်းအနေနဲ့ မကြာသေးခင် ရက်တွေအတွင်းက အဲရစ်ဆင်နဲ၊ နောက်ခံလူ တိုက်ရယ် မာလာစီယာနဲ့ လီဆန်ဒရို မာတီနက်ဇ်တို့ကို ခေါ်ယူထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုဟာ ကလပ်အသင်းရဲ့ ခေါ်ယူမှုအပေါ် စိုးရိမ်မိတယ်လို့ ဆိုပါတယ်။

သို့ပေမယ်လည်း ဘရန့်ဖို့ဒ် ကွင်းလယ်လူဟောင်း အဲရစ်ဆင်ကို ခေါ်ယူလိုက်တာဟာ ယူနိုက်တက် အသင်းအတွက် လမ်းကြောင်းမှန်ပေါ် ခြေလှမ်းတစ်လှမ်း ဖြစ်ပါတယ်။

စွယ်စုံရ ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်ပွဲစဥ် ၁၁ ပွဲရဲ့ သွင်းဂိုး ၅ ဂိုး အပါအဝင် ကစားခဲ့တဲ့ ပွဲပေါင်း ၅၀၀ ကျော်မှာ သွင်းဂိုး ၂၀၀ နီးပါး သွင်းယူထားနိုင်ပါတယ်။

Christian Eriksen at Denmark National Team

ဒိန်းမတ်ကွင်းလယ်ကစားသမား အဲရစ်ဆင်။

နည်းပြသစ် တန်ဟတ် ပြန်လည်တည်ဆောက်နေတဲ့ ယူနိုက်တက်

အဲရစ် တန်ဟတ်ဟာ စိတ်ပျက်စရာ ၂၀၂၁ -၂၀၂၂ ရာသီကို ကြုံတွေခဲ့ရတဲ့ ယူနိုက်တက်အသင်းကို အကောင်းဆုံး ပုံစံနဲ့ ပြန်လည်တည်ဆောက်ဖို့ ကြိုးစားနေကြောင်း ပြောဆိုခဲ့ပါတယ်။ အဲ့အထဲမှာ ကမ္ဘာ့အဆင့်မီ ကွင်းလယ်ကစားသမားတစ်ဦးကို ခေါ်ယူဖို့အတွက် ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်လူ ဖရန့်ကီ ဒီဂျောင်ကို ခေါ်ယူဖို့ ထိပ်တန်း ပစ်မှတ်အဖြစ် ကာလကြာရှည် ဦးတည်နေခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုကို စိတ်ဝင်စားမှုဟာ သူထင်ထားတာထက် ပိုကန့်သတ်ထားပုံရပါတယ်။ ဒါကြောင့်မို့ ပေါ်တူဂီ ကြယ်ပွင့်ဟာ အဲရစ်ဆင်ကို ချီးကျူးစကားဆိုထားတဲ့ နည်းပြ တန်ဟတ်ရဲ့ ကစားကို နားထောင်ပြီး ကလပ်အသင်းနဲ့ လက်တွဲလုပ်ဆောင်ခြင်းကနေ အကျိုးကျေးဇူး ရရှိနိုင်ပါတယ်။

ဒီအလွတ်ပြောင်းရွှေ့ကြေးက မျှော်လင့်ထားသလို ခေါ်ယူမှုမျိုး မဟုတ်ပါဘူး။ သို့ပေမယ့် အဲရစ်ဆင်လို အတွေ့အကြုံရှိ ထိပ်တန်း ကွင်းလယ်ကစားသမားတစ်ဦးကို ခေါ်ယူနိုင်ခြင်းက ယူနိုက်တက်နဲ့ ရော်နယ်ဒိုတို့ လိုချင်တဲ့ ထိပ်တန်းအဆင့်ကို ရောက်အောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment