Lewandowski အပြောင်းအရွှေ့ရဲ့ ကောင်း /ဆိုးကျိုး

Lewandowski to Barcelona
July 20, 2022

[ ရိုဘတ် လီဝန်ဒေါစကီး ] Robert Lewandowski ဘာစီလိုနာကို ပြောင်းရွှေ့လာခြင်းရဲ့ အကျိုးဆက်

Lewandowski [ လီဝန်ဒေါစကီး ] ဟာ ‌ဗုဒ္ဓဟူးနေ့က ဘိုင်ယန်မြူးနစ်အသင်းကနေ ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ နဲ့ အပြီးသတ် ပြောင်း‌ရွှေ့ခဲ့ပြီးနောက် ဘာစီလိုနာ ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။

ပိုလန်လက်ရွေးစင်ဟာ ဘွန်ဒက်လီဂါချန်ပီယံအသင်းကနေ ထွက်ခွာလိုတဲ့ ဆန္ဒကို လူသိရှင်ကြား ထုတ်ဖော်ပြသခဲ့ပြီး အသင်းနဲ့ ဇာတ်လမ်းကို အဆုံးသတ်လိုက်ပါပြီ။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဂျာမန်ကလပ်ဟာ သူ့ကို ဆက်ထိန်းထားဖို့ ကြိုးစားခဲ့ပေမယ့် တိုက်စစ်မှူးဟာ ပိုလန်လက်ရွေးစင်အသင်းတာဝန် ထမ်းဆောင်နေစဥ်အတွင်း “ဘိုင်ယန်မြူးနစ်ရဲ့ခေတ်က ကုန်ဆုံးသွားပြီ” လို့ ပြောလိုက်ပါတယ်။ ဒါက အသင်းရဲ့ ပရိတ်သတ်တွေကို အတော်လေး ဒေါသထွက်စေခဲ့ပါတယ်။

လီဝန်ဒေါစကီး [ Robert Lewandowski  ] အပြောင်းအရွှေ့ရဲ့ ကောင်းကျိုး — ဒေါ့မွန်နှင့် အာဘီ လိုက်ပ်ဇစ်

တိုက်စစ်မှူးရဲ့ ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာမှုဟာ ဂျာမန်ထိပ်သီးပြိုင်ပွဲအတွက် အံ့ဩဖွယ်သတင်းပါပဲ။ ဘိုင်ယန်မြူးနစ်အသင်းဟာ ၂၀၂၁-၂၀၂၂ ရာသီတုန်းက သူတို့ရဲ့ ၁၀ ကြိမ်မြောက် ဘွန်ဒက်လီဂါ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး လိဂ်ပြိုင်ပွဲ လွှမ်းမိုးမှုကို သက်သေပြခဲ့ပါတယ်။

သို့သော်လည်း လီဝန်ဒေါစကီး ထွက်ခွာသွားခြင်းက ဒေါ့မွန်နဲ့ RB လိုက်ပ်ဇစ်တို့ကို လမ်းဖွင့်ပေးနိုင်ပါတယ်။ ဆာဒီယိုမာနေးကို နွေရာသီမှာ ခေါ်ယူနိုင်ခဲ့ပေမယ့် အသင်းအနေနဲ့ ဥရောပ ပြိုင်ပွဲတွေမှာ ပန်းတိုင်မရှိတာကြောင့် အသင်းကနေ နှုတ်ထွက်တာဆိုရင်တော့ ကျိုးကြောင်းဆီလျော်ပါတယ်။

Lewandowski at Poland National Team

ပိုလန် လက်ရွေးစင် တိုက်စစ်မှူး လီဝန်ဒေါစကီး။

ဘွန်ဒက်စ်လီဂါ နောက်ဆုံးသုံးကြိမ်မှာ ၃၄ ဂိုးနဲ့ အထက် သွင်းယူထားနိုင်ခဲ့တဲ့ လီဝန်ဒေါစကီးကို အသင်းကနေ ဖယ်ထုတ်လိုက်တာဟာ လာမယ့်ရာသီတလျှောက် ဂိုးလျော့နည်းပြီး ရမှတ်တွေ ကျဆင်းသွားနိုင်ပါတယ်။

ရာသီကုန်မှာ ဟာလန်းကို ဆုံးရှုံးလိုက်ရပေမယ့် ဒေါ့မွန်၏ လိမ္မာပါးနပ်သော အပြောင်းအရွှေ့လုပ်ငန်းနဲ့ လိုက်ပ်ဇစ်ရဲ့  အထင်ကြီးလောက်တဲ့ပုံစံကို ပေါင်းစပ်ကာ ဘွန်ဒက်လီဂါဆုရှင်အသစ်အတွက် လမ်းဖွင့်ထားပြီး ဖြစ်ပါတယ်။

ပိုလန်သား [ Robert Lewandowski ] အပြောင်းအရွှေ့ကောင်းကျိုး — လာလီဂါ

၂၀၂၁ ခုနှစ်မှာ လီယွန်နယ် မက်ဆီ၊ ရာဖေးဗာရန်းနဲ့ ဆာဂျီယို ရာမို့စ်တို့ ထွက်ခွာမှုဟာ စပိန်ထိပ်သီးဘောလုံးလောကကို စိတ်ဝင်စားမှု ကျဆင်းသွားစေကြောင်း အချက်ပြခဲ့ပါတယ်။

နေမာဟာ အရင်ဦးဆုံး ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖို့ အသင်းကနေ ထွက်ခွာခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ရီးယဲလ်မက်ဒရစ်အသင်း ချန်ပီယံမဖြစ်ခင်အထိ စပိန်ကလပ်အသင်းတွေ ဗိုလ်လုပွဲ တက်ရောက်နိုင်ခြင်း မရှိတာ ၃ နှစ် ကြာခဲ့ပြီ ဖြစ်ပါတယ်။

ကြယ်ပွင့် ကစားသမားတွေ ထွက်ခွာသွားခြင်းနဲ့အတူ လိဂ်ရဲ့အရည်အသွေးကို မေးခွန်ထုတ်လာပေမယ့် Robert Lewandowski [ လီဝန်ဒေါစကီး ] ရောက်ရှိလာမှုဟာ စစ်မှန်တဲ့ ကမ္ဘာ့အဆင့်မီ ကစားသမားတစ်ဦးအဖြစ် အစားထိုးဝင်ရောက်လာတယ်လို့ ဆိုရပါမယ်။

Lewandowski against Barcelona

ဘာစီလိုနာအသင်းနဲ့ တွေ့ဆုံခဲ့စဥ်က လီဝန်ဒေါစကီး။

အကြောင်းအမျိုးမျိုးကြောင့် ကီလီယန်အမ်ပါပေ လာလီဂါကို ရောက်မလာနိုင်ခဲ့ပေမယ့် Robert Lewandowski [ လီဝန်ဒေါစကီး ] ကတော့ လာလီဂါ သမိုင်းကြောင်းကို ဆက်ထိန်းထားဖို့ ကူညီနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအကြား ချန်ပီယံဆုဖလားကို ထပ်မံရရှိဖို့ သေချာစေမှာ ဖြစ်ပါတယ်။

အပြောင်းအရွှေ့ရဲ့ ဆိုးကျိုး — ဘွန်ဒက်လီဂါ

ဒီအချိန်မှာ စပိန်လာလီဂါက ကမ္ဘာ့အဆင့် ထိပ်တန်း ကစားသမားတစ်ဦးကို ထပ်ပေါင်းထည့်ခွင့် ရလိုက်လို့ အနိုင်ရရှိသူ ဖြစ်ပေမယ့် တစ်ဖက်မှာ ထိပ်တန်းကစားသမားတစ်ဦးကို ဆုံးရှုံးလိုက်ရတဲ့ ဘွန်ဒက်လီဂါကတော့ အရှုံးသမားအဖြစ် ထင်ကျန်ရစ်ခဲ့မှာပါ။

ဟာလန်းနဲ့ လီဝန်ဒေါစကီးတို့ နွေရာသီမှာ အသီးသီး ထွက်ခွာသွားပြီးနောက် ပြိုင်ပွဲမှာ အသင်းရဲ့ ဦးဆောင်ဂိုးသွင်းသူ နှစ်ဦးမရှိတာကြောင့် မြင်တွေ့နေကျ ဂိုးတွေ ဆုံးရှုံးသွားမှာဖြစ်ပါတယ်။

သူ့ရဲ့ ထွက်ခွာသွားမှုက ကမ္ဘာ့ဘောလုံးလောကမှာ ဂျာမန်ထိပ်သီးအသင်းရဲ့ အဆင့်အတန်းအတွက် တကယ့် ထိုးနှက်ချက်တစ်ခု ဖြစ်ပါတယ်။ အဲ့ဒါဟာ ဥရောပရှိ ဘိုင်ယန်မြူးနစ်အသင်းရဲ့ တာဝန်ခံမှုကိုလည်း ‌အားနည်းစေမှာ ဖြစ်ပြီး UEFA ရဲ့ အဆင့်သတ်မှတ်ချက်ကို နိမ့်ကျစေနိုင်ပါတယ်။

Lewandowski at Bayen Munich

ဘိုင်ယန်မြူးနစ် တိုက်စစ်မှူးဟောင်း လီဝန်ဒေါစကီး။

အပြောင်းအရွှေ့ရဲ့ ကောင်းကျိုး — ဇာဗီ

ဘာစီလိုနာတစ်သင်းလုံးအနေနဲ့ တိုက်စစ်မှူးကို ခေါ်ယူခြင်းကနေ ကြီးမားတဲ့ အကျိုးအမြတ် ရရှိမှာ ဖြစ်ပေမယ့် နည်းပြ ဇာဗီကတော့ ပိုပြီး အကျိုးအမြတ်ရမှာပါ။ ရာသီအလယ်ပိုင်း ဇာဗီ ရောက်ရှိလာချိန်မှာ အသင်းကို တည်ငြိမ်အောင် ထိန်းထားပေမယ့် သူ့ရဲ့ ရမှတ်တွေဟာ တကယ်ပဲ အထင်ကြီးလောက်စရာ မရှိခဲ့ပါဘူး။ ဒါ့အပြင် ဘာစီလိုနာရဲ့ အခြေအနေဆိုးတဲ့ ရာသီတစ်ခုလည်း ဖြစ်ခဲပါတယ်။

ပိုလန်တိုက်စစ်မှူးကို ထည့်သွင်းခြင်းက အသင်းနဲ့ နည်းပြ ဇာဗီရဲ့ ဂုဏ်သတင်းကို ကြီးကြီးမားမား ကူညီပေးမှာ ဖြစ်ပါတယ်။ ပြီးတော့ သူဟာ နည်းပြရဲ့ အသေးစိတ်ပုံစံနဲ့ ကိုက်ညီတဲ့ နည်းဗျူဟာ ဖွဲ့စည်းပုံကို အကောင်အထည် ဖော်နိုင်စေဖို့ သေချာနေပြီ ဖြစ်ပါတယ်။

အပြောင်းအရွှေ့ရဲ့ ဆိုးကျိုး — အော်ဘာမီယန်း

၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ အာဆင်နယ်ကနေ ရောက်ရှိလာခဲ့တဲ့ ပီယဲ အမ်းမရစ်ခ် အော်ဘာမီယန်းဟာ နူးကမ့်မှာ ပထမခြောက်လအတွင်း အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ သို့ပေမယ့် အခုအခါမှာတော့ လီဝန်ဒေါစကီးနဲ့ အစားထိုးဖို့ စီစဥ်နေပြီလို့ သိရပါတယ်။

လာ မေရှား အကယ်ဒမီထွက် အန်ဆု ဖာတီအပါအဝင် တိုက်စစ်ပိုင်းမှာ ရွေးချယ်စရာ များစွာရှိတာကြောင့် ဂါဘွန်လက်ရွေးစင် အနေနဲ့ အရန်ကစားသမား ဖြစ်သွားနိုင်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment