Edmond Tapsoba နဲ့ အာဆင်နယ် အပြောင်းအရွှေ့။

Edmond Tapsoba to Arsenal
July 16, 2022

အာဆင်နယ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ နောက်ခံလူ Edmond Tapsoba [ အက်ဒ်မောင့် တပ်ဆိုဘာ ]

Edmond Tapsoba [ အက်ဒ်မောင့် တပ်ဆိုဘာ ] ကို အာဆင်နယ်အသင်းက ယူရို သန်း ၅၀ နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

လန်ဒန်ကလပ်အသင်းဟာ လေဗာကူဆင် ကြယ်ပွင့် အက်ဒ်မောင့် တပ်ဆိုဘာကို ဒီနွေရာသီ အပြောင်းအရွှေ့ မကုန်ခင် ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဂန်းနားတို့ ခေါ်ယူချင်နေတဲ့ Edmond Tapsoba [ အက်ဒ်မောင့် တပ်ဆိုဘာ ]

ဂန်းနားအသင်းဟာ ‌ဒီနွေရာသီ အပြောင်း‌အရွှေ့ ကာလမှာ တိုက်စစ်မှူး ဂါဘရီယယ် ‌ဂျေဆပ်ကို ခေါ်ယူပြီးနောက် ခံစစ်ပိုင်းအတွက် ဗဟိုနောက်ခံလူသစ် တစ်ဦးကို ‌ထပ်မံ ခေါ်ယူဖို့ ဦး‌စားပေးလုပ်ဆောင်နေပါတယ်။

သူတို့ရဲ့ အဓိက ပစ်မှတ် နောက်ခံလူက လီဆန်ဒရို မာတီနက်ဇ် ဖြစ်ပေမယ့် အေဂျက်စ် ဗဟိုခံစစ် ကစားသမားဟာ အခုချိန်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ်ချုပ်ဖို့ နောက်ဆုံး အဆင့်အထိ ခရီးရောက်နေပြီ ဖြစ်ပါတယ်။

Edmond Tapsoba at Bayer Leverkusen

အာဆင်နယ်က အလိုရှိနေတဲ့ နောက်ခံလူ။

ဒါ့ကြောင့်မို့ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီက ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့ နောက်ခံလူ Edmond Tapsoba [ အက်ဒ်မောင့် တပ်ဆိုဘာ ] ကို စိတ်ဝင်စားမှု ပြန်လည် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

လူငယ် ခံစစ်မှူး Edmond Tapsoba [ တပ်ဆိုဘာ ] ရဲ့ အနေအထား

လေဗာကူဆင် နောက်ခံလူ တပ်ဆိုဘာဟာ တိုက်စစ်မှူးတွေကို ရှိန်စေလောက်တဲ့ လူကောင် ခပ်ထွားထွား ကစားသမား တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အရပ်အမောင်းကတော့ ၆ ပေ ၄ လက်မ ဖြစ်ပြီး အသက်အရွယ်က ၂၃ နှစ်သာ ရှိပါသေးတယ်။ နည်းပြ မီကယ် အာတီတာ လိုချင်တဲ့ ခံစစ်မှူးမျိုး အနေအထားနဲ့ ကိုက်ညီနေတာပါ။

လန်ဒန်ကလပ်အသင်းဟာ နောက်ခံလူကို ကမ်းလှမ်းမှုရဲ့ ကနဦး အဆင့်မှာသာ ရှိနေသေးပြီး လေဗာကူဆင်အသင်းက ပြောင်းရွှေ့ကြေးကို ယူရို သန်း ၄၀ နဲ့ ၅၀ ကြား သတ်မှတ်ထားပါတယ်။

Edmond Tapsoba against Dortmund

အသင်းအတွက် အားကိုးရတဲ့ ခံစစ်မှူး တပ်ဆိုဘာ။

ဘာကင်နာဖာဆိုလက်ရွေးစင် ကစားသမား Edmond Tapsoba [ အက်ဒ်မောင့် တပ်ဆိုဘာ ]

နောက်ခံလူ တပ်ဆိုဘာဟာ ၂၀၂၀ ခုနှစ်မှာ လေဗာကူဆင်အသင်းကို ပြောင်းရွှေ့ကြေး ယူရို ၁၈ သန်း + အပိုပရိုဂရမ် ၇ သန်းနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ ဂျာမနီ ကလပ်အသင်းဟာ ကစားသမားရဲ့ ပြောင်းရွှေ့ကြေးကို နှစ်ဆတိုးဖို့ အခွင့်အရေးလည်း ရှိနေပါတယ်။

နောက်ခံကစားသမားဟာ လေဗာကူဆင် အသင်းအတွက် ၂၀၂၀ ခုနှစ်ကနေ အခုထိ ပြိုင်ပွဲစုံ ပွဲ ၉၀ ကစားထားပြီး သွင်းဂိုး ၃ ဂိုး သွင်းယူပေးထားပါတယ်။ Burkina Faso [ ဘာကင်နာ ဖာဆို ] နိုင်ငံလက်ရွေးစင်အသင်းအတွက် ပွဲစဥ် ၂၈ ပွဲအထိ ကစားပေးထားပါတယ်။

ဒီနွေရာသီအပြောင်းအရွှေ့မှာ အာဆင်နယ်ဘယ်လောက်သုံးစွဲခဲ့လဲ?

မီကယ်အာတီတာရဲ့ အာဆင်နယ်အသင်းဟာ အခုနွေရာသီ အပြောင်းအရွှေ့ ကာလမှာ ပေါင် ၈၅.၂ သန် ( ယူရို ၉၉ သန်း ) သုံးစွဲခဲ့ပြီး ဖြစ်ပါတယ်။ ထိပ်ဆုံး လေးသင်းနေရာအတွက် ပြင်ဆင် တိုက်ပွဲဝင်ဖို့ လိုအပ်တဲ့ ကစားသမားတွေကို နည်းပြ မီကယ် အာတီတာက အစွမ်းကုန် ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

ဂန်းနားတို့ဟာ ပြီးခဲ့တဲ့ ရာသီကုန်မှာတုန်းက မြောက်လန်ဒန် ပြိုင်ဘက် ဖြစ်တဲ့ တော့တင်ဟမ် ဟော့စပါးက အမှတ်ပေး စတုတ္ထနေရာ ဦးသွားတာကို မြင်တွေ့ခဲ့ရပြီးနောက် ချန်ပီယံစ်လိဂ်ဝင်ခွင့်ကို လွဲချော်ခဲ့ရပါတယ်။

Edmond Tapsoba at Butkina Faso National Team

ငယ်ငယ်ရွယ်ရွယ်နဲ့ နိုင်ငံလက်ရွေးစင်အသင်းမှာ ကစားခွင့်ရတဲ့ တပ်ဆိုပါ။

ဒါပေမယ့်လည်း သူတို့ဟာ ပြန်လည် ကောင်းမွန်လာခဲ့ပြီး ဒီရာသီအတွက် အားကောင်းတဲ့ အသင်းနဲ့အတူ အကောင်းဆုံး ပြန်လည် ရောက်ရှိလာဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်ပါတယ်။

လန်ဒန်ကလပ်ရဲ့ အပြောင်းအရွှေ့

တကယ်တော့ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ကာလတုန်းကလိုပဲ ပရီးအသင်းတွေထဲမှာ ပြောင်း‌ရွှေ့ကြေး အများဆုံး အသုံးပြုခဲ့ပါတယ်။ အခုနွေရာသီမှာ ဂါဘရီယယ် ဂျေဆပ်ကို ခေါ်ယူခဲ့သလို ဘန်ဂျမင် ဝှိုက်၊ အာရွန် ရမ်စ်ဒေးလ်နဲ့ မာတင် အော်ဒီဂတ်တို့ကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

မတ် တန်နာနဲ့ မာကွင်းညို့စ်တို့ နှစ်ဦးစလုံးဟာ ပြောင်းရွှေ့ကြေး အနည်းငယ်နဲ့ ရောက်ရှိလာခဲ့ပါတယ်။ လက်ရှိမှာတော့ ဖာဘီယို ဗီအဲယားနဲ့ ဂါဘရီယယ် ဂျေဆပ်တို့ဟာ ယခုအချိန်အထိ ကလပ်အသင်းရဲ့ ငွေကြေး အမြောက်အမြားနဲ့ ခေါ်ယူမှုတွေ ဖြစ်ခဲ့ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment