Bernardo Silva ကို ခေါ်ယူတော့မယ့် ဘာစီလိုနာ။

Bernardo Silva to barcelona
July 15, 2022

ဒီဂျောင်နေရာမှာ အစားထိုးဖို့ Bernardo Silva [ ဘာနာဒို ဆေးလ်ဗား ] ကို ခေါ်ယူဖို့ ဘာစီလိုနာ ပြင်ဆင်။

Bernardo Silva [ ဘာနာဒို ဆေးလ်ဗား ] ကို ခေါ်ယူပြီး [ ဖရန့်ကီ ဒီဂျောင် ] F De Jong နေရာကို အစားထိုးဖို့ ဘာစီလိုနာအသင်းအနေနဲ့ လူစာရင်း ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ မကြာခင် ထွက်ခွာတော့မယ့် ဖရန်ကီ ဒီဂျောင်ကို အစားထိုးဖို့ သူတို့ရဲ့ ဦးစားပေးပစ်မှတ်အဖြစ် မန်စီးတီးကြယ်ပွင့် ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူဖို့ စီစဥ်ထားပြီးဖြစ်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဒီဂျောင်နဲ့ [ ဘာနာဒို ဆေးလ်ဗား ] Bernardo Silva တို့ အပြောင်းအလဲ

သတင်းတွေအရ ဒီဂျောင်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကို ယူရို ၈၅ သန်းနဲ့ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ လက်ရှိဘာစီလိုနာ နည်းပြ ဇာဗီက ဒီဂျောင်ထွက်သွားရင် သူ့နေရာကို အစားထိုးဖို့ တခြား ကွင်းလယ်ကစားသမားတစ်ဦးကို ခေါ်ယူရမှာ ဖြစ်ပါတယ်။

အစားထိုး ခေါ်ယူမယ့် ကစားသမားကတော့ မန်စီးတီး ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားပဲ ဖြစ်ပါတယ်။ ဘာနာဒို ဆေးလ်ဗားကို သူ့ရဲ့ စံပြရွေးချယ်မှုအဖြစ် သတ်မှတ်ထားပါတယ်။

Bernardo Silva at Portugal National Team (1)

ပေါ်တူဂီ လက်ရွေးစင် ကစားသမား ဘာနာဒို ဆေးလ်ဘား။

ဘာကာအသင်းဟာ လက်ရှိမှာ လိဒ်တောင်ပံတိုက်စစ် ရာဖင်ညာကို ယူရို ၆၅ သန်းနဲ့ ခေါ်ယူထားပြီး အော်စမန် ဒမ်ဘီလီကိုလည်း စာချုပ်သက်တမ်း တိုးထားပြီး ဖြစ်ပါတယ်။ အသင်းအနေနဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုတွေကို ဖြည်းဖြည်းချင်း အရှိန်မြှင့်လျက် ရှိနေပါတယ်။

ဒီဂျောင်နဲ့ ရောင်းချပြီး Bernardo Silva [ ဘာနာဒို ဆေးလ်ဗား ] ကို ဝယ်ယူနိုင်မလား?

နယ်သာလန်သား ဒီဂျောင်ကို ရောင်းချခြင်းဟာ ဘာကာ‌အနေနဲ့ နောက်ဆုံးမှာ ရောဘတ်လီဝန်ဒေါစကီးအတွက် ယူရိုသန်း ၅၀ နဲ့ သဘောတူညီမှု ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆေးလ်ဗားကိုလည်း ခေါ်ယူနိုင်မလား ဒါမှမဟုတ် မန်စီးတီးက အသက် ၂၇ နှစ်အရွယ် ကစားသမားအတွက် ကမ်းလှမ်းမှုကို စဥ်းစားပေးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ပေါ်တူဂီ လက်ရွေးစင် ကစားသမားဟာလည်း ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့ စိတ်ကူးရှိပြီးသား ဖြစ်ပါတယ်။ သို့ပေမယ့် မန်စီးတီးအသင်းဟာ တိုက်စစ်ကစားသမား ရာဟင်း စတာလင်နဲ့ ဂါဘရီယယ် ဂျေးဆပ်တို့ကို ရောင်းချထားပြီး ဖြစ်တဲ့အတွက် ကစားသမားထပ်ထုတ်ဖို့ မဖြစ်နိုင်ပါဘူး။

Bernardo Silva with EPL Champion Trophy

ဘာနာဒိုဆေးလ်ဗားကိူ’ပရီးမီးယားလိဂ် ချန်ပီယံဖလားနဲ့အတူ တွေရစဥ်။

မန်ချက်စတာ စီးတီးအသင်းအနေနဲ့ များသောအားဖြင့် ‌ဆေးလ်ဗားကို ရောင်းချဖို့ ဆန္ဒမရှိနိုင်ပါဘူး။ ရောင်းချခဲ့မယ်ဆိုရင်တောင် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ နီးပါး တောင်းဆိုနိုင်ပါတယ်။

ဘာစီလိုနာက ဆေးလ်ဗားကို ခေါ်ယူနိုင်ဖို့ အလားအလာရှိလား?

ဘာနာဒို ဆေးလ်ဗားဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက မန်ချက်စတာ စီးတီးအသင်းကနေ ထွက်ခွာဖို့ စိတ်အားထက်သန်နေခဲ့ပြီး ဘာစီလိုနာကလည်း သူ့ကို စိတ်ဝင်စားကာ နည်းပြ ဇာဗီက သူ့ရဲ့ အထင်ကြီး လေးစားရသူလို့ ဆိုပါတယ်။

ဒါပေမယ့်လည်း သတင်းတွေအရတော့ ကွင်းလယ်လူ ဆေးလ်ဗားဟာ အသင်းကနေ ထွက်ခွာလိုတဲ့ အကြံပြုချက် တစ်စုံတစ်ရာ မပေးခဲ့ဘဲ အနာဂတ်မှာ ဘာစီလိုနာအသင်းအတွက် ကစားဖို့ အိပ်မက်မက်နေခဲ့တာသာ ဖြစ်ပါတယ်။ သူဟာ မန်ချက်စတာ စီးတီးအသင်းမှာ ပျော်ရွှင်နေတယ်လို့လည်း သတင်းတွေအရ သိရပါတယ်။

မန်ချက်စတာ စီးတီးအသင်းကလည်း ဆေးလ်‌ဗားကို ရောင်းချဖို့မဟုတ်ဘူးလို့ ပြောဆိုထားပြီး ဘယ်သဘောတူညီချက်ကိုမဆို ဖြတ်တောက်ဖို့ အခိုင်အမာဆိုဖူးပါတယ်။ ဒီကြေငြာချက်ဟာ ဘာစီလိုနာအသင်းအတွက် အလွန်ခက်ခဲမှာ ဖြစ်ပေမယ့် အင်္ဂလန်ချန်ပီယံအသင်းဟာ အရင်က စပိန်ကလပ်အသင်းကို ငြင်းပယ် ဖယ်ရှားခဲ့ဖူးခြင်း မရှိပါ။

Bernardo Silva at Monaco

မိုနာကို ကစားသမားဘဝတုန်းက ဘာနာဒို ဆေးလ်ဗား။

ဆေးလ်ဗားရဲ့ မန်စီးတီးအသင်းနဲ့ အနာဂတ်

စပိန်ကလပ် ဘာစီလိုနာအသင်းဟာ Bernardo Silva [ ဘာနာဒို ဆေးလ်ဗား ] ရဲ့ အေးဂျင့်ဖြစ်သူ ဂျော့ရှ်မန်ဒက်စ်နဲ့ တွေ့ဆုံပြီး သူ့ရဲ့ ကစားသမားဟာ ကလပ်အသင်းကို ရောက်ရှိလာမယ့် အလားအလာအတွက် ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ သူတို့ဟာ သုံးရာသီအတွင်း ပေးချေရမယ့် သဘောတူညီချက်ကို ငွေးကြေး ‌ထောက်ပံ့နိုင်မယ်လို့ ယုံကြည်ထားကြပါတယ်။

ပေါ်တူဂီ ကွင်းလယ် ကစားသမား ဘာနာဒို ဆေးလ်ဗားဟာ ပြောင်းရွှေ့ဖို့ တွန်းအားပေးဖွယ် မရှိပေမယ့် သူ့အနေနဲ့ နှစ်ဖက်အသင်း သဘောတူညီမှု ရနိုင်မလားဆိုတာကို စောင့်ကြည့်ဖို့ အပြောင်းအရွှေ့ ကာလ အဆုံးထိ စောင့်ဆိုင်းထားချင်နေကြောင်း သိရှိရပါတယ်။

နယ်သာလန် ကွင်းလယ်လူ ဖရန့်ကီ ဒီဂျောင်ရဲ့ အပြောင်းအရွှေ့ကိစ္စ အပြီးမသတ်သေးပါဘူး။ အသင်းရဲ့ အရည်အချင်းရှိတဲ့ ကစားသမားကို မဆုံးရှုံးချင်ပေမယ့် စီးပွားရေးအရ ထွက်ခွာဖို့ လိုအပ်တယ်လို့ ဘာစီလိုနာက ပြောကြားခဲ့ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment