Bynoe-Gittens ကို ခေါ် ယူချင်နေသေးတဲ့ ဂန်းနားများ။

Bynoe-Gittens is wanted by Arsenal
October 12, 2023

ဒေါ့မွန် ကြယ်ပွင့် Bynoe-Gittens [ ဘိုင်နို - ဂစ်တန်စ် ] ကို ခေါ် ယူချင်နေသေးတဲ့ ဂန်းနားများ။

Bynoe-Gittens [ ဘိုင်နို – ဂစ်တန်စ် ] ဟာ လက်ရှိမှာ ဒေါ့မွန် အသင်း နဲ့ စာချုပ်သစ် ချုပ်ဆိုထားပေမယ့် အာဆင်နယ် အသင်းဘက်က သူ့ ကို ခေါ် ယူဖို့ အခုချိန်ထိ စိတ်အားထက်သန် နေဆဲ ဖြစ်ပါတယ်။

အာဆင်နယ်အသင်း အနေနဲ့ မကြာသေးမီက ဂျာမန် ကလပ် ဒေါ့မွန် အသင်း နဲ့ ကာလရှည် စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့ ကြယ်ပွင့် Bynoe-Gittens [ ဂျေမီ ဘိုင်နို – ဂစ်တန်စ် ]  ကို ခေါ်ယူလိုတုန်း ဖြစ်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဂျေမီ ဘိုင်နို - ဂစ်တန်စ်  ကို ခေါ် ယူဖို့ ချိတ်ဆက်ခဲ့တဲ့ အာဆင်နယ်။

ဂန်းနားတွေဟာ စက်တင်ဘာလက အင်္ဂလန်သားကို ပြောင်းရွှေ့ဖို့ ပထမဆုံး ချိတ်ဆက်ခဲ့ပေမယ့် ဒေါ့မွန်နဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့ သတင်းတွေ ထွက်ပေါ် လာပြီးနောက် အပြောင်းအရွှေ့ ကောလာဟလတွေ ပျောက်ကွယ်သွားဖွယ် ရှိနေခဲ့ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ် အသင်းဘက်က တောင်ပံ တိုက်စစ် ကစားသမားကို ခေါ်ယူရန် စိတ်အားထက်သန်နေပြီး လက်ရှိမှာ သူ့ ရဲ့ လက်မှတ်အတွက်  ယှဥ်ပြိုင် ကြိုးစားမှုကို ဦးဆောင်နေကြောင်း ဂျာမန် မီဒီယာ Bild က ဖော်ပြခဲ့ပါတယ်။

Bynoe-Gittens at Dortmund

ဒေါ့မွန် ကြယ်ပွင့် ဂျေမီ။

Jamie Bynoe-Gittens ဟာ ၂၀၂၀ ခုနှစ်တုန်းက မန်ချက်စတာ စီးတီး အကယ်ဒမီ ကနေ ဒေါ့မွန် ကို ရောက်ရှိလာခဲ့ပြီး Jadon Sancho က မန်ချက်စတာ ယူနိုက်တက်ဆီ မပြောင်းခင် အကောင်းဆုံး ခြေစွမ်းပြခဲ့တဲ့ အတိုင်းပဲ ဖြစ်ပါတယ်။

ဒေါ့မွန် မှာ ပွဲထွက်ခွင့် နည်းနေတဲ့ Bynoe-Gittens [ ဂျေမီ ဘိုင်နို - ဂစ်တန်စ် ]။

လူငယ် ကြယ်ပွင့် Bynoe-Gittens  ဟာ  ဒေါ့မွန် အသင်း မှာ ပွဲထွက် အသင်းမှာ ကစားခွင့် မရသေးဘဲ သူဟာ အခုနှစ် ရာသီမှာ လိဂ်ပွဲ ၂ ပွဲ စတင် ကစားထားပြီး စုစုပေါင်း Bundesliga ၇ ပွဲသာ ကစားထားပါသေးတယ်။

သို့ပေမယ့် အသက် ၁၉ နှစ် အရွယ် ဒေါ့မွန် ကြယ်ပွင့် Bynoe-Gittens [ ဂျေမီ ဘိုင်နို – ဂစ်တန်စ် ]  ဟာ အင်္ဂလန် ကနေ အဓိက အပြောင်းအရွှေ့ စိတ်ဝင်စားမှု အဖြစ်  ဆွဲဆောင်ထားပြီး ဖြစ်ပါတယ်။

Bynoe-Gittens at Man City Academy

မန်စီးတီး အကယ်ဒမီထွက် ဂစ်တန်စ်။

အာဆင်နယ်၊ ချဲလ်ဆီးနဲ့ နယူးကာဆယ် ယူနိုက်တက်တို့ဟာ ဆယ်ကျော်သက် လူငယ်တွေကို စိတ်ဝင်စားနေတယ်လို့ Bild က ဖော်ပြခဲ့ပြီး ဂန်းနားတွေက ဒီလမ်းကြောင်းပေါ် ကို ဦးဆောင်နေခဲ့ပါတယ်။

Metro မှတစ်ဆင့် Bild ရဲ့ ဖော်ပြချက် အရ လာမယ့် နွေရာသီ အထိ ဒီ အပြောင်းအရွှေ့ တစ်ခု အတွက် အစောဆုံး စောင့်ဆိုင်းရမှာ ဖြစ်ပြီး လူငယ် ကြယ်ပွင့်အား စိတ်ဝင်စားမှုမှာ လျင်မြန်စွာ မြင့်တက်နေတဲ့ အနေအထား ရှိနေပါတယ်။

ဒေါ့မွန်အသင်း အနေ နဲ့  Bynoe-Gittens [ ဘိုင်နို - ဂစ်တန်စ် ] နဲ့ ပတ်သက်လို့ ဘာတွေပြောထားလဲ။?

ဘိုင်နို – ဂစ်တန်စ် ဟာ 2028 ခုနှစ် အထိ သက်တမ်းရှိတဲ့  စာချုပ်သစ်ကို ချုပ်ဆိုတုန်းက Dortmund အားကစား ဒါရိုက်တာ Sebastian Kehl က လူငယ် ကစားသမား နဲ့ သဘောတူညီချက် ရရှိတဲ့ အတွက် သူရဲ့ ကျေနပ်မှုကို ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

သူက “ဥရောပ ထိပ်တန်း ကလပ်များစွာ ရဲ့  စိတ်ဝင်စားမှုတွေ ရှိပေမယ့် သူ့ ရဲ့  ဖွံ့ဖြိုး တိုးတက်မှုက ပြီးပြည့်စုံဖို့ လိုနေသေးပြီး ဒီမတိုင်ခင် ဂျေမီက BVB မှာ  ရေရှည် အနာဂတ်အတွက်  ဆုံးဖြတ်ခဲ့ခြင်း ကို ကျေနပ်မိပါတယ်။” လို့ ပြောခဲ့ပါတယ်။

Bynoe-Gittens had played 7 games

ဂစ်တန်စ်က ဒေါ့မွန်မှာ ပွဲထွက်ခွင့် နည်းနေပါသေးတယ်။

အင်္ဂလန် ကြယ်ပွင့်ဟာ လက်ရှိမှာ ခန့်မှန်း အပြောင်းအရွှေ့ တန်ကြေး ယူရို 11.6 သန်းသာ ရှိပြီး 2023 ခုနှစ် ဇွန်လတုန်းက အမြင့်ဆုံး အဖြစ် ယူရို 15.4 သန်း ကနေ ကျဆင်းသွားခဲ့ပါတယ်။

လက်ရှိ ဒေါ့မွန် အသင်းမှာ ပွဲ ကစားချိန် နည်းနေတာကြောင့် သူ့ အတွက် ပြောင်းရွှေ့ကြေး တန်ဖိုး က နိမ့်နေပေမယ့် သူ့ကိုယ်သူ သက်သေပြဖို့ အခွင့်အရေး ပိုများလာမယ် ဆိုရင်တော့ ပြောင်းရွှေ့ကြေး လည်း မြင့်တက်လာနိုင်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment