Lionel Messi ရဲ့ အပြောင်းအရွှေ့ အပေါ် ရိုမန်နိုရဲ့ မှတ်ချက်။

Lionel Messi to Barcelona rumours FB
October 11, 2023

ရိုမန်နိုပြောလာတဲ့ Lionel Messi [ မက်ဆီ ] ရဲ့ ဘာကာ အပြောင်းအရွှေ့ နောက်ကွယ်က အမှန်တရား။

Lionel Messi [ လီယို မက်ဆီ ] ရဲ့ ဇန်ဝါရီမှာ ဘာစီလိုနာ အသင်းဆီ ပြန်လာနိုင်တယ် ဆိုတဲ့ ကောလဟာလတွေ အပေါ် နောက်ကွယ်က အမှန်တရား တွေကို ဖာဘရီဇီယို ရိုမာနိုက အတည်ပြု ဖော်ပြခဲ့ပါတယ်။

အာဂျင်တီးနား နဲ့အတူ ကမ္ဘာ့ဖလား အနိုင်ရရှိခဲ့သူ Lionel Messi [ လီယို မက်ဆီ ] နဲ့ သူ့ ရဲ့ လတ်တလော အနာဂတ် အပေါ်  ထင်ကြေးပေးမှုများမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက မြင့်တက်လာခဲ့တာပါ။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ကလပ်အသင်း နဲ့ ပြိုင်ပွဲ တချို့ ကို အချိန်တစ်ခု အထိ လွဲချော်မယ့် လီယို မက်ဆီ။

အင်တာမီယာမီ အသင်း အနေနဲ့ MLS playoffs ပွဲစဉ်များကို တရားဝင် လွဲချော်ခဲ့ပြီး ဆိုလိုတာကတော့ Lionel Messi [ လီယို မက်ဆီ ] က အောက်တိုဘာလ နှောင်းပိုင်းမှ ဖေဖော်ဝါရီလအထိ ပြည်တွင်းလိဂ် ပြိုင်ပွဲမှာ ပါဝင်မည် မဟုတ်ကြောင်း သိရပါတယ်။

သီယာရီဟင်နရီနဲ့ ဒေးဗစ်ဘက်ခမ်းတို့လို လိဂ်ရဲ့ နာမည်ကြီး အချို့က ဥရောပဆီ ဇန်န၀ါရီ အငှားကို ပြန်အသုံးချခဲ့ပြီး နွေရာသီ အပြောင်းအရွှေ့မှာ မဖြစ်နိုင်ကြောင်း သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။

Lionel Messi at Iter Miami

ကလပ်အသင်းနဲ့ ပွဲစဥ်တွေ လွဲချော်မယ့် မက်ဆီ။

အခုလိုတွေ ဖြစ်လာခဲ့ပြီးတဲ့နောက် Lionel Messi [ လီယို မက်ဆီ ] ဟာ အောင်မြင်မှုတွေ အများကြီး ရယူနိုင်ခဲ့တဲ့ အသင်းဟောင်း ဘာစီလိုနာဆီ ပြန်လာဖို့ အလားတူ လုပ်ဆောင်မယ်လို့ သတင်းတွေ ထွက်ရှိခဲ့ပါတယ်။

အသင်းဟောင်း ဘာကာ နဲ့ Lionel Messi [ မက်ဆီ ] တို့ အကြား သဘောတူညီချက် တစ်စုံတစ်ရာ မရှိသေးပါ။

တစ်ဖက်မှာ စပိန်ရှိ သတင်းများကမူ အဆိုပါ ကောလာဟလများ ကို ပယ်ချခဲ့ပြီး အခုအခါ ဘလာဂရာနာ နဲ့ အသက် ၃၆ နှစ် အရွယ် ကစားသမားတို့ ဟာ သဘောတူညီမှု အတွက် တစ်စုံတစ်ရာ ထူးခြားမှု မရှိသေးပါဘူး။

ဆော်ဒီ ပရိုလိဂ်ဆီ အငှား နဲ့ ကမ်းလှမ်းမှုအဖြစ် အံအားသင့်ဖွယ် သတင်းများ ထွက်ပေါ်ခဲ့ပေမယ့် နောက်ပိုင်းမှာ အဲ့ဒါနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ ထူးခြား ဖြစ်ပေါ်လာခြင်း မရှိခဲ့ပါဘူး။

Lionel Messi at Argentina

အာဂျင်တီးနား စူပါစတား မက်ဆီ။

ကစားသမား အပြောင်းအရွှေ့ ဆရာကြီး ဖာဘရီဇီယို ရိုမန်နိုက အခု ဇန်နဝါရီမှာ Lionel Messi [ လီယို မက်ဆီ ] ဟာ သူ့ ရဲ့ အသင်းဟောင်း ဖြစ်တဲ့ ဘာကာဆီ ပြန်မလာနိုင် ကြောင်း အတည်ပြုခဲ့ပါတယ်။

Romano က Lionel Messi [ လီယို မက်ဆီ ] နဲ့ ပတ်သက်လို့ ဘာပြောလိုက်ထားလဲ။?

CaughtOffside နဲ့ စကားပြောရာမှာ ရိုမန်နိုက “ ပရိသတ်တွေ က လီယွန်နယ် မက်ဆီ နဲ့ ဥရောပ ဆီ အငှားနဲ့ ပြန်လာဖို့ ဖြစ်နိုင်ချေ ရှိတဲ့ အမျိုးမျိုးသော သတင်းတွေ အကြောင်းကို မေးမြန်းနေကြပါပြီ။ ”

“  အင်တာမိုင်ယာမီက ဘောလုံးပွဲတွေကို လ အနည်းငယ် ကြာအောင် ပြန်ကစားဖို့ မရနိုင်သေးပါဘူး။ အမေရိကန်မှာ အရင်က ဒေးဗစ် ဘက်ခမ်း နဲ့ သီယာရီ ဟင်နရီ တို့ ကစားတုန်းကလည်း အလားတူ လှုပ်ရှားမှု တွေ လုပ်ခဲ့ပါတယ်။ ”

“ဒါပေမယ့် ကျွန်တော် ရိုးရိုးသားသား ပြောနိုင်တာက အခု လောလောဆယ် မှာတော့ မက်ဆီ အတွက် အငှား နဲ့ ထွက်ခွာမယ့် အကြောင်း အချက်အလက် လုံးဝမရှိသေးပါဘူး။ ”

Lionel Messi at Barcelona (1)

မက်ဆီနဲ့ ဘာကာတို့ သဘောတူညီချက် တစ်စုံတစ်ရာ မရှိသေးပါ။

“ မက်ဆီက အင်တာမီယာမီကို အာရုံစိုက်နေပြီး အခု အချိန်မှာတော့ ပြောစရာအကြောင်း မရှိတော့ပါဘူး။ ဒီလို ကြီးကြီးမားမား နဲ့ ပတ်သက်ပြီး ထင်ကြေးပေးလေ့ ရှိတာက ပုံမှန်ပါပဲ။ နာမည်နဲ့ အရာတွေက ပြောင်းလဲသွားနိုင်ပါတယ်။ ”

“ ဒါပေမယ့် ဘာစီလိုနာနဲ့ ပတ်သက်တဲ့ လက်ရှိ ကောလဟာလ တွေ ဒါမှမဟုတ် တခြား ကလပ်အသင်းတွေ အတွက်တော့ အမှန်တရား မရှိပါဘူး။ သေချာပါတယ်။ တစ်နေ့မှာတော့ မက်ဆီကို ဘာစီလိုနာမှာ ပြန်တွေ့ချင်တယ် လို့တော့ ပြောရမှာပါ။ ”

“ ဒါက စိတ်ကူးယဉ်ဆန်တဲ့ အပြောင်းအရွှေ့တစ်ခု ဖြစ်လိမ့်မယ်၊ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ သူလိုချင်တာကို ဆုံးဖြတ်ခွင့်ပေးလိုက်တာက မှန်ကန်ပါတယ်။ ” လို့ ပြောဆိုထားပါတယ်။ ”

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment