Kaoru Mitoma ကို ချီးကျူးလိုက်တဲ့ ဘာကာ။

Kaoru Mitoma is admired by Barcelona FB
October 13, 2023

ဘရိုက်တန် ကြယ်ပွင့် Kaoru Mitoma [ ကာအိုရူ မီတိုမာ ] ကို ချီးကျူးလိုက်တဲ့ ဘာစီလိုနာ။

Kaoru Mitoma [ ကာအိုရူ မီတိုမာ ] ကို ဘာစီလိုနာ အသင်း ရဲ့ တာဝန်ရှိ ပုဂ္ဂိုလ်များ နဲ့ ကင်းထောက် အများအပြား က ချီး ကျူး ခဲ့ ကြတယ်လို့ သတင်းတွေအရ သိရပါတယ်။

စပိန် သတင်းစာ Mundo Deportivo ရဲ့ ဖော်ပြချက်အရ တောင်ပံ ကစားသမား ဟာ သူ့ ရဲ့ ဂိုးပေါက် ပံ့ပိုးမှုများ နဲ့ နည်းစနစ်ပိုင်း စွမ်းရည်များကြောင့် ဘာကာ အသင်းက သဘောကျနေတာ ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဘရိုက်တန် အသင်း နဲ့အတူ အကောင်းဆုံး ခြေစွမ်းတွေ ပြသနေတဲ့ ကာအိုရူ မီတိုမာ။

ဂျပန် လက်ရွေးစင် ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် မှာ ခြေစွမ်း သိသိသာသာ ကောင်းမွန်လာသူ တစ်ယောက်ဖြစ်ပြီး ဒီရာသီမှာတော့ ဘရိုက်တန်မှာ သူ့ရဲ့ အံ့မခန်း ပုံစံကို ဆက်လက် ပြသနေခဲ့ပါတယ်။

ဘာစီလိုနာ အသင်း ရဲ့  အဓိက ဦးစားပေးမှာ ကွင်းလယ် နေရာ တစ်ဝိုက် ဖြစ်ပြီး အသင်းမှာ တောင်ပံ ကစားသမား အများအပြား ရှိပေမယ့် အများစုမှာ ကွင်းရဲ့ ညာဘက်ခြမ်း မှာ ကစားကြတာ များပါတယ်။

Kaoru Mitoma at Japan

ဂျပန် လက်ရွေးစင် မီတိုမာ။

ဒါပေမယ့် Kaoru Mitoma [ ကာအိုရူ မီတိုမာ ] ကို သူတို့ အနေနဲ့ သေချာပေါက် တောက်လျှောက် စောင့်ကြည့်နေမှာပါ။ အထူးသဖြင့် Brighton ကို အငှားနဲ့ ထွက်ခွာသွားခဲ့တဲ့ Ansu Fati ဟာ ပုံမှန်အားဖြင့် ဘယ်ဘက်ခြမ်း မှာ ကစားနေကျ မို့လို့ပါ။

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အခက်အခဲ ကို Kaoru Mitoma [ မီတိုမာ ] ဖြေရှင်းပေးမှာပါ။

မန်ချက်စတာ ယူနိုက်တက် အသင်းဘက်က သူတို့ရဲ့  ကစားသမားဟောင်းများ ထဲမှ တစ်ဦး ဖြစ်တဲ့ လူးဝစ် ဆာဟာ ရဲ့ တိုက်တွန်း ခဲ့မှုကနေတဆင့် ဂျပန်ကြယ်ပွင့် Kaoru Mitoma [ ကာအိုရူ မီတိုမာ ] ကို ခေါ် ယူဖို့ ဖြစ်ပေါ်လာခဲ့တာပါ။

သရဲနီ တိုက်စစ်မှူးဟောင်း က ဘရိုက်တန် ကြယ်ပွင့် Kaoru Mitoma [ ကာအိုရူ မီတိုမာ ] ဟာ သူတို့ရဲ့ ရှေ့တန်း လမ်းကြောင်း မှာ သူတို့ရဲ့ ရွေးချယ်မှု ကို အဆင့်မြှင့် ပေးမယ်လို့ ယုံကြည်ကြောင်း ပြောကြား ခဲ့ပါတယ်။

Kaoru Mitoma Fati

ဘရိုက်တန်မှာ အငှားလာကစားတဲ့ ဖာတီ။

ပြင်သစ်သားက KingCasinoBonus ကို ပြောရာမှာ “ Mitoma က Old Trafford ကို ရောက်တာကို မြင်ချင်ပါတယ်။ သူက အရမ်း စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ကစားသမား ဖြစ်ပါတယ်။ ” လို့ ချီးကျူးထားပါတယ်။

ဆက်လက်ပြီး Kaoru Mitoma [ ကာအိုရူ မီတိုမာ ] အကြောင်း ဆာဟာက

သူ့ ရဲ့ ဘောလုံး စွမ်းရည်အပေါ် ဘယ်တော့မှ သံသယ မရှိပါဘူး။ သူဟာ တစ်ချိန်လုံး ဒုန်းစိုင်း လှုပ်ရှားမှုတွေနဲ့ တစ်ဖက် အသင်း ရဲ့ ခံစစ်ကို အလုပ်ရှုပ်စေပြီး၊ သူ့ ရဲ့ ကစားအား၊ အပြုံး နဲ့ ကစားပုံကို လည်း ကျွန်တော် နှစ်သက်ပါတယ်။ ”

တောင်ပံ တိုက်စစ် Kaoru Mitoma ရဲ့ ကစားပုံက အရမ်း ကောင်းမွန်ပြီး သူ့ရဲ့ ကစားပုံက ဘယ်ကလပ်အတွက်မဆို ပြီးပြည့်စုံမှာပါ။ တချို့ ကစားသမားတွေက အရမ်းတွေးကြပေမယ့် Mitoma ကတော့ ဗီဇကို အားကိုးတယ်။ ”

ဒီလို အောင်မြင်ဖို့အတွက် သူ လေ့ကျင့်ရေးကွင်းမှာ အရမ်း ကြိုးစားခဲ့ရတယ်လို့ ပြောလို့ရပါတယ်။ အခု သူ ပုံမှန်အတိုင်း ကောင်းမွန်တဲ့ အနေအထား ရှိတဲ့ နေရာ ကို ရောက်နေပါပြီ။ ”

Kaoru Mitoma vs Man united

မီတိုမာ Vs ယူနိုက်တက်။

“ မန်နေဂျာတွေက Mitoma ဆီက စွမ်းဆောင်ရည် တစ်ခုခု ရမယ်ဆိုတာ အတိအကျ သိပြီး သူက ဘယ်ကလပ် အတွက်မဆို ခိုင်မာတဲ့ ပိုင်ဆိုင်မှု ဖြစ်လာမှာပါ။ ” 

ကာအိုရူ မီတိုမာ အနေန နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပြောင်းရွှေ့ ကစားမယ် ဆိုရင် သူ့အတွက် အရမ်းစိတ်လှုပ်ရှားစရာ ကောင်းနေမှာပါ။ ” လို့ ချီးကျူး ပြောဆိုထားပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment