Victor Osimhen က သူ့ရဲ့နောက်ထပ်ကလပ်ကို သိပြီးသားပါ။

Victor Osimhen has already made a choice on his preferred next club WS
November 23, 2023

တိုက်စစ်မှူး Victor Osimhen [ ဗစ်တာ အိုဆီမှင် ] က သူ့ရဲ့ နောက်ထပ်အသင်းကို ရွေးချယ်ပြီးသားပါ။

Victor Osimhen [ ဗစ်တာ အိုဆီမှင် ] ဟာ သူ့ ရဲ့  နှစ်သက်ရာ နောက်ထပ် အသင်းသစ် အတွက် ရွေးချယ်မှု တစ်ခုကို ပြုလုပ်ထားပြီး ဖြစ်ကြောင်း သတင်းထောက် တစ်ဦး ရဲ့ ပြောကြားချက် အရ သိရပါတယ်။

နိုင်ဂျီးရီးယား တိုက်စစ်မှူး  Victor Osimhen [ ဗစ်တာ အိုဆီမှင် ] ဟာ ဥရောပ ရဲ့ လူကြိုက် အများဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် ရာသီက နာပိုလီတို့ဟာ ၃၃ နှစ်အတွင်း သူတို့ ရဲ့ ပထမဆုံး စကူဒက်တို ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ထိပ်တန်း အသင်းတွေက Victor Osimhen [ ဗစ်တာ အိုဆီမှင် ] ကို ခေါ် ယူချင်နေပါတယ်။

နိုင်ဂျီးရီးယားသား Victor Osimhen [ ဗစ်တာ အိုဆီမှင် ] ဟာ နွေရာသီ အပြောင်းအရွှေ့ ကာလတုန်းက ဥရောပ ထိပ်တန်း အသင်းတိုင်း ရဲ့ အပြောင်းအရွှေ့ စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

နောက်ထပ် အနေနဲ့ ဆော်ဒီ ပရိုလိဂ် အသင်းတွေဆီကလည်း မက်မောဖွယ် ကမ်းလှမ်းမှုများကို လက်ခံရရှိခဲ့ပေမယ့် သူ့ အနေနဲ့ အသင်းမှာ ဆက်နေဖို့ ကိုသာ ဆုံးဖြတ်ခဲ့ပါတယ်။

Victor Osimhen at Nigeria

နိုင်ဂျီးရီးယား တိုက်စစ်မှူး အိုဆီမှင်။

အခု ရာသီမှာ နာပိုလီ အတွက် အခြေအနေ များ ချောချောမွေ့မွေ့ ဖြစ်မလာဘဲ Victor Osimhen [ ဗစ်တာ အိုဆီမှင် ] ဟာ တစ်ကြိမ်ထက်မက အခက်အခဲတွေ ကြုံတွေ့ နေခဲ့ရပါတယ်။

အိုဆီမှင်က သူ သွားချင်တဲ့ အသင်းကို ရွေးချယ်ပြီး ဖြစ်ပါတယ်။

အခုအခါ သူ့ ရဲ့ နည်းပြဟောင်း ရူဒီဂါစီယာ အား လူစားလဲခံရပြီးနောက် ကလပ်မှ သူ့ ကို လှောင်ပြောင်တဲ့ TikTok ပို့စ် ကြောင့် ဥပဒေကြောင်းအရ အရေးယူရန် ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။

သူ့ ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး ထင်ကြေးပေးမှုများ များပြားလာကာ အာဆင်နယ်၊ ချဲလ်ဆီး နဲ့ တော့တင်ဟမ် ဟော့ စပါးတို့ဟာ 2024 ခုနှစ်မှာ သူ ထွက်ခွာသင့်သည့် ဖြစ်နိုင်ခြေ အရှိဆုံး နေရာများ အဖြစ် ထင်မြင် ယူဆလာခဲ့ ပါတယ်။

Victor Osimhen at Napoli

နာပိုလီ အသင်းနဲ့ အဆင်မပြေ ဖြစ်နေတဲ့ အိုဆီမှင်။

ယခုအခါမှာ တိုက်စစ်မှူး Victor Osimhen [ ဗစ်တာ အိုဆီမှင် ] ဟာ မည်သည့် အသင်းများတွင် ပါဝင်လိုကြောင်း ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်း အခိုင်အမာ ဆိုထားပါတယ်။

ချယ်လ်ဆီး ကို ပြောင်း‌ချင်နေတဲ့ Victor Osimhen [ ဗစ်တာ အိုဆီမှင် ]။

Evening Standard မှ Nizaar Kinsella ရဲ့ အဆိုအရ ဗစ်တာ အိုဆီမှင်က အာဆင်နယ် ဒါမှမဟုတ် စပါး အသင်းထက် ချဲလ်ဆီးကိုသာ ပြောင်းရွှေ့လိုတယ်လို့ အခိုင်အမာ ဆိုထားပါတယ်။

Nizaar Kinsella က “ ဒါဟာ ဇန်နဝါရီမှာ တိုက်စစ်မှူးတွေ အတွက် ဆိုးရွားတဲ့ ဈေးကွက် တစ်ခု ဖြစ်ပြီး Osimhen က လူတိုင်း လိုချင်တဲ့ တိုက်စစ်မှူး ပါပဲ။ အခု နောက်ထပ် လူငယ် တစ်ယောက် ထပ်ပြီး ရလာဖို့က ဘာအကြောင်း မှ မရှိပါဘူး။ ”

“ သူဟာ အံဝင်ဂွင်ကျ ဖြစ်နိုင်ပြီး ချယ်လ်ဆီးကလည်း သူ့ ကို သဘောကျမှာပါ။ Osimhen က ချဲလ်ဆီးကို ကြိုက်ပါတယ်။ ကျွန်တော် အချက်အလက် တွေ ရခဲ့ပါတယ်။ သူဟာ ချဲလ်ဆီး ကို အမြဲ ချစ်တယ်။ (ဒီဒီယာ) ဒရော့ဘာကိုလည်း သဘောကျတယ်။ ”

Victor Osimhen loves Chelsea and Drogba

အိုဆီမှင်က ချဲလ်ဆီးကိုပဲ သဘောကျတာပါ။

“ သူတို့မှာ တူညီတာတွေရှိတယ်။ သူက မန်ချက်စတာ ယူနိုက်တက် ကို စိတ်ဝင်စားပေမယ့် သူတို့က တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူ မှာ မဟုတ်ပါဘူး။ အခြေခံအားဖြင့်တော့ Chelsea၊ Arsenal နဲ့ Spurs တို့ဟာ သူ့ကို ခေါ် ယူ ဖို့ ယှဉ်ပြိုင် နေကြပြီ ဖြစ်ပါတယ်။ ”

“ ဗစ်တာ အိုဆီမှင် ကတော့ လန်ဒန် အသင်း ၃ သင်းထဲကမှ Chelsea အသင်းကို ပြောင်းရွှေ့ ဖို့ ရွေးချယ်နိုင်ပါတယ်။။ ” လို့ London Is Blue podcast အစီအစဥ်မှာ ပြောကြားခဲ့ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment