Pablo Fornals ရဲ့ ဘာကာ အပြောင်းအရွှေ့။

Pablo Fornals to Barcelona Romano responds it
November 23, 2023

ဝက်စ်ဟမ်း ကြယ်ပွင့် Pablo Fornals [ ပါဘလို ဖော်နယ်စ် ] ရဲ့ အံ့အားသင့်စရာ ဘာကာ ချိတ်ဆက်မှု။

Pablo Fornals [ ပါဘလို ဖော်နယ်စ် ] ဟာ လက်ရှိမှာ ဘာစီလိုနာ အသင်းနဲ့ အပြောင်းအရွှေ့ ချိတ်ဆက်မှု ကောလဟာလတွေ ထွက်ပေါ်‌ နေပြီး ဒါကို အပြောင်းအရွှေ့ ဆရာကြီး ဖာဘရီဇီယို ရိုမန်နိုက တုံ့ ပြန်လိုက်ပါတယ်။

ဘာစီလိုနာ အသင်းဟာ ဂါဗီ ရဲ့  ဒဏ်ရာကြောင့် ဝက်စ်ဟမ်း အသင်းရဲ့ ကွင်းလယ် ကစားသမား Pablo Fornals ကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်နေပြီး လက်ရှိမှာတော့ အပြောင်းအရွှေ့ ကျွမ်းကျင်သူ ဖာဘရီဇီယို ရိုမီနိုက သူ့ ရဲ့ ပြောကြားချက်ကို ထုတ်ဖော်လိုက်ပြီ ဖြစ်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဂါဗီဒဏ်ရာအတွက် လျော်ကြေး ရရှိမယ့် ဘာစီလိုနာ အသင်း။

ဂါဗီသည် စပိန် လက်ရွေးစင် အသင်းတွင် နိုင်ငံတကာ တာဝန်များ ထမ်းဆောင်စဉ် ဒဏ်ရာ ရရှိခဲ့ပြီး ၎င်းအား ရာသီကုန်အထိ အနားယူရမည့် ACL ဒဏ်ရာ ရရှိခဲ့ပါတယ်။

စပိန် ဘောလုံး အဖွဲ့ချုပ် Spanish FA ဘက်က ဘာစီလိုနာ အသင်းအား ဂါဗီ ရဲ့ ဒဏ်ရာ နဲ့ ပတ်သက်လို့ လျော်ကြေး အဖြစ် ယူရို ၇.၅ သန်း ပေးချေမယ်လို့ သိရပါတယ်။

Pablo Fornals Gavi had injured at International duty

နိုင်ငံတကာပွဲစဥ်မှာ ဒဏ်ရာ ရရှိခဲ့တဲ့ ဂါဗီ။

Cadena SER ရဲ့ David de Gustin က ဖော်ပြပါ ရန်ပုံငွေတွေက Pablo Fornals [ ပါဘလို ဖော်နယ်စ် ] ကို ဂါဗီအတွက် ကာလတို အစားထိုး အဖြစ် နူးကမ့်သို့ ခေါ်ယူဖို့ တစ်နည်းတစ်ဖုံ ဖြစ်လာနိုင်တယ်လို့ အကြံပြုခဲ့သူများထဲမှာ ပါဝင်ခဲ့ပါတယ်။

ရိုမန်နို တုံ့ ပြန်လိုက်တဲ့ Pablo Fornals [ ပါဘလို ဖော်နယ်စ် ] အပြောင်းအရွှေ့။

စပိန်သား ကွင်းလယ်လူ Pablo Fornals [ ပါဘလို ဖော်နယ်စ် ] ဟာ ၂၀၁၉ ခုနှစ် အင်္ဂလန် Hammers  အသင်းဆီ ရောက်မလာခင် အရင်က Villarreal ၊ Malaga တို့မှာ ကစားခဲ့ပါတယ်။

အခု ရာသီမှာတော့ Pablo Fornals ဟာ ဝက်စ်ဟမ်း အသင်း ရဲ့ ကွင်းလယ် တိုက်စစ်ပိုင်းအတွက် Jarrod Bowen ၊ Lucas Paqueta နဲ့ Mohammed Kudus တို့ ရဲ့ နောက် ပွဲထွက်ခွင့်တွေ နည်းပါးလာခဲ့ပါတယ်။

Pablo Fornals at Spain

စပိန်ကွင်းလယ်လူ ပါဘလို ဖော်နယ်စ်။

ကစားသမား အတွက်အချက် သီအိုရီအရ ကွင်းလယ်လူ ဟာ ယူရို ၁၈ သန်းတန်ဖိုးရှိကာ ဘာစီလိုနာ အသင်း အနေနဲ့ သူတို့ရဲ့ ကြွေးမြီများကို ပြန်လည် ဖွဲ့စည်းမှုတွေ ပြုလုပ်နိုင်ပါတယ်။

အဲ့ဒီနောက်မှာတော့ သူတို့ အနေနဲ့ ကွင်းလယ် ကစားသမားကို ခေါ် ယူဖို့ အချိန်ဆွဲထားနိုင်တယ်လို့ ယုံကြည်နေပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့ ကျွမ်းကျင်သူ ဖာဘရီဇီယို ရိုမီနို က တော့ ဒါကို လက်မခံဘဲ တုံ့ပြန်လိုက်ပါတယ်။

ရိုမန်နိုက Pablo Fornals [ ပါဘလို ဖော်နယ်စ် နဲ့ ပတ်သက်လို့ ဘာပြောလဲ?။

” ဒဏ်ရာရနေတဲ့ ဂါဗီ အတွက် ရွေးချယ်မှု အဖြစ် Pablo Fornals နဲ့ ဘာစီလိုနာတို့ကြား အံ့အားသင့်ဖွယ် ချိတ်ဆက်မှု အချို့ရှိခဲ့ပါတယ်။ Fornals အတွက် တိကျတဲ့ ဆွေးနွေးမှုတွေကို ကျွန်တော် သတိမပြုမိသေးပါဘူး။”

” ကွင်းလယ်လူသစ်နဲ့ ပတ်သက်ပြီးတော့ ဘာမှ မဆုံးဖြတ်ရသေးပါဘူး၊ [အားကစားဒါရိုက်တာ] Deco က ပြောခဲ့သလိုပဲ အခြေအနေက အရမ်း ငြိမ်နေပါတယ်။ “

Pablo Fornals at West Ham United

ဝက်စ်ဟမ်း ကွင်းလယ်လူ ပါဘလို။

” ဘာ စီလိုနာ ရဲ့ ဦးစားပေးမှာ Vitor Roque ကို စာရင်းသွင်းဖို့ Financial Fair Play မှာ ရန်ပုံငွေ အသုံးပြုဖို့ပဲ ဖြစ်တယ်။ ” လို့ ရိုမန်နိုက သူ့ ရဲ့ CaughtOffside ကော်လံမှာ ရေးသားခဲ့ပါတယ်။

ဘာကာဘက်က လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ တစ်ဦးထက် ပိုမိုများပြားသော စာချုပ်ပါ ကုန်ကျစရိတ်ဖြင့် ဘရာဇီးလ် ကစားသမား Roque ကို Camp Nou ဆီ ခေါ်ဆောင်ဖို့ အက်သလက်တီကို ပါရာနာနက်စ် အား ယူရို ၆၁ သန်း ပေးချေ ဖို့ ကတိပြုထားပါတယ်။

လက်ရှိ အချိန်မှာတော့ သူ့ရဲ့ အဓိက နေရာတွေကို ကွင်းလယ်ဗဟိုနဲ့ ရှေ့သုံးနေရာရဲ့ ဘယ်ဘက်ခြမ်းမှာ Ilkay Gundogan ၊ Frenkie de Jong နဲ့ Joao Felix ဒါမှမဟုတ် Ferran Torres တို့က ကစားသွားမှာ ဖြစ်ပါတယ်။

 

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment