Dominic Solanke ကို အနီးကပ် စောင့်ကြည့်နေတဲ့ စပါး။

Dominic Solanke is closely monitored by Tottenham Hot spurs WS
December 29, 2023

ချဲလ်ဆီး ကြယ်ပွင့်ဟောင်း Dominic Solanke [ ဒိုမင်နစ် ဆိုလန်ကီ ] ကို အနီးကပ် စောင့်ကြည့်နေတဲ့ စပါး။

Dominic Solanke [ ဒိုမင်နစ် ဆိုလန်ကီ ] ဟာ အရင်က ချဲလ်ဆီး အသင်းရဲ့ ကြယ်ပွင့် ကစားသမား တစ်ဦး ဖြစ်ပြီး သူ့ ကို ခေါ် ယူဖို့ တော့တင်ဟမ် ဟော့ စပါး အသင်းက အနီးကပ် စောင့်ကြည့်နေတယ် လို့ Sun Online က ဖော်ပြခဲ့ပါတယ်။

စတန်းဖို့ဒ် ဘရစ်ချ် အသင်းမှာ တုန်းက နောက်ထပ် ဒီဒီယာ ဒရော့ဂ်ဘာ လက်သစ် ဆိုပြီး နာမည်ကြီးခဲ့တဲ့ Dominic Solanke [ ဒိုမင်နစ် ဆိုလန်ကီ ] ကို စပါးတို့ စောင့်ကြည့်နေတယ် ဆိုတာတော့ အံ့သြစရာ မရှိလှပါဘူး။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဘုန်းမောက်အသင်း အတွက် Dominic Solanke [ ဒိုမင်နစ် ဆိုလန်ကီ ] ရဲ့ စွမ်းဆောင်ရည်။

ရာသီအစမှာ ဆိုးရွားတဲ့ စတင်မှုတွေ ရှိခဲ့ပေမယ့် သူ့ရဲ့ ကောင်းမွန်တဲ့ ပုံစံက ဘုန်းမောက် အသင်းရဲ့ နောက်ဆုံး ၉ ပွဲ ကစားရာမှာ ၇ ပွဲအထိ အနိုင် ရအောင် ကူညီပေးခဲ့ပါတယ်။

ချယ်လ်ဆီး ကြယ်ပွင့်ဟောင်း Dominic Solanke [ ဒိုမင်နစ် ဆိုလန်ကီ ] ဟာ လက်ရှိ ဘုန်းမောက် အသင်းအတွက် ပရီးမီးယားလိဂ် ၁၈ ပွဲမှာ ၁၂ ဂိုး အထိ သွင်းယူထားပါတယ်။

Dominic Solanke scored 12 goals for Bournemouth

ဘုန်းမောက်အတွက် ပရီးမီးယားလိဂ်မှာ ၁၂ ဂိုးသွင်းယူထားတဲ့ ဆိုလန်ကီ။

Sun ရဲ့ ဖော်ပြချက်အရ “ စပါး အသင်းဟာ နွေရာသီမှာ တိုက်စစ်မှူး တစ်ဦးကို ခေါ် ယူဖို့ အလိုရှိနေပါတယ်။ ဟယ်ရီ ကိန်း နေရာ အတွက်လည်း အသင်းက အစားထိုး တစ်ဦး ထပ်ဖြည့် ဖို့ လိုအပ်‌နေပါတယ်။ ”  လို့ သိရပါတယ်။

တိုက်စစ်မှူး Solanke [ ဒိုမင်နစ် ဆိုလန်ကီ ] အတွက် ကမ်းလှမ်းမှုတွေကို တားဆီးဖို့ ခက်ခဲမှာပါ။

” ဒါကြောင့်မို့လို့ တိုက်စစ်မှူးသစ် ခေါ် ယူရေးဟာ အသင်းအတွက် ကြီးမားတဲ့ ဦးစားပေးဖြစ်ပြီး Dominic Solanke ကတော့ သူတို့ အနီးကပ် စောင့်ကြည့်နေတဲ့သူ တစ်ယောက်ပါ။ ”

“ ဒီရာသီမှာ ဒိုမင်နစ် ဆိုလန်ကီကို စောင့်ကြည့်ဖို့ ကင်းထောက်တွေကို အကြိမ်ပေါင်းများစွာ စေလွှတ်ခဲ့ပြီး နှစ်သစ်ကူးမှာလည်း သူ့ကို ဆက်လက် ခြေရာခံသွားဦးမှာပါ။ ”

Dominic Solanke at Chelsea

ချဲလ်ဆီး ကြယ်ပွင့်ဟောင်း ဆိုလန်ကီ။

“ သူဟာ စပါးအသင်းရဲ့ စိတ်ဝင်စားမှုကို အများကြီး ရရှိနေပြီး ဘုန်းမောက် အနေနဲ့ ဆိုလန်ကီကို တခြား ကလပ် အသင်းတွေ ရဲ့ စိတ်ဝင်တစား ကမ်းလှမ်းမှုတွေ ကို တားဆီးဖို့ ခက်ခဲပါလိမ့်မယ်။ ” လို့ Sun က ဖော်ပြခဲ့ပါတယ်။

စပါး ကစားသမားဟောင်းက Dominic Solanke [ ဒိုမင်နစ် ဆိုလန်ကီ ]ကို အလိုရှိနေပါတယ်။

တော့တင်ဟမ် ဟော့ စပါး ကွင်းလယ် ကစားသမားဟောင်း ဂျေမီ အိုဟာရာက ဆိုလန်ကီ ဟာ စပါး အသင်းမှာ ထူးချွန်တဲ့သူ ဖြစ်မယ်လို့ ယုံကြည်နေပြီး သူ့ကို ခေါ် ယူဖို့ ဇန်နဝါရီ အထိ စောင့်ရမှာကို စိတ်ပျက်မိကြောင်း ပြောကြားခဲ့ပါတယ်။

talkSPORT ကို ပြောကြားရာမှာ အိုရာဟာ က “ ဇန်နဝါရီလမှာ Bournemouth က သူ့ကို ဘယ်လို ထွက်ခွာခွင့်ပြုနိုင်မလဲဆိုတာ ကျွန်တော် မမြင်မိပါဘူး။ သူတို့က ဒီရာသီ အစမှာ အတော်လေး ရုန်းကန်ခဲ့ရပါတယ်။ ”

“ ဒါပေမယ့် ရုတ်တရက် ဆိုသလို ပုံစံကောင်းတွေ ရရှိခဲ့ပြီး အကောင်းဆုံး ကစားနေကြပါတယ်။ ရာသီကုန် မှာ တစ်သင်းသင်းက ပေါင် သန်း ၈၀ ကနေ ၉၀ လောက် နဲ့ ကမ်းလှမ်းလာရင် အဲ့ငွေကြေး နဲ့ သင့်တော်တဲ့ ကစားသမား နှစ်ယောက် ကို ၀ယ်ပြီး အသင်းကို ပြန်တည်ဆောက်နိုင်မှာပါ။ ”

Dominic Solanke Bournemouth are in good form

ပုံစံကောင်းတွေ ရရှိနေတဲ့ ဘုန်းမောက်အသင်း။

“ ဒါပေမယ့် (ဇန်နဝါရီလမှာ) သူ့ ကို ဘယ်လို ထွက်ခွာခွင့် ပြုမလဲဆိုတာ ကျွန်တော် မမြင်နိုင်သေးပါဘူး။ သူ့ ကို တော့တင်ဟမ် ဟော့ စပါးမှာ ရှိနေ စေချင်ပါတယ်။ ”

“ ကျွန်တော် သူ့ ကို ကြည့်ပြီး ကျွန်တော်တို့ အသင်း ကစားချင်တဲ့ ပုံစံ အတွက် ပြီးပြည့်စုံတယ် လို့ ကျွန်တော် ထင်ပါတယ်။ ” ဆိုပြီး ဆိုလန်ကီ နဲ့ ပတ်သက်လို့ မှတ်ချက်ပြု ပြောဆိုထားပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment