Jorrel Hato ကို အလိုရှိနေတဲ့ အာဆင်နယ်။

Jorrel Hato is wanted by Arsenal WS
December 28, 2023

အေဂျက်ဇ် ကြယ်ပွင့် Jorrel Hato [ ဂျော်ရယ် ဟာတို ] ကို အလိုရှိနေတဲ့ အာဆင်နယ်။

Jorrel Hato [ ဂျော်ရယ် ဟာတို ] ကို ဂျူရီယန် တင်းဘား နဲ့ နှိုင်းယှဥ်ထားပြီး ကြီးမားတဲ့ မျှော်လင့်ချက်တွေ နဲ့ အာဆင်နယ် ရဲ့ ပစ်မှတ်အဖြစ် နည်းပြ အာတီ တာက အလိုရှိနေပါတယ်။

Mikel Arteta ဟာ အာဆင်နယ်နဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ကြိုးပမ်းနေတာကြောင့် လာမယ့်နှစ်မှာ သူတို့ရဲ့ ခံစစ်ကို အားကောင်းလာဖို့ မျှော်လင့်နေပြီး အေဂျက်စ် ကြယ်ပွင့် Jorrel Hato ကို ပစ်မှတ်ထားနေပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဟာတိုကို ဂျူရီယန် တင်းဘားနဲ့ ခိုင်းနှိုင်း ပြောဆိုမှုတွေ ရှိပါတယ်။

အသက် ၁၇ နှစ် အရွယ် Jorrel Hato [  ဟာတို ] ဟာ လက်ရှိ ဂန်းနားကြယ်ပွင့် ဂျူရီယန် တင်းဘား နဲ့ နှိုင်းယှဉ်ခံခဲ့ရပြီး အမ်စတာဒမ်ရှိ အေဂျက်ဇ် စီနီယာ အသင်းနဲ့အတူ ပွဲထွက်လာပြီးနောက် တင်းဘားနည်းတူ မြောက်လန်ဒန်ကို ပြောင်းရွှေ့ လာနိုင်ပါတယ်။

အသက် ၂၂နှစ် အရွယ် တင်းဘားဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက အာဆင်နယ်ကို ယူရို သန်း ၄၀ နဲ့ ရောက်ရှိလာခဲ့ပေမယ့် သူ့ ရဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက်မှာ ACL ဒဏ်ရာ ရရှိခဲ့ပြီး အဲ့ဒီကတည်းက အနားယူနေခဲ့ရပါတယ်။

Jorrel Hato Jurrien Timber injured on his 1st EPL game.

ပရီးမီးယားလိဂ် ပွဲဦးထွက်မှာ ဒဏ်ရာရခဲ့တဲ့ တင်းဘား။

ဂျူရီယန် တင်းဘား အနေနဲ့ လာမယ့် နှစ်သစ်မှာ အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်ဖို့ မျှော်လင့်ထားပြီး အာတီတာ ရဲ့ လက်ရှိ ကစားပုံနဲ့ အံဝင်ခွင်ကျ ဖြစ်နေတာကို မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

အေဂျက်ဇ်အသင်း နဲ့အတူ Jorrel Hato [ ဂျော်ရယ် ဟာတို ] ပွဲထွက်ခွင့်တွေ အများကြီး ရရှိထားပါတယ်။

တင်းဘားဟာ မန်ချက်စတာစီးတီးကို ကွန်မြူနတီဒိုင်း နိုင်ပွဲမှာ ဘယ်နောက်ခံလူနေရာမှာ စတင် ပွဲထွက်ခဲ့ပြီး ဒါဟာ သူ့ အနေနဲ့ ပြန်လည် ကြံ့ခိုင်လာတဲ့အခါ ဇင်ချန်ကို ရဲ့ နေရာကို အစားထိုးနိုင်တယ်လို့ ဆိုလိုပါတယ်။

တစ်ဖက်မှာ Jorrel Hato [  ဟာတို ] ဟာ  ဘယ်သန် ကစားသမားတစ်ဦး ဖြစ်ပြီး မကြာသေးခင်က အေဂျက်စ်အသင်းရဲ့ ဘယ်နောက်ခံနေရာမှာ ကစားပေးခဲ့တာကြောင့် တင်းဘားနဲ့ ဇင်ချန်ကိုတို့ နေရာအတွက်လည်း ကစားပေးနိုင်မှာပါ။

Jorrel Hato at Netherlands senior team

ဂျော်ရယ်ဟာတို ဟာ နယ်သာလန်လက်ရွေးစင်အသင်းမှာ ပထမဆုံး ပွဲထွက်ခွင့် ရရှိထားပါပြီ။

နယ်သာလန်သားဟာ ဇန်နဝါရီ ၂၀၂၃ မှာ သူ့ ရဲ့ စီနီယာ ပွဲဦးထွက် ကစားခဲ့ပြီး ပထမအသင်းနဲ့အတူ ပွဲ ၄၀ အထိ ကစားထားပြီး သူဟာ အေဂျက်ဇ် ရဲ့ Eredivisie လိဂ် မိနစ်တွေမှာလည်း ၁၀၀% အပြည့် ပါဝင် ကစားခဲ့ပါတယ်။

Ajax မှ အာဆင်နယ်ဆီ Jorrel Hato [  ဟာတို ] ရောက်ရှိလာမှာလား?။

The Athletic ရဲ့ဖော်ပြချက်အရ Jorrel Hato [  ဟာတို ] ဟာ အာဆင်နယ် အသင်း ရဲ့ အဓိက အပြောင်းအရွှေ့ ပစ်မှတ်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

Nico Schlotterbeck နှင့် Matthijs de Ligt တို့ကိုလည်း သဘောကျနေကြပေမယ့် အေဂျက်ဇ် ဆယ်ကျော်သက် လူငယ်လေးအား အမ်းမရိတ်စ် အသင်းဆီ တင်းဘားပုံစံမျိုး လိုက်လာဖို့ မှတ်ချက်ပြုခံနေရပါတယ်။

အဆိုပါ ဆယ်ကျော်သက် နောက်ခံလူဟာ အမ်စတာဒမ် အသင်းအတွက် ခက်ခဲတဲ့ ရာသီတစ်ခုမှာ အသင်းခေါင်းဆောင် လက်ပတ်ကို ရံဖန်ရံခါ ဝတ်ဆင်ခဲ့ပြီး ဒတ်ခ်ျစီနီယာအသင်းအတွက် သူ့ ရဲ့ ပထမဆုံး ပွဲစဥ်ကို ကစားထားပြီး ဖြစ်ပါတယ်။

ဟာတိုဟာ ဘယ်ခြမ်းဗဟိုနောက်ခံလူ ဒါမှမဟုတ် ဘယ်နောက်ခံ ကစားသမားအဖြစ် ကစားတဲ့အတွက် လက်ရှိ အာဆင်နယ် အသင်းမှာ တင်းဘားကို အားဖြည့်ပေးပါလိမ့်မယ်။

Jorrel Hato at Ajax captain

အေဂျက်ဇ် အသင်းခေါင်းဆောင် ဂျော်ရယ် ဟာတို။

ဒါပေမယ့် ဂျော်ရယ် ဟာတို အတွက် ပြောင်းရွှေ့ ကြေးက နည်းမှာ မဟုတ်တာကြောင့် အာဆင်နယ်အသင်းအတွက် ကာလတို အငှား ခေါ် ယူခြင်းက ဖြစ်နိုင်ခြေ အရှိဆုံး ရွေးချယ်မှု တစ်ခုပါ။

အေဂျက်စ် နောက်ခံလူဟာ ဥရောပရဲ့ အရည်အချင်း အရှိဆုံး လူငယ်တွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး သူ့ရဲ့ ကစားသမား ဘဝအတွက် မျှော်လင့်ချက် ကြီးကြီးမားမား ရှိနေတာ သေချာပါတယ်။

တင်းဘားနဲ့ ပတ်သက်လို့ ဟာတို က“ကံမကောင်းစွာပဲ သူဟာ အာဆင်နယ်အတွက် သူ့ရဲ့ ပထမဆုံး  ပရီးမီးယားလိဂ်ပွဲမှာ ဒဏ်ရာအပြင်းအထန် ရခဲ့ပေမယ့် သူက ငယ်ရွယ်သေးပြီး သူ့ မှာ တောက်ပတဲ့ အနာဂတ် ရှိနေပါတယ်။ ”

“ဘာပဲဖြစ်ဖြစ် အာဆင်နယ်ကို ပြောင်းရွှေ့တာက သူ့အတွက် အံ့ဩစရာပါပဲ။ တစ်နေ့မှာ ဒီလိုအပြောင်းအရွှေ့တစ်ခုလုပ်ဖို့ ကျွန်တော့်ရဲ့အိပ်မက် တစ်ခုလည်း ဖြစ်ပေမယ့် ကျွန်တော်သွားရမယ့်လမ်းက အရမ်းရှည်နေသေးတယ်ဆိုတာ  နားလည်ပါတယ်။” လို့ ပြောထားပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment