Skriniar [ စခရီနီယာ ]ကို ခေါ်ယူချင်နေတဲ့ အသင်းလေးသင်း။

အင်တာမီလန် နောက်ခံလူ Milan Skriniar [ မီလန် စခရီနီယာ ] ကို ဇန်နဝါရီမှာ ခေါ်ယူချင်နေတဲ့ အသင်းများ
Skriniar [ မီလန် စခရီနီယာ ] ဟာ လက်ရှိ အီတလီ စီးရီးအေအသင်းမှာ ခြေစွမ်းပြနေတဲ့ နောက်ခံလူတစ်ဦး ဖြစ်ပြီး လာမယ့် ဇန်န၀ါရီလ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ကလပ်လေးခုက မျှော်လင့်နေပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ အင်တာမီလန်နောက်ခံလူ မီလန်စခရီနီယာကို ခေါ်ယူဖို့အတွက် ချယ်လ်ဆီး၊ တော့တင်ဟမ်ဟော့စပါးနဲ့ PSG အသင်းတို့နဲ့ အပြိုင်အဆိုင် ကြိုးပမ်းနေပြီလို့ အားကစား မီဒီယာ Football Insider က ဖော်ပြခဲ့ပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
အင်တာ မီလန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် Skriniar [ မီလန် စခရီနီယာ ]။
နောက်ခံလူ မီလန် စခရီနီယာ ရဲ့ အင်တာ မီလန် အသင်းနဲ့ စာချုပ်သက်တမ်းဟာ ဒီရာသီအကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပြီး အသင်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကြောင့် နောက်ထပ် စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုမှာ ပြဿနာ မရှိဘူးလို့ ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ထားကြပေမယ့် အချိန်တွေက ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။
အဲ့ဒီအချက်က မီလန် စခရီနာနဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့ စချုပ်အကြို ညှိနှိုင်းမှုတွေ စ,တင်နိုင်တော့မယ့် ဥရောပ တစ်ဝှမ်းမှာရှိတဲ့ အဓိက ထိပ်တန်း ကလပ်အသင်းတွေကို သတိပေးထားသလို ဖြစ်နေပါတယ်။

စခရီနီယာကို ထိပ်တန်းကလပ် လေးသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။
တချိန်တည်းမှာ ဥရောပ ထိပ်တန်း ကလပ်အသင်းတွေ ဖြစ်တဲ့ ပီအက်စ်ဂျီ၊ ချဲလ်ဆီး၊ တော့တင်ဟမ် ဟော့စပါးအသင်းတို့က နောက်ခံလူ Skriniar [ မီလန် စခရီနီယာ ] ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီဆိုတာ အတည်ပြုထားပြီး ဖြစ်ပါတယ်။
အီတလီကလပ်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ တုန်းက စခရီနီယာကို ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းဆီ ရောင်းချဖို့ ဆွေနွေးမှုတွေ ပြုလုပ်ခဲ့ဖူးပါတယ်။
ဒါပေမယ့် ပြင်သစ် လီဂူး ၁ အသင်းက Nerazzurri [ အင်တာ မီလန် ] အသင်း ရဲ့ ပြောင်းရွှေ့ကြေး ယူရို ၆၅-၇၀ သန်း တောင်းဆိုခြင်းကို ဖြည့်ဆည်းပေးဖို့ ငြင်းဆန်ခဲ့တာကြောင့် အပြောင်းအရွှေ့ မပြီးမြောက်ခဲ့ပါဘူး။
ငွေကြေး အမြတ်အစွန်းတွေ ရရှိဖို့ လိုအပ်နေတဲ့ အင်တာမီလန်အသင်း။
အီတလီသားတွေဟာ အလွန် လိုအပ်နေတဲ့ အမြတ်အစွန်း ရရှိဖို့အတွက် အရင် တိုရီနိုအသင်းရဲ့ နောက်ခံလူ ဘရီမာကို ထက်ဝက်ဈေးနဲ့ မခေါ်ယူခင် အဲ့ပမာဏအတွက် စခရီနီယာကို ရောင်းချဖို့ စီစဥ်ခဲ့တာ ဖြစ်ပါတယ်။
အင်တာမီလန်အသင်းဟာ ၂၀၂၃ ခုနျစ် ဇွန်လ ၃၀ ရက်နေ့မှာ အမြတ်ငွေ ယူရိုသန်း ၆၀ ရရှိဖို့ လိုအပ်နေပြီး အဲ့ဒါက အသင်းကို အားနည်းစေခြင်း မရှိဘဲ ဒီရည်မှန်းချက်ကို ပြီးမြောက်ဖို့ ရေရှည်အတွက် စဥ်းစားနေတာလို့ သတင်းတော်တော်များများမှာ ဖော်ပြခဲ့ကြပါတယ်။

ဆလိုဗက်ကီးယား လက်ရွေးစင် ကစားသမား မီလန် စခရီနီးယား။
ဒါပေမယ့် ဂျူဗင်တပ်စ်အသင်းဟာ အပြောင်းအရွှေ့ နောက်ဆုံးအချိန်မှာ တိုရီနို နောက်ခံလူ ဘရီမာအတွက် သဘောတူညီမှု ရရှိခဲ့ပါတယ်။ ကလပ်အသင်း အနေနဲ့ မီလန် စခရီနီယာအတွက် တော့တင်ဟမ် ဟော့စပါးနဲ့ ချဲလ်ဆီးအသင်းတို့ဆီကနေ ကမ်းလှမ်းမှုတွေ ရှိနေပေမယ့် နောက်ဆုံးမှာတော့ နောက်ခံလူကို အသင်းမှာ ဆက်လက်ထားရှိဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
အီတလီကလပ်အသင်းအနေနဲ့ Skriniar [ စခရီနီယာ ] ကို ရောင်းချဖို့ လိုအပ်သလား။
အင်တာမီ လန်အသင်းဟာ လာမယ့် အပြောင်းအရွှေ့ နှစ်ခုမှာ ထိပ်တန်း ကစားသမားတစ်ဦးကို စွန့်လွှတ်ရဖွယ် ရှိနေဆဲ ဖြစ်တာကြောင့် စခရီနီယာ အနေနဲ့ စာချုပ်သစ်ချုပ်ဆိုသည်ဖြစ်စေ၊ မချုပ်ဆိုသည်ဖြစ်စေ သူ့ရဲ့ အနာဂတ်ကတော့ သံသယဖြစ်ဖွယ် ရှိနေပါတယ်။
ဗြိတိန် အားကစားမီဒီယာ Football Insider ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်အသင်းဟာ နောက်ခံလူ Skriniar [ စခရီနီယာ ] ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ မကြာသေးခင် နှစ်တွေအတွင်းက စာချုပ်သက်တမ်း ကုန်ဆုံးတဲ့ ကစားသမားတွေကို ခေါ်ယူခြင်းအတွက် နာမည်ကောင်းတစ်ခု တိုးလာခဲ့ပါတယ်။

အင်တာမီလန်အသင်းမှာ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ နောက်ခံလူ စခရီနီယာ။
အင် တာမီလန်အသင်းဟာ ဇန်နဝါရီလ အပြောင်းအရွှေ့မျာ ကလပ်အသင်းရဲ့ ကြယ်ပွင့် နောက်ခံလူကို ရောင်းချဖို့ ပိတ်ပင်ထားပုံ မပေါ်ပေမယ့် အသင်းရဲ့ လူသိရှင်ကြား ငွေကြေး ပြဿနာတွေကြောင့် ကစားသမားကို လက်လွှတ်ဖို့ဆိုတာ ဖြစ်နိုင်ပါတယ်။
အီတလီကလပ်အသင်း ဟာ ချဲလ်ဆီးအသင်းကနေ တစ်နှစ် အငှားနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်မှူး ရူမလူ လူကာကူကို အပြီးသတ် ခေါ်ယူဖို့ လန်ဒန်ကလပ် အသင်းနဲ့ ပြောဆို ညှိနှိုင်းနေပြီလို့ သိရပါတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။