Origi [ အော်ရီဂီ ] ကို မလိုချင်တော့တဲ့ မီလန်။

Origi appearing to already be losing faith of the club and the Milan fanbase
September 16, 2022

တိုက်စစ်မှူး Origi [ ဒီဗော့ခ် အော်ရီဂီ ] ကို မလိုချင်တော့ဘူး ဆိုလာတဲ့ မီလန်အသင်း။

Origi [ ဒီဗော့ခ် အော်ရီဂီ ] ရဲ့  ခြေစွမ်းနဲ့ ဒဏ်ရာ ပြဿနာတွေကြောင့် တစ်လ အကြာမှာပဲ အီတလီကလပ်  အေစီ မီလန်အသင်းက သူ့ကို အသင်းကနေ ဖယ်ရှားဖို့ ဆန္ဒ ရှိနေပြီ ဖြစ်ပါတယ်။

အေစီ မီလန်အသင်းမှာ တိုက်စစ်မှူး Origi [ ဒီဗော့ခ် အော်ရီဂီ ] ရဲ့ ကစားသမား ဘဝဟာ ဆိုးရွားနေပြီး ဒဏ်ရာ အနာတရတွေနဲ့ ရာသီအစမှာ ရုန်ကန်နေရပါတယ်။  ဇန်နဝါရီတုန်းက လီဗာပူးလ် တိုက်စစ်မှူးဟောင်းကို အစားထိုးဖို့ ကလပ်အသင်းက စဥ်းစားထားတာကြောင့် သူ့ကစားသမားဘဝ အနေနဲ့ အတော်လေး အခက်တွေ့နေပြီ ဖြစ်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့ Origi [ ဒီဗော့ခ် အော်ရီဂီ ]။

ဒီဗော့ခ် အော်ရီဂီဟာ အန့်ဖီးလ် [ လီဗာပူးလ် ] အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် မီလန်အသင်းနဲ့ လေးနှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အသင်းသစ်အတွက် ပထမအသင်း အနေနဲ့ ပွဲထွက်ခွင့် မရသေးဘဲ အရန်ခုံကနေပဲ လေးပွဲ ကစားထားရာမှာ တစ်ဂိုးမှ သွင်းယူထားခြင်း မရှိသေးပါဘူး။

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဆိုပါ ကစားသမားဟာ ဆမ်ဒိုးရီးယားအသင်းကို မီလန် အနိုင်ရရှိခဲ့တဲ့ ပွဲမှာ လွဲချော်ခဲ့ပါတယ်။ ဒါ့ အပြင် ရိုစီနာရီရဲ့ နောက်ထပ်လာမယ့် ပွဲအနည်းငယ်ကို လွဲချော်စေ ဦးမယ့် ကြွက်သားဒဏ်ရာကိုလည်း ရရှိခဲ့ပါတယ်။

ဘယ်လ်ဂျီယံ တိုက်စစ်မှူးရဲ့ ကြံ့ခိုင်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ အနေနဲ့ မီလန်အသင်းရဲ့ လေ့ကျင့်ရေးကွင်း နှစ်ကြိမ် ဒါမှမဟုတ် သုံးကြိမ် အနားယူနေရတာကို မြင်တွေ့နေရပါတယ်။

Origi failed to score in any of his four appearances off the bench.

အော်ရီဂီဟာ ‌မီလန်အသင်းအတွက် ဂိုးမသွင်းနိုင်သေးပါဘူး။

ဒဏ်ရာ ပြဿနာတွေနဲ့အတူ အီတလီမှာ သူ့ရဲ့ ကစားသမား ဘဝအစ နှေးကွေးမှုတွေ ရှိနေတာကြောင့် ကလပ်အသင်းဟာ လာမယ့် ဇန်နဝါရီ  အပြောင်းအရွှေ့ ဈေးကွက်အတွက် သူတို့ရဲ့ ရွေးချယ်စရာတွေကို ထည့်သွင်း စဥ်းစားလာခဲ့ကြပါတယ်။

တချိန်တည်းမှာ လိုင်လီ တိုက်စစ်မှူး ဂျိုနသန် ဒေးဗစ်ဟာ အလားအလာ ရှိတဲ့ အစားထိုးမှုအဖြစ် အားကစား သတင်းဌာန Calciomercato မှ စာရင်းသွင်းထားတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။ 

ဒါ့အပြင် အာဘီ ဆောလ်ဇ်ဘက်ဂ်အသင်းမှ အသက် ၂၂ နှစ် အရွယ် တိုက်စစ်မှူး နိုအာ အိုကာဖော်ဟာလည်း သူတို့အတွက် ရွေးချယ်စရာ တစ်ခု ဖြစ်နေပါတယ်။

ဒီဗော့ခ်အော်ရီဂီ [ Origi ] က " ဒီရာသီရဲ့ အဆိုးရွားဆုံး ခေါ်ယူမှု "။

ဘယ်လ်ဂျီယံသား အော်ရီဂီဟာ ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေရပေမယ့် သူ့ရဲ့ ‌မီလန်အသင်းကတော့ အခုအချိန်အထိ စီးရီးအေမှာ ဒုတိယ ဂိုးသွင်း အများဆုံး အသင်း ဖြစ်နေပါသေးတယ်။ ရာသီအဖွင့် ခြောက်ပွဲ အပြီးမှာ ရှုံးပွဲ မရှိသေးဘဲ အမှားပေး ဇယားရဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။

Origi failed to score while Giroud scored

ဂျီရူးဒ်ရဲ့ သွင်းဂိုးတွေကို အားကိုးနေရတဲ့ အေစီမီလန်။

နည်းပြ စတီဖာနို ပီအိုလီဟာ ရာဖေးလ် လီယိုနဲ့ ဝါရင့် တိုက်စစ်မှူး အိုလီဗီယား ဂျီရူးတို့ရဲ့ သွင်းဂိုးတွေကို အားကိုးခဲ့ရပါတယ်။ သူတို့ နှစ်ဦး စလုံးဟာ ပြီးခဲ့တဲ့ ရာသီအကုန်တုန်းက ACL ခွဲစိတ်ကုသမှု ခံယူပြီးနောက် ကာလအတန်ကြာ အနားယူခဲ့ရတဲ့    ဇလာတန် အီဗရာ မပါဝင်တဲ့နောက်ပိုင်း ၃ ဂိုးစီ သွင်းယူထားပါတယ်။

တကယ်လို့ ပြင်သစ် တိုက်စစ်မှူး ဂျီရူးဒ် ဒဏ်ရာရသွားပါက မီလန်အသင်း‌ အနေနဲ့ သူ့တို့ လက်ရှိ စီးရီးအေ ချန်ပီဆုကို ဆက်လက်ထိန်ထားနိုင်ဖို့ ရုန်းကန်ရဦးမယ်ဆိုတာကို စိုးရိမ်နေကြပါတယ်။ အဲ့ဒါကြောင့်မို့ တိုက်စစ်မှူး အော်ရီဂီဟာ ကလပ်အသင်းနဲ့ မီလန် ပရိတ်သတ်တွေရဲ့ ယုံကြည်မှုတွေကို ဆုံးရှုံးနေပြီလို့ ထင်ရပါတယ်။

ဒါပေမယ့်လည်း ပီအိုလီဟာ သူ့ရဲ့ တိုက်စစ်မှူး ဘက်ကနေ ရပ်တည်ပေးနေပုံ ရပြီး မီဒီယာတွေကို ပြောရာမှာတော့

“သူဟာ ကစားသမားကောင်းတစ်ယောက်ဖြစ်လို့ စိတ်ပျက်စရာကောင်းပေမယ့် လေ့ကျင့်ရေးပြီးဆုံးချိန်မှာတော့ သူ့မှာ ဘာခံစားချက်မရှိခဲ့ပါဘူး။ “

Origi scored last minute goal against Barcelona

လီဗာပူးလ် တိုက်စစ်မှူးဟေဟာင်း အော်ရီဂီ။

“ အိုရီ ဂီရဲ့ ဒဏ်ရာအတွက် ကျွန်တော် စိတ်မပူပါဘူး။ ဒါပေမယ့် စိတ်မကောင်းတော့ ဖြစ်မိပါတယ်။ သူက ကျွန်တော်တို့ ပြင်းပြင်းထန်ထန် လိုချင်နေတဲ့ ကစားသမား တစ်ယောက်ဖြစ်ပြီး နိုင်ငံတကာ ပွဲစဥ်တွေ ပြီးရင်တော့ သူ့ရဲ့ အကောင်းဆုံး ပုံစံတွေ ပြန်ရဖို့ မျှော်လင့်နေပါတယ်။” လို့ ပြောသွားခဲ့ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment