L. Messi ကို စာချုပ်သက်တမ်းတိုးမယ့် ပီအက်စ်ဂျီ။

PSG are set to renew contract L. Messi
September 15, 2022

ဘာစီလိုနာအသင်းဟာ  L. Messi [ မက်ဆီ ] ရဲ့  အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ထိုးနှက်ခံခဲ့ရပါတယ်။

L. Messi [ လီယွန်နယ် မက်ဆီ ] ရဲ့  ၂၀၂၁ ခုနှစ် ဘာစီလိုနာကနေ ပီအက်စ်ဂျီအသင်းဆီ အပြောင်းအရွှေ့က ဘောလုံးလောကကို တုန်လှုပ်စေခဲ့ပြီး သူ့ရဲ့ ဒုတိယရာသီမှာ အထင်ကြီးလောက်စရာ ခြေစွမ်းတွေ ရရှိဖို့ မျှော်လင့်နေပါတယ်။

ဘာစီလိုနာအသင်းဟာ ညာတောင်ပံတိုက်စ်  လီယွန်နယ် မက်ဆီကို လာမယ့် နှစ်မှာ ကလပ်အသင်းထံ ပြန်လည် ခေါ် ဆောင်ဖို့ ကြိုးပမ်းမှုမှာ သတင်း မီဒီယာတွေရဲ့ ထိုးနှက်ချက်‌တွေ များစွာကို ခံခဲ့ရပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

[ လီယွန်နယ် မက်ဆီ ] L. Messi ကို  စာချုပ်သက်တမ်းတိုးမယ့် ပီအက်စ်ဂျီ။

Parc des Princes [ ပီအက်စ်ဂျီ ] မှာ မက်ဆီရဲ့ စာချုပ်ဟာ လက်ရှိ ရာသီကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပေမယ့် ပြင်သစ် အားကစား မီဒီယာ L’Equipe ရဲ့ အဆိုအရ ပီအက်စ်ဂျီအသင်းဟာ သူ့ကို နောက်ထပ် သက်တမ်းတိုးဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

PSG [ ပီအက်စ်ဂျီ ] အသင်းဟာ လီယွန်နယ် မက်ဆီရဲ့ စာချုပ်ကို နောက်ထပ် တစ်နှစ် သက်တမ်းတိုးဖို့ ရွေးချယ်ခွင့် ရှိနေပြီ ဖြစ်ပေမယ့် ကလပ်အသင်း အနေနဲ့ သူ့ကို  နောက်ထပ် နှစ်နှစ် စာချုပ် ချုပ်ဆိုဖို့ ယုံ‌ကြည်နေကြောင်း အားကစား မီဒီယာ L’Equipe က ရေးသားဖော်ပြထားပါတယ်။

L. Messi scored PSG's first goal of the 2022-23 season

ဒီရာသီ မက်ဆီအတွက် ပထမဦးဆုံးဂိုးကို သွင်းယူနေစဥ်။

ပြင်သစ် ကလပ်အသင်းက သူ့ရဲ့ စာချုပ်သက်တမ်းကို ၂၀၂၅ ခုနှစ်အထိ သက်တမ်းတိုးမှာ ဖြစ်ပြီး အဲ့ စာချုပ်သက်တမ်း နဲ့အတူ မက်ဆီရဲ့ အသက်ဟာလည်း ၃၈ နှစ်ကို ရောက်သွားမှာ ဖြစ်ပါတယ်။

အာဂျင်တီးနားသားဟာ ပြီးခဲ့တဲ့နှစ် နွေရာသီတုန်းက ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ် မချုပ်ဆို နိုင်ခဲ့ခြင်းကြောင့် ပြင်သစ်ထိပ်တန်းကလပ် ပီအက်စ်ဂျီအသင်းကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့ရတာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းနဲ့ မက်ဆီရဲ့ စာချုပ်ချုပ်ဆိုမှု မအောင်မြင်ခဲ့ပါဘူး။

လာလီဂါ စည်းမျဥ်းတွေဟာ သူတို့ရဲ့ ဘဏ္ဍာရေး ပြဿနာတွေကြားမှာ ဘာကာ ကလပ်အသင်းရဲ့ မက်ဆီအတွက် စာချုပ်ကို သက်တမ်းတိုးဖို့ အသင်းအတွက် မဖြစ်နိုင်စေခဲ့ဘဲ အပြောင်း‌အရွှေ့ ကာလမှာ တိုက်စစ်မှူးကိုသာ ပီအက်စ်ဂျီအသ်ငးကို ပြောင်းရွှေ့ဖို့ ဖိအားပေး ခံခဲ့ရပါတယ်။

ပီအက်စ်ဂျီအသင်းကို ရောက်ရှိလာပြီး ကတည်းက မက်ဆီဟာ ဘာစီလိုနာအသင်းကို ပြန်လာဖို့ ထပ်ခါတလဲလဲ ချိတ်ဆက်နေခဲ့ပြီး ဥက္ကဌ ဂျိုဝမ် လာပေါ်တာနဲ့ မန်နေဂျာ ဇာဗီတို့ဟာ သူ အသင်းကို ပြန်လာဖို့ ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ  အပေါ်ယံ မျှသာ လုပ်ဆောင်ခဲ့ကြပါတယ်။

L. Messi was prolific in his last season at Barca

ဘာစီလိုနာရဲ့ အချစ်တော် လီယွန်နယ်မက်ဆီ။

တိုက်စစ်မှူး [ မက်ဆီ ] L. Messi ပြန်လာဖို့နဲ့ ပတ်သက်ပြီး နည်းပြ ဇာဗီက ဘာပြောခဲ့လဲ။

“ ဒီဘာစီလိုနာအသင်းမှာ မက်ဆီရဲ့ ခေတ် မကုန်သေးဘူးလို့ ထင်ပါတယ်။ သူဟာ အသင်းကနေ ကောင်းကောင်း ထွက်ခွာနိုင်ပြီး တစ်လျှောက် အကောင်းဆုံး ကစားသမားဖြစ်တယ်ဆိုတာကို ပြသနိုင်ဖို့ ဒုတိယအခွင့်အရေး ဒါမှမဟုတ် နောက်ထပ်အခွင့်အရေးတစ်ခု ထိုက်တန်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ”

“နောက်နှစ်ကျမှ ဒီအကြောင်းကို ပြောမယ်။ ဒါပေမယ့် မေးချင်တာက အဲဒါကို ကြိုက်လား၊ အဖြေကတော့ ဟုတ်တယ်။” လို့ ဇာဗီက ဇူလိုင်လမှာ ပြောကြားခဲ့ပါတယ်။

အာဂျင်တီးနား လက်ရွေးစင်အသင်း အသင်းခေါင်းဆောင်ဟာ ခက်ခဲတဲ့ ပထမရာသီကို ကြံ့ကြံ့ခံကာ လီဂူး ၁ တွင် တစ်ရာသီလုံး သွင်းဂိုး လေးဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် ကနေ ထွက်ခဲ့ရတဲ့ နောက်ဆုံးရာသီမှာ ရီးယဲလ်မက်ဒရစ်အသင်းကို နှစ်ကျော့ပေါင်း ၃-၂ ဂိုးနဲ့ ရှုံးနိမ့်ကာ ၁၆ သင်း အဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။

L. Messi scored only four goals in Ligue 1 last season

ပြီးခဲ့တဲ့ ရာသီတုန်းက ‌မက်ဆီဟာ ပီအက်စ်ဂျီအသင်းအတွက် ၄ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

အာ ဂျင်တီးနား လက်ရွေးစင် ကစားသမားကြီးဟာ နူးကမ့်မှာ မကြာခဏ ဆိုသလို ရရှိခဲ့တဲ့ အံ့မခန်း သွင်းဂိုး အရေအတွက်၊ ဂိုးဖန်တီးမှု အရေအတွက်တွေကို ပီအက်စ်ဂျီအသင်းမှာ လုပ်ဆောင်နိုင်စွမ်း မရှိခဲ့ပါဘူး။ အလားတူ ပီအက်စ်ဂျီအသင်း အနေနဲ့ သူတို့ အရမ်းလိုချင်နေတဲ့ ချန်ပီယံလိဂ် ဆုဖလားကြီးကို ဆွတ်ခူးနိုင်ဖို့ကိုလည်း မကူညီနိုင်ခဲ့ပါဘူး။

ဒါပေမယ့်လည်း အခု ရာသီမှာ L. Messi [ လီယွန်နယ် မက်ဆီဟာ ] ဟာ ကောင်းမွန်တဲ့ ပုံစံတွေနဲ့ ခြေစွမ်းပြနေပြီ ဖြစ်ပါတယ်။ အသင်းအတွက် ဒီရာသီ သွင်းဂိုး သုံးဂိုးနဲ့ ဂိုးဖန်တီးမှု ခုနစ်ကြိမ် ပြုလုပ်ထားပြီး အသင်းကလည်း သူ့ကို စာချုပ်သက်တမ်းတိုးဖို့ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment