Diogo Costa ကို ခေါ်ယူဖို့ စိတ်အားထက်သန်နေတဲ့ ယူနိုက်တက်။

ပေါ်တိုဂိုးသမား Diogo Costa [ ကော်စတာ ] ကို ခေါ်ယူဖို့ စိတ်အားထက်သန်နေတဲ့ ယူနိုက်တက်။ Diogo Costa [ ဒီယိုဂို ကော်စတာ ] ကို ခေါ်ယူဖို့အတွက် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဈေးကွက်မှာ ရှိနေပြီး ပေါ်တို ဂိုးသမားဟာ လာမယ့် အပြောင်းအရွှေ့ ဈေးကွက်မှာ သူတို့ရဲ့ ထိပ်တန်းပစ်မှတ်တွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။ ပေါ်တိုအသင်း ဂိုးသမားဟာ ပြီးခဲ့တဲ့ နှစ်ကထက် အရှိန်အဟုန်နဲ့ တိုးတက်လာပြီး ပေါ်တိုနဲ့ ပေါ်တူဂီအတွက် အငြင်းပွားဖွယ် မရှိ နံပါတ်တစ် ဂိုးသမား ဖြစ်လာကာ ကမ္ဘာ့ဖလားမှာ သူ့ရဲ့ ပြောင်းရွှေ့ကြေးက ပိုမို မြင့်တက်လာနိုင်မှာ ဖြစ်ပါတယ်။