Mainoo နဲ့ ဆောက်ဂိတ်ရဲ့ လက်ရွေးစင် အသင်း အခြေအနေ။

Mainoo Southgate brave enough to call up him WS
February 20, 2024

လူငယ် ကြယ်ပွင့် Mainoo [ မင်နူး ] ကို လက်ရွေးစင်ဆီ ခေါ် ဖို့ ဆောက်ဂိတ် သတ္တိရှိပါ့မလား။

Mainoo [ ကိုဘီ မင်နူး ] ဟာ မကြာသေးခင်ကမှ ယူနိုက်တက် ယူ – ၂၁ အတွက် EFL ဆုဖလားတွင် ပါဝင်ကစားခဲ့ပြီး နိုဝင်ဘာ ၈ ရက်က ယူအီးအက်ဖ်အေ လူငယ်လိဂ်ပြိုင်ပွဲတွင် ကိုပင်ဟေဂင် နဲ့ ကစားခဲ့တာပါ။

သူ့ ရဲ့ ခြေစွမ်း တိုးတက်လာမှုက အံမခန်းပါပဲ။ အသက် ၁၈  နှစ်အရွယ် မှာပဲ နည်းပြ Erik ten Hag ရဲ့ ယူနိုက်တက် အတွက် အကောင်းဆုံး ကွင်းလယ် ကစားသမား တစ်ဦး ဖြစ်နေပါပြီ။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဆောက်ဂိတ်ဆီ Mainoo [ ကိုဘီ မင်နူး ] ကို ဆင့်ခေါ် ဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။

ဒါကြောင့် ဂါရတ်သ် ဆောက်ဂိတ်ဟာ သူ့ ရဲ့  အင်္ဂလန် လက်ရွေးစင် အသင်းမှာ ဘရာဇီးနှင့် ဘယ်လ်ဂျီယံတို့ကစားမယ့် ခြေစမ်းပွဲအတွက် လူငယ် ကစားသမားအား ထည့်သွင်းဖို့ တောင်းဆိုမှုများ ပြုလုပ်ခဲ့ပါတယ်။

အာဆင်နယ် တိုက်စစ်မှူးဟောင်း Ian Wright က “Kobbie Mainoo ဟာ နောက်အင်္ဂလန်အသင်းမှာ ပါဝင်ရမှာ ဖြစ်ပါတယ်။ ဒီလို ကစားသမား မျိုး မတွေ့ ရတာ ကြာပါပြီ။ “

Mainoo at England youth team

အင်္ဂလန် လူငယ်ကြယ်ပွင့် မင်နူး။

အခုလို ဖရိုဖရဲ ဖြစ်နေတဲ့ အခြေအနေမျိုးမှာ ဒီလို ရင့်ကျက်တဲ့ အင်္ဂလန် ကစားသမားမျိုး တွေရတာ ဝမ်းသာပါတယ်။ နောက်ပြီး သူကစားတဲ့ ပွဲတိုင်း ကြည့်ရတာ သဘောကျမိပါတယ်။ ” လို့ X မှာ ရေးသား‌ခဲ့ပါတယ်။

Wright ဟာ ချန်ပီယံလိဂ် လေးကြိမ် ချန်ပီယံ Casemiro နဲ့ ဘရူနို ဖာနန်ဒက်စ် တို့ ပါဝင်တဲ့ Luton Town နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ယူနိုက် တက် ကွင်းလယ်လူ မင်နူးရဲ့ ကစားပုံကို ကြည့်ရှုခဲ့ပါတယ်။

အင်္ဂလန် ကြယ်ပွင့် Mainoo [ ကိုဘီ မင်နူး ] က ယူနိုက်တက် ကွင်းလယ် ဗိုလ်ချုပ် ဖြစ်နေပါပြီ။

ယူနိုက်တက်သည် ဟွိုက်လန်းရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ချေပဂိုး ပြန်ခွင့်ပြုပေးလိုက်ရချိန် အသင်းသားတွေ ဖွဲ့စည်းပုံ ပျက်သွားခဲ့ပေမယ့် မင်နူးကတော့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ ပြိုင်ဘက်တွေကို ရင်ဆိုင် ကစားခဲ့ပါတယ်။

စီနီယာအသင်းအတွက် သူ့ရဲ့ပထမဆုံးယှဉ်ပြိုင်မှုစတင်ခဲ့တဲ့ နိုဝင်ဘာလက အဲဗာတန် နဲ့ ပရီးမီးယားလိဂ်ပွဲမှာ အနိုင်ရပြီးကတည်းက Mainoo ဟာ အသင်းရဲ့ ထိပ်တန်းကစားသမားတွေထဲမှာ ပါဝင်ခဲ့ပါတယ်။

Mainoo against Luton town

လူတန်တောင်းနဲ့ ပွဲမှာ မင်နူး အကောင်းဆုံး ခြေစွမ်းပြခဲ့ပါတယ်။

မကြာသေးမီက ဝုဖ်ကို 4-3 ဂိုး နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အံ့အားသင့်ဖွယ် နောက်ကျအနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ယူနိုက်တက် ကြယ်ပွင့်ဟောင်း ရီယို ဖာဒီနန်ထံမှ Clarence Seedorf နှင့် နှိုင်းယှဥ်ကာ ချီးကျူးပြောဆိုမှုတွေ ရရှိခဲ့ပါတယ်။

ဇူလိုင်လက ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ရာသီကြို ခြေစမ်းပွဲမှာ ပြင်းထန်တဲ့ခြေကျင်းဝတ်ဒဏ်ရာကနေ ပြန်လည်ရုန်းကန်ခဲ့ရပြီးနောက် မင်နူး ဟာ သူ့ရဲ့ အခွင့်အရေးကို သေချာပေါက် ရယူနိုင်ခဲ့ပါတယ်။

ဂါရတ် ဆောက်ဂိတ် ရဲ့ Mainoo [ ကိုဘီ မင်နူး ]  အပေါ် သုံးသပ်ချက်။

UEFA Nations League မဲခွဲမှုအပြီးတွင် “သူဟာ ထူးချွန်စွာ လုပ်ဆောင်နေပါတယ်။ သူ ကွင်းလယ် ခံစစ် ဖြစ်ဖို့ သေချာပေါက် ဖြစ်မယ်လို့တော့ မထင်ပါဘူး။ သူက အတော်လေး တိုးတ်လာတဲ့ ကစားသမား တစ်ဦးပါ။ “

” သူ့ရဲ့ ကစားသမားဘ၀ကို အံ့မခန်း စတင်နိုင်ခဲ့ပြီး ကျွန်တော်တို့ ရှေ့ဆက်သွားနေချိန်မှာ သူ့ကို စောင့်ကြည့်ရတာ ကောင်းပါတယ်။” လို့ အင်္ဂလန် မန်နေဂျာ ဂါရတ် ဆောက်ဂိတ်က ပြောကြားခဲ့ပါတယ်။

Mainoo scored against Wolves

ဝုဖ်စ် ဘက်ကို နောက်ကျ အနိုင်ဂိုး သွင်းယူခဲ့တဲ့ မင်နူး။

ဆောက်ဂိတ် အနေနဲ့ သူ့ ရဲ့ ကစားသမား စောင့်ကြည့်မှုမှာ မင်နူး ကို ရရှိထားသောကြောင့် အားတက်စရာဖြစ်ပြီး သူ့ ရဲ့ အရည်အချင်းပြည့်မီမှု ကြောင့် အင်္ဂလန် ကွင်းလယ်ကစားသမားကို မကြာမီ အချိန်အတွင်း မြင်တွေ့ရမှာပါ။

အင်္ဂလန်ကွင်းလယ်မှာ ယူရို ပြိုင်ပွဲဝင်မယ့် Declan Rice နဲ့ Jude Bellingham တို့ ပါဝင်ပေမယ့် ပြိုင်ပွဲဝင်မယ့် သူတို့နှစ်ဦးနဲ့အတူ ရနိုင်တဲ့ နေရာ တစ်ခု ပေါ်လာမှာပါ။

ပရီးမီးယားလိဂ်ရှိ အင်္ဂလိပ် ကစားသမားများထဲမှာ Mainoo [ ကိုဘီ မင်နူး ]  ဟာ 2024 ခုနှစ် ရဲ့ အကောင်းဆုံး ပုံစံနဲ့ ရပ်တည်နေပြီး အသင်းနေရာ အတွက်သာမက ပွဲထွက်ကစားသမား အဖြစ်ပါ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိနေပါပြီ။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment