Hojlund က ယူနိုက်တက် ဟာလန်းပါ။

Højlund is impressed by Gary Neville WS
February 19, 2024

တိုက်စစ်မှူး Hojlund [ ဟွိုက်လန်း ] ကို ယူနိုက်တက် ဟာလန်းလို့ ပြောဆိုလိုက်တဲ့ ‌ဂယ်ရီ နဗီးလ်။

Hojlund [ ရာ့စ်မူးစ် ဟွိုက်လန်း ] ဟာ ယူနိုက်တက် အသင်းအတွက် ဂိုးတွေ တော‌က်လျှောက် သွင်းယူပေးနေတာကြောင့် သူ့ ကို ယူနိုက်တက် ဂန္တဝင် ဂယ်ရီ နဗီးလ် က မန် စီးတီး တိုက်စစ်မှူး အယ်လင် ဟာလန်း နဲ့ တူညီတဲ့ သရဲနီ ဖြစ်လာပြီလို့ ဆိုပါတယ်။

ဒိန်းမတ် တိုက်စစ်မှူး Hojlund [ ရာ့စ်မူးစ် ဟွိုက်လန်း ] ဟာ ပရီးမီးယားလိဂ် ၆ ပွဲ ဆက်တိုက် ဂိုး သွင်းယူနိုင်ခဲ့ပြီး အဲဒီ စွမ်းရည်ကို ရယူနိုင်ခဲ့တဲ့ အသက်အငယ်ဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

မန်စီးတီးမှာ အယ်လင် ဟာလန်းရဲ့ စွမ်းဆောင်ရည်။

အယ်လင် ဟာလန်းဟာ လွန်ခဲ့တဲ့ ၁၈ လ က မန် စီးတီး အီတီဟတ် ကွင်းဆီ ရောက်ရှိလာပြီး ကတည်းက မန်စီးတီး အသင်း အတွက် တစ်ပွဲ တစ်ဂိုး နှုန်း နဲ့ ဂိုးတွေ အများကြီး သွင်းနိုင်ခဲ့ပါတယ်။

မန်စီးတီး ကစားသမား ဘဝ ခဏ အတွင်းမှာ စံချိန် အမျိုးမျိုးကို ရိုက်ချိုးကာ ပက် ဂွာဒီယိုလာ ရဲ့ အသင်းကို ဖလား ၃ လုံး ချန်ပီယံ ‌ဖြစ်အောင် အထိ စွမ်းဆောင်ပေး နိုင်ခဲ့ပါတယ်။

Højlund Haaland won tribble with Man City

မန်စီးတီးနဲ့အတူ ဖလား ၃ လုံး ချန်ပီယံ ဖြစ်ခဲ့တဲ့ ဟာလန်း။

အခု အခါ ယူနိုက်တက် ဂန္တဝင် နောက်ခံလူ နဗီးလ် ဟာ အိုးလ်ထရက်ဖို့ဒ် မှာ Hojlund [ ရာ့စ်မူးစ် ဟွိုက်လန်း ] လည်း အလားတူ အကျိုး သက်ရောက်မှုများ ရှိနိုင်တယ် လို့ ပိုမို ယုံကြည်လာခဲ့ပါတယ်။

နဗီးလ် ချီးကျူးခဲ့တဲ့ Hojlund [ ရာ့စ်မူးစ် ဟွိုက်လန်း ]။

ဂယ်ရီ နဗီးလ် က Sky Sports မှာ လူတင်တောင် အသင်း ဘက် ၂ ဂိုး သွင်းယူခဲ့ပြီးနောက် အသက် ၂၁ နှစ် အရွယ် ဒိန်းမတ် တိုက်စစ်မှူး Hojlund [ ရာ့စ်မူးစ် ဟွိုက်လန်း ] အပေါ်  သဘောကျ ချီးကျူးတွေ အကြောင်း ပြောကြားခဲ့ပါတယ်။

သူက “Hojlund ဟာ ဖန်တီးမှုမှာ Haaland နဲ့တူတယ် – အဲ့ဒီ စွမ်းအား၊ ခွန်အားနဲ့ သူ့ရဲ့ ပြေးလွှားမှုတွေ ကြိုက်တယ်။ ဒီလို မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး တစ်ယောက်ဆို ကျွန်တော် အမြဲတမ်း သဘောကျပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

Højlund is impressed by Gary Neville

ဟွိုက်လန်းကို နဗီးလ်က ဟန်းလန်းနဲ့ ခိုင်းနှိုင်း ချီးကျူးခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက် ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်မှာ လူတင်တောင်း ကို ၂-၁ ဂိုး နဲ့ အနိုင်ရရှိခဲ့ပြီးနောက် နဗီးလ် နဲ့ အလားတူ သူ့ ရဲ့ တိုက်စစ်မှူးကို ချီးကျူး ခဲ့ပါတယ်။

နည်းပြ တန်ဟက်ဂ် ကလည်း Hojlund [ ရာ့စ်မူးစ် ဟွိုက်လန်း ]  ကို ချီးကျူးခဲ့ပါတယ်။

Ten Hag က Hojlund နဲ့ ပတ်သက်လို့ ” ကျွန်တော်တို့ သူ့ ကို အကောင်းဆုံး ပွဲထုတ်‌နေပါတယ်။ ဒါက သူ့ ကို ပိုပြီး အားကောင်းစေပါတယ်။ သူက ဖိအားတွေအောက်မှာ တကယ်ပဲ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ “

ဒါဟာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး တစ်ယောက် အနေနဲ့ မင်းလိုအပ်တဲ့ အရာပါ။ သူစိတ်မ၀င်စားသလို ယုံကြည်မှုလည်း ပျောက်ဆုံး မသွားပါဘူး။ သူ့မှာ ယုံကြည်မှုတွေ အများကြီး ရှိပြီး သူ ဒီထက်ပိုပြီး ဂိုးတွေ သွင်းနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ “

“သူက ပံ့ပိုးမှုတွေ လိုအပ်ပေမယ့် အေးအေးဆေးဆေးပါပဲ။ သူကအစမှာ ကံမကောင်းခဲ့ပါဘူး။ သူက တိုက်စစ်မှူး ဆိုတော့ ဂိုးတွေသွင်းပြီး ရှေ့ဆက် ဦးမှာပါ။ သူတိုးတက်နိုင်တဲ့ နယ်ပယ်တွေ အများကြီး ရှိပေမယ့် သူ့ရဲ့ ဂိုးသွင်းစွမ်းရည် က ရှင်းပါတယ်။” လို့ ‌ဆိုပါတယ်။

Højlund scored against Luton Town

လူတင်တောင်းဘက်ကို ဂိုးသွင်းယူနေတဲ့ ဟွိုက်လန်း။

မန် ယူနိုက်တက် တိုက်စစ်မှူး Hojlund ဟာ အခု ရာသီအတွက် ပရီးမီးယားလိဂ် သွင်းဂိုး (၇)ဂိုးအထိ ရှိနေပြီ ဖြစ်ပေမယ့် အဲ့ ပမာဏက အတော်လေး နည်းနေပါသေးတယ်။

ဒါပေမယ့်လည်း မကြာသေးခင် ရက်သတ္တပတ်တွေ အတွင်း သူ့ ရဲ့ လမ်းကြောင်းက အထင်ကြီးစရာ ဖြစ်ခဲ့ပါတယ်။ အင်္ဂလန်မှာ ဒီလို သန်မာတဲ့ ပုံစံနဲ့ ဘယ်ကစားသမား မှ မရှိပါဘူး။

မန်ယူအသင်းအတွက် နောက်တစ်ဆင့်ကတော့ ဖူလ်ဟမ် အသင်း နဲ့ အိမ်ကွင်းမှာ ပရီးမီးယားလိဂ် ၅ ကြိမ်ဆက်တိုက် အနိုင်ရရှိဖို့ တိုက်ပွဲ ဝင်ရ မယ့် ပွဲစဥ် ၁ ပွဲ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment