Garnacho က ယူနိုက်တက်အတွက် အနာဂတ် စူပါစတား။

Garnacho is a glimpse of the future for Man Utd
November 4, 2022

ရော်နယ်ဒို ခေတ်လွန် ယူနိုက်တက်မှာ ထွန်းတောက်လာဦးမယ့် Garnacho [ အလက်ဂျန်ဒရို ဂါနာချို ]။

Garnacho [ အလက်ဂျန်ဒရို ဂါနာချို ] ယူနိုက်တက် အသင်းရဲ့ အသက် ၁၈ နှစ် အရွယ် အာဂျင်တီးနား လူငယ် ကစားသမား တစ်ဦး ဖြစ်ပြီး သူဟာ ရော်နယ်ဒို နောက်ပိုင်း မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် အနာဂတ် ကြယ်ပွင့်တစ်ဦး ဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒိုဟာ မနေ့ညက ရီယဲလ်ဆိုဆီဒက်အသင်းနဲ့ ကန်ခဲ့တဲ့ ယူရိုပါလိဂ် အုပ်စုအဆင့် နောက်ဆုံးပွဲစဥ်မှာ ယူနိုက်တက် လူငယ် ကစားသမား အလက်ဂျန်ဒရို ဂါနာချိုအတွက် ပထမဦးဆုံး စီနီယာသွင်းဂိုး ဖြစ်စေမယ့်ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဒီပြသမှုဟာ အိုးထရက်ဖို့ဒ်မှာ အတိတ်ရဲ့ အောင်မြင်မှုတွေကနေ ထွန်းတောက်လာမယ့် အနာဂတ် မီးရှူးတိုင်တွေဆီ ဖြတ်သန်းပြောင်း‌လဲလာခြင်းအတွက် ကဗျာဆန်တဲ့ ဥပမာ တစ်ခုအဖြစ် ရှုမြင်နိုင်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

အာဂျင်တီးနား လူငယ်ဟာ ရရှိလာတဲ့ အခွင့်အရေးကို ကောင်းကောင်း အသုံးချနိုင်ခဲ့ပါတယ်။

အလက်ဂျန်ဒရို ဂါနာချို ရဲ့ ပထမပိုင်း သွင်းဂိုး ဟာ စပိန် ကလပ် ယူရိုပါလိဂ် အုပ်စု ချန်ပီယံ ရီးရဲလ် ဆိုစီဒက် ကို အနိုင်ရစေပြီး ယူနိုက်တက် အသင်းအတွက်  ပြိုင်ပွဲ အရပ်ရပ် မှာ ကိုးပွဲ ဆက်တိုက် ရှုံးပွဲ မရှိ  မှတ်တမ်း ဆက်လက် ထိန်းထားနိုင်ခဲ့ပါတယ်။

Garnacho against Shariff

ရှယ်ရစ်ဖ်အသင်းနဲ့တွေ့ဆုံခဲ့စဥ်က ဂါနာချို။

အသက် ၁၈ နှစ်အရွယ် ကစားသမားဟာ ၂၀၂၀ ခုနှစ်မှာ အက်သလက်တီကိုမက်ဒရစ်ကနေ ပြောင်းရွှေ့လာပြီးနောက် ယူနိုက်တက်အသင်းရဲ့ အတောက်ပဆုံး အလားအလာရှိတဲ့ လူငယ်တွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး နောက်ဆုံးမှာတော့ အဲရစ် တန်ဟက်ဂ်ရဲ့ ယုံကြည်မှုကို ရရှိနေပြီ ဖြစ်ပါတယ်။

၂၀၀၄ ခုနှစ် မေလမှာ ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းအတွက် သူ့ရဲ့ ပထမဦးဆုံး ဆုဖလားကို ရရှိခဲ့တုန်းက ဂါနာချို မမွေးသေးပါဘူး။ ဒါပေမယ့် အသက် ၃၇ နှစ် အရွယ်ရှိ ရော်နယ်ဒိုက သူ့ကို ဂိုးရစေဖို့ ကူညီခဲ့ပြီးနောက် ဂါနာချိုဟာ ရော်နယ်ဒိုရဲ့ ဂိုးသွင်း အောင်ပွဲခံပုံကို အတုယူခဲ့ပါတယ်။

နည်းပြ အဲရစ် တန်ဟက်ဂ်ဟာ ကလပ်အသင်းဆီ ဂါနာချို ပထမဆုံး ရောက်ရှိလာခဲ့တုန်းက အသင်းမှာ မပျော်ဘူးလို့ ဝန်ခံပြောဆိုဖူးပါတယ်။ သို့ပေမယ့် သူ့ရဲ့ သဘောထားကို ကောင်းမွန်စေပြီး အောက်တိုဘာလတုန်းက ရှယ်ရစ်ဖ်အသင်းနဲ့ ပွဲစဥ်အပြီးမှာ အခွင့်အရေးကို အကောင်းဆုံး အသုံးချခဲ့မှုကြောင့် ဂုဏ်ပြုခဲ့ပါတယ်။

ရော်နယ်ဒိုနဲ့ Garnacho [ အလက်ဂျန်ဒရို ဂါနာချို ] တို့ အပြောင်းအလဲ။

ရော်နယ်ဒိုဟာ အိုးလ်ထရက်ဖို့ဒ်မှာ သူ့ရဲ့နောက်ဆုံးနေ့ရက်တွေကို ဝင်ရောက်လာတာကြောင့် ယူနိုက်တက်အသင်းဟာ ဂါနာချိုကို သိပြီးသားဆိုတဲ့ ခံစားချက်နဲ့ စောင့်ကြည့်နေပြီး ပေါ်တူဂီ ဂန္တဝင်ရဲ့ ဆက်ခံသူဟာ သူတို့မျက်စိရှေ့မှာ အနာဂတ် လှပနေတယ်လို့ ယုံကြည်နေနိုင်ပါတယ်။

Garnacho scored against Real Socided

ရီးယဲလ်ဆိုစီဒက်ဘက်ကို ယူရိုပါလိဂ် အုပ်စုပွဲစဥ် ဂါနာချိုရဲ့ အနိုင်ဂိုး။

ယူနိုက်တက်အသင်းဟာ အောက်တိုဘာလအစတုန်းက ပြိုင်ဘက် မန်စီးတီးကို ဂိုးပြတ်နဲ့ ရှုံးနိမ့်ပြီးကတည်းက ပုံစံကောင်းရှိနေခဲ့ပေမယ့် တန်ဟက်ဂ်ကတော့ ပွဲတိုင်းနီးပါးမှာ သူ့ရဲ့ ရှေ့တန်းလူ ၃ ဦးကို လှည့်ပတ်အသုံးပြုနေပြီး သူတို့ရဲ့ တိုက်စစ်သမားဆွေဆီက စစ်မှန်တဲ့ ညီညွတ်မှုကို မတွေ့ရသေးပါဘူး။

မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ နှစ်တုန်းက ဆိုးရွားတဲ့ လှုပ်ရှားမှုတွေအပြီးမှာ ခြေစွမ်း ပြန်လည် ကောင်းမွန်လာမှုကို နှစ်သက်ခဲ့ပြီး ယူရိုသန်း ၁၀၀ နဲ့ ခေါ်ယူခဲ့တဲ့ အန်တိုနီကတော့ တောင်ပံနေရာ ဖြည့်တင်းမှုမှာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်ခဲ့ပါတယ်။

ယူနိုက်တက်မှာ ထွန်းတောက်လာမယ့် ရော်နယ်ဒိုရဲ့ အမွေဆက်ခံသူ Garnacho [ အလက်ဂျန်ဒရို ဂါနာချို ]။

ထူးထူးခြားခြား ကစားသမားတစ်ဦးကတော့ ဂျေဒန် ဆန်ချိုပဲ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းရဲ့ နောက်ဆုံး သုံးပွဲမှာ မပါဝင်နိုင်ခဲ့ဘဲ အန်တိုနီ မာရှယ်ကို ဒဏ်ရာကနေ ပြန်လည် ရောက်ရှိလာတာကြောင့် ပွဲကစားချိန် နည်းပါးသွားပုံ ရပါတယ်။

Garnacho emulated Ronaldo's celebration

ရော်နယ်ဒိုရဲ့ ပုံစံအတိုင်း အောင်ပွဲခံခဲ့တဲ့ ဂါနာချို။

ဂျေဒန်ဆန်ချိုရဲ့ ပွဲကစားချိန် နည်းပါးမှုဟာ Garnacho [ အလက်ဂျန်ဒရို ဂါနာချို ] အတွက် အကျိုးအမြတ် ရှိစေနိုင်ပြီး အာဂျင်တီး လက်ရွေးစင် လူငယ် ကစားသမားဟာ ယူနိုက်တက်အသင်းမှာ ရော်နယ်ဒိုရဲ့ အနာဂတ်အတွက် နောက်ဆုံး ဆက်ခံသူအဖြစ် သက်သေပြနိုင်မှာ ဖြစ်ပါတယ်။

ခရစ္စတီယာနိုဟာ ဇန်နဝါရီလမှာ အသင်းကနေ ထွက်ခွာဖို့ စိတ်ကူးရှိပေမယ့် ဂါနာချိုကို သူ့ရဲ့ ရေရှည် ဆက်ခံသူအဖြစ် ပုံသွင်းဖို့ ကူညီပေးကာ ယူနိုက်တက် ပရိတ်သတ်တွေကို အရည်အသွေး ပြည့်မီတဲ့ မျိုးဆက်သစ်တွေ ပေးဆောင်ရာမှာ အံ့မခန်း ခွဲခွာခြင်းလက်ဆောင်ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment