Giroud [ ဂျီရူး ] ကို ရောင်းလိုက်တာ စောလွန်းသွားလား။

Giroud is in good form at AC Milan
November 7, 2022

ချဲလ်ဆီးအနေနဲ့ တိုက်စစ်မှူး Giroud [ အိုလီဗီးယား ဂျီရူး ] ကို ရောင်းထုတ်တာ စောလွန်းသွားလား။

Giroud [ အိုလီဗီးယား ဂျီရူး ] ဟာ စနေနေ့က စပယ်ဇီယားကို ၂-၁ ဂိုးနဲ့  အံ့မခန်း သွင်းဂိုး အပါအဝင် ဒီရာသီ အေစီမီလန်အတွက်  ကိုးဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ ထိပ်တန်း ဂိုးသွင်းရှင် ရာဟင် စတာလင်ဟာ ​​ပြိုင်ပွဲအရပ်ရပ်မှာ ၅ ဂိုးသာ သွင်းထားနိုင်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ရာသီအစတွင် 35 နှစ် အရွယ် ရှိတဲ့ ဂျီရူးအား ပြောင်းရွှေ့ကြေး ယူရို ၁ သန်းနဲ့သာ လက်လွှတ် ခဲ့ရပါတယ်။။ ၎င်းတို့အစား ရိုမီလူ လူကာကူကို ခေါ်ယူခဲ့ပြီး ဘယ်လ်ဂျီယံတိုက်စစ်မှူးကို ယူရို ၁၁၅ သန်းနဲ့ အင်တာမီလန်ကနေ ပြန်လည်ခေါ်ယူခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဝါရင့် တိုက်စစ်မှူး Giroud [ ဂျီရူး ] ဟာ အေစီမီလန်အတွက် အားထားရတဲ့ ကစားသမားပါ။

ရိုမီလူ လူကာကူဟာ စတန်းဖို့ဒ် ဘရစ်ချ်မှာ သူ့ရဲ့ ဒုတိယမြောက် ခြေချခြင်းမှာ ပရီးမီးယားလိဂ် ၂၆ ပွဲကို ၈ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ သို့ပေမယ့်  အိုလီဗီးယား ဂျီရူးကတော့ ၁၁ နှစ်အတွင်း အေစီမီလန်အသင်းမှာ သူတို့ရဲ့ ပထမဆုံး စီးရီးအေ ချန်ပီယံဆုကို ဆွတ်ခူးနိုင်စေခဲ့ပြီး ၁၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

အိုလီဗီးယား ဂျီရူးဟာ အခုရာသီမှာ ဇလာတန် အီဘရာဟီမိုဗစ်  ဒဏ်ရာကြောင့် အနားယူနေရချိန်  အသင်းက သူ့ကို အားထားပြီး အခုအခါ လိဂ်ဂိုး ငါးဂိုးအပြင် ဂိုးဖန်တီးမှု နှစ်ကြိမ်ပြုလုပ်ထားပြီး ဖြစ်ပါတယ်။ ပြည်တွင်းမှာ ၉၇ မိနစ်တိုင်း ဂိုးပါဝင်ပတ်သတ်မှု ရှိနေကာ ချန်ပီယံလိဂ် ၆ ပွဲမှာ လေးဂိုး သွင်းယူထားပါတယ်။

Giroud Serie A Champion with AC Milan

ဂျီရူးဟာ အေစီမီလန်အသင်းနဲ့အတူ စီရီးအေချန်ပီယံဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

“အရင်ကပြောခဲ့သလိုပဲ ကျွန်တော်ကစားချင်တယ်။ ဆက်ကစားဖို့ စိတ်အား ထက်သန်မှုတွေလည်း ရှိပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အီဘရာဟီမိုဗစ် နဲ့ ကျွန်တော် အများကြီးပြောခဲ့ပြီးပြီ။ သူက ကျွန်တော့်ရဲ့ အတွေးအမြင်တွေကို မျှဝေပါတယ်။ “

” ဒီထက်ပိုပြီး ကြိုးစားချင်နေတဲ့ ကောင်တွေနဲ့ ကျွန်တော် ပျော်ရွှင်နေပါတယ်။ ကျွန်တော် ဆက်သွားပါ့မယ်။” လို့ အသက် စပယ်ဇီယာနဲ့ ပွဲမှာ ဂိုးသွင်းယူခဲ့ပြီးနောက်  ပွဲအပြီးမှာ ၃၆ နှစ်အရွယ်ရှိ ဂျီရူးက Milan TV ကို ပြောကြားခဲ့ပါတယ်။

လက်ရှိ ချဲလ်ဆီး တိုက်စစ်မှူးတွေထက် ပိုကောင်းနေတဲ့ Giroud [ အိုလီဗီးယား ဂျီရူး ]။

အိုလီဗီယာ ဂျီရူးဟာ ဗုဒ္ဓဟူးနေ့က Red Bull Salzburg  ကို ၄ – ၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဥ်မှာ အေစီမီလန်အတွက် ၂ ဂိုးသွင်း၊ ၂ ဂိုး ဖန်တီးနိုင်ခဲ့တာ ကြည့်ခြင်းအားဖြင့် လက်ရှိ ချဲလ်ဆီးရဲ့ တိုက်စစ်မှူးတွေထက် ပိုကောင်းကြောင်း သက်သေပြနေတာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဆီ နွေရာသီ အပြောင်း‌အရွှေ့မှာ တိုက်စစ်မှူး ပီရဲ-အမ်းမ်ရစ် အော်ဘာမီယန်း ကို ထည့်ပေါင်းလိုက်ပေမယ့် ဂျာမနီသား ကိုင် ဟားဗက်ဇ်ဟာ ချဲလ်ဆီး အသင်းရဲ့ အဓိက တိုက်စစ်မှူးနေရာမှာ ပါဝင်လာခဲ့ပါတယ်။

Giroud against Salzburg

ဆောဇ်ဘက်နဲ့ ချန်ပီယံလိဂ်ပွဲတုန်းက ဂျီရူးဟာ ‌အသင်းအတွက် ၂ ဂိုးသွင်း ၂ ဂိုး ဖန်တီးပေးခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဗုဒ္ဓဟူးနေ့က  ဒိုင်နမို ဇာဂရက်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့  ချန်ပီယံလိဂ်ပွဲစဥ်မှာ အော်ဘာမီယန်းနဲ့ ရာဟင် စတာလင်တို့က တိုက်စစ်နှစ်ယောက်တွဲ ပုံစံကစားခဲ့ပြီး ကိုင် ဟားဗက်ဇ်ကတော့ သူ့တို့နှစ်ယောက်ရဲ့ နောက် ကွင်းလယ် တိုက်စစ်မှာ ပါဝင်ခဲ့ပါတယ်။

နိုင်ပွဲအတွက် ရုန်းကန်နေရတဲ့ ချဲလ်ဆီးအသင်း။

ချဲလ်ဆီး တိုက်စစ်မှူးဟောင်း Giroud [ အိုလီဗီးယား ဂျီရူး ] ဟာ အီတလီမြေမှာ အောင်မြင်မှု ရရှိနေပေမယ့် ဂရေဟမ် ပေါ်တာကတော့ ပီရဲ အမ်မ်ရစ်ခ် အော်ဘာမီယန်း၊ ကိုင် ဟားဗက်ဇ်၊ ရာဟင် စတာလင်၊ အာမန်ဒို ဘရိုဂျာ တို့နဲ့အတူ  သူ့ရဲ့ အကောင်းဆုံး ချဲလ်ဆီး တိုက်စစ် ပုံစံကို ဖော်ထုတ်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

စတာလင်ကို ဘယ်တောင်ပံ နောက်တန်းမှာလည်း အသုံးပြုခဲ့ပြီး အင်္ဂလန်တောင်ပံကစားသမားဟာ ပြိုင်ပွဲအရပ်ရပ်မှာ ငါးဂိုးသာ သွင်းယူထားပေမယ့် ချဲလ်ဆီးအသင်းအတွက် ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်တယ်လို့လည်း သိရပါတယ်။

Giroud and Benzema at France Team

ပြင်သစ် လက်ရွေးစင် ကစားသမား ဂျီရူး။

ဂျီရူးဟာ လာမယ့် ဆောင်းရာသီ ကမ္ဘာ့ဖလားမှာ ပြင်သစ်လက်ရွေးစင် အသင်းအတွက်  ရှေ့တန်းမှာ ပွဲတိုင်းကို မစ,တင်နိုင်တဲ့ တစ်ခုတည်းသော အကြောင်းပြချက်မှာ သူ့တို့မှာ လောလောလတ်လတ် Ballon d’Or ဆုရှင် ကာရင် ဘန်ဇီမာ ရှိနေတာကြောင့်ပဲ ဖြစ်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် သူဟာ ‌လိဂ်အသစ်မှာ ခြေစွမ်းပြနေပြီး လက်ရှိ ချဲလ်ဆီး တိုက်စစ်မှူးတွေထက် ခြေစွမ်းပိုသာတယ်ဆိုတာ လက်ခံရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ချဲလ်ဆီးအသင်းအနေနဲ့ Giroud [ အိုလီဗီးယား ဂျီရူး ] ကို ရောင်းထုတ်လိုက်တာ စောနေသလားလို့တောင် ထင်နေရပါပြီ။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment