Marco Asensio မက်ဒရစ်ကနေ ထွက်သွားတော့မှာလား?

Marco Asensio To Arsenal
June 15, 2022

ရီးရဲလ်မက်ဒရစ်အသင်းဟာ အာဆင်နယ်အသင်းရဲ့ ပစ်မှတ်ဖြစ်တဲ့ Marco Asensio ကို ထွက်ခွာဖို့ မျှော်လင့်နေပါတယ်။

Marco Asensio [ မာကို အဆန်စီယို ]  ဟာ ဘာနေဗျူးမှာ သူ့ကစားသမားဘဝရဲ့ အရေးကြီးတဲ့ ကာလတစ်ခုကို ဦး‌တည်နေပါတယ်။ Los Blancos [ ရီးယဲလ်မက်ဒရစ် ] အသင်းနဲ့ သူ့ရဲ့ စာချုပ်သက်တမ်းဟာ လာမယ့် ရာသီကုန်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ပြီးတော့ သူက သက်တမ်းတိုးတာကိုလည်း သဘောမတူသေးပါဘူး။

ဘာနေဗျူးအသင်းဟာ လန်ဒန်အသင်းရဲ့ ပစ်မှတ်ဖြစ်တဲ့ မာကိုအဆန်စီယိုကို အခုနွေရာသီမှာ ထွက်ခွာဖို့ မျှော်လင့်နေပြီး ဒီတောင်ပံကစားသမားအတွက် ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၄၃) သန်းဝန်းကျင် ရရှိဖို့ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

တကယ်တော့ မီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ အဆန်စီယိုကို အသင်းရဲ့ ကမ်းလှမ်းမှုဟာ မတ်လကတည်းက ရှိနေခဲ့တာလို့ သိရပါတယ်။ ရီးရဲလ်အသင်းဟာ လက်ရှိမှာ တစ်ပတ်လုပ်ခ ပေါင် ၁၃၁,၀၀၀ နဲ့ အသက် ၂၆ နှစ်အရွယ် ကစားသမားကို ဆက်ထိန်းထားဖို့ ဆန္ဒရှိနေပါတယ်။ ဒါပေမယ့် သူ့ကို တခြားနေရာကနေ ပိုမိုကောင်းမွန်‌‌တဲ့ ကမ်းလှမ်းမှုတွေလည်း ရှိပါတယ်။

အလားတူ လက်ရှိ ဥရောပ ချန်ပီယံလိဂ်ဆုရှင်အသင်းဟာ အခုနွေရာသီမှာ Asensio [ မာကို အဆန်စီယို ] ထွက်ခွာတော့မယ်လို့ ထင်မြင်လာကြပါတယ်။ သူတို့ဟာ ဒီတောင်ပံတိုက်စစ်ကစားသမားအတွက် ပေါင် ၄၃ သန်းဝန်းကျင် ရရှိဖို့ မျှော်လင့်နေပါတယ်။ ဒီသတင်းဟာ အာဆင်နယ်ကို သေချာပေါက် သတိပေးပါလိမ့်မယ်။

အခုသီတင်းပတ်ကုန်က သတင်းတွေအရ ဂန်းနားတွေဟာ လန်ဒန်အသင်းကို ပြောင်းရွှေ့ဖို့ ဖြစ်နိုင်ချေရှိတဲ့အကြောင်း သူ့ရဲ့ အေးဂျင့်တွေနဲ့ ဆက်သွယ်ခဲ့တယ်လို့ ဆိုပါတယ်။

Marco Asensio Real Madrid

ရီးယဲလ်မက်ဒရစ်အသင်းမှာ ပွဲထွက်ခွင့်နည်းနေတဲ့ မာကို အဆန်စီယို။

ရီးရဲလ်မက်ဒရစ်က မာကို အဆန်စီယိုကို အသင်းကနေ ထွက်ခွာဖို့  မျှော်လင့်နေပါတယ်။

အာဆင်နယ်ကသာ မက်ဒရစ်တောင်ပံ ကစားသမား အဆန်စီယိုကို ခေါ်ယူနိုင်ခဲ့ရင် အံ့သြစရာကောင်းတဲ့ လုပ်ငန်းတစ်ခု ဖြစ်လာမှာပါ။ သူက ‘ကမ္ဘာ့အဆင့်မီ’ ကစားသမားဖြစ်ပြီး ရီးရဲလ်အသင်းအတွက် ပွဲပေါင်း ၂၃၀ ကျော် ကစားပေးထားပါတယ်။ အသက် ၂၆ နှစ်အရွယ် ကစားသမားဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ ၁၂ ဂိုး သွင်းယူပေးထားပါတယ်။

ဒါကလည်း ဒီနွေရာသီမှာ အာဆင်နယ်ကို ဘယ်သူပြောင်းမလဲဆိုတဲ့အပေါ်မှာ အများကြီးမူတည်ပါတယ်။ ရာဖင်ညာကို ပစ်မှတ်ထားနေတဲ့ ဂန်းနားအသင်းဟာ နီကိုလတ်စ် ပီပီကို ရောင်းချဖို့ စီမံထားခြင်း ရှိမရှိနဲ့ ပတ်သက်ပြီး Charles Watts [ အာဆင်နယ် သတင်းသမား ] က အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

မာကို အဆန်စီယို [ Marco Asensio ] ဟာ လိစ် ယူနိုက်တက် တောင်ပံကစားသမား ရာဖင်ညာ ထက် ပိုပြီး စွယ်စုံရပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်လုံးဟာ တူညီတဲ့ အနေအထား [ ကစားတဲ့နေရာတူ ] မှာ အကောင်းဆုံးတွေပါပဲ။ ဒါ‌ကြောင့် အဆန်စီယိုကို သူတို့ ပိုပြီး စိတ်ဝင်စားလာတယ်ဆိုရင်တော့ သူတို့ရဲ့ လူဟောင်း ပီပီကို ဖယ်ရှားဖို့ကတော့ အရေးကြီးတဲ့ အချက်တစ်ချက်ပါပဲ။

Marco Asensio Spain

စပိန်လက်ရွေးစင်ကစားသမား မာကို အဆန်စီယို။

အဆန်စီယိုနဲ့ လော့ဘလန့်ကို့စ်တို့ရဲ့ စာချုပ်သက်တမ်း

စပိန်လက်ရွေးစင် ကစားသမားဟာ ကလပ်အသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သူဟာ ဒဏ်ရာတွေကြောင့်ရယ်၊ ဗင်နီစီယက်စ် ဂျူနီယာ လိုမျိုး ကစားသမားကောင်းတွေ ပေါ်ထွက်လာတာကြောင့်ရယ် မက်ဒရစ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရပါတယ်။

စပိန်သားဟာ ဒီရာသီမှာ အကန့်အသတ်နဲ့သာ ပွဲထွက်ခွင့် ရရှိခဲ့ပြီး လာလီဂါ ၃၁ ပွဲမှာ ၁၀ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အဲ့အထဲက ၁၂ ပွဲကတော့ အရန်ခုံကနေပဲ လူစားဝင်ခဲ့ရတာ ဖြစ်ပါတယ်။ မက်ဒရစ်အသင်းအနေနဲ့ လာမယ့်နွေရာသီမှာ အဆန်စီယိုကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ခံမယ့်အစား ပြောင်းရွှေ့ကြေးတစ်ခုနဲ့ အင်္ဂလန်ကလပ်အသင်းရဲ့ စိတ်ဝင်စားမှုကို အခွင့်ကောင်းယူဖို့ ရွေးချယ်နိုင်ပါတယ်။

Marco Asensio Spain

အာဆင်နယ်နဲ့ပွဲမှာ ဒူးခေါင်းဒဏ်ရာရရှိခဲ့တဲ့ အဆန်စီယို။

အဆန်စီယို [ Marco Asensio ]  ရဲ့ ပြောင်းရွှေ့ကြေးက ဘယ်လောက်လဲ?

ခန့်မှန်းခြေအရဆိုရင် သူ့ရဲ့ ပြောင်းရွှေ့ကြေးက ယူရို သန်း ၃၀ ပတ်တန်းကျင်ရှိမယ်လို့ ယူဆရပါတယ်။ ဒီတန်ကြေးကို ကစားပွဲရလဒ် ဒေတာ အချက်အလက်တွေအပြင် စာချုပ်သက်တမ်း၊ အသက်အရွယ်၊ တခြားပြင်ပ အချက်အလက်တွေကို ခြုံငုံသုံးသပ်ပြီး တွက်ချက်ထားတာ ဖြစ်ပါတယ်။ စပိန်သားဟာ ၂၀၁၉ ခုနှစ် ဒူး‌ခေါင်းဒဏ်ရာမရခင်က သူ့ရဲ့ ပြောင်းရွှေ့ကြေးက ယူရို သန်း ၄၀ အထိ မြင့်သွားခဲ့ပြီး အဲ့ဒီ ဒဏ်ရာကြောင့်ပဲ သူ့ကို တစ်ရာသီလုံး ကွင်းပြင်ကို ရောက်သွားစေခဲ့ပါတယ်။

ကစားသမားဟာ အဆိုပါဒဏ်ရာကြောင့် သူ့ရဲ့ ပြောင်းရွှေ့ကြေးက ယူရို ၂၃ သန်းအထိ ကျဆင်းသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ရီးယဲလ်မက်ဒရစ်အသင်းဟာ အဆန်စီယိုရဲ့ ပြောင်းရွှေ့ကြေးကို ယူရို သန်း ၅၀ ပတ်ဝန်းကျင် တောင်ဆိုထားပြီး ကစားသမားရဲ့ စာချုပ်သက်တမ်းတိုးဖို့ကိုလည်း စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment