Lukaku ရဲ့ အင်တာမီလန်ကို အပြန်လမ်း

Romelu Lukaku to inter milan FB
June 17, 2022

Lukaku [ ရိုမီလူ လူကာကူ ] ရဲ့ အင်တာမီလန်ကို အပြန်ခရီးစဥ်။

Lukaku [ ရိုမီလူ လူကာကူ ] ကို ချဲလ်ဆီးအသင်း‌အနေနဲ့ သူ့ရဲ့ သက်တမ်းကို အဆုံးသတ်ဖို့ စိတ်အားထက်သန်နေပြီ ဖြစ်ပါတယ်။ အထူးသဖြင့် စတန်းဖို့ဒ်ဘရစ်ချ်ဆီ မအောင်မြင်တဲ့ ပြန်လာမှုကို အဆုံးသတ်ဖို့ အချက်ပြတော့မှာ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံသားဟာ ကလပ်ကို ပေါင် ၉၇ သန်းနဲ့ ပြန်လာခဲ့ပြီး ကောင်းမွန်တဲ့ စတင်မှုတွေရှိနေပေမယ့် ရာသီကုန်ချိန်မှာတော့ ကလပ်နဲ့ သူ့ရဲ့ပုံစံနဲ့ ဆက်ဆံရေးဟာ ပျက်ယွင်းသွားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းနဲ့ သူ့ရဲ့ အသင်းဟောင်း အင်တာမီလန်တို့အကြား ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ သို့ပေမယ့် ကစားသမား ပြန်လာနိုင်ခြေအတွက် အီတလီအသင်းက ချဲလ်ဆီးအသင်းကနေ တောင်းဆိုထားတဲ့ တောင်းဆိုချက်တွေကို မတတ်နိုင်ခဲ့ပါဘူး။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

အသင်းနှစ်သင်းကြား Romelu Lukaku [ လူကာကူ ] အတွက် ဘာသဘောတူညီချက်ရခဲ့လဲ?

လန်ဒန်အသင်းက တစ်ရာသီအငှားနဲ့ ယူရို ၁၂ သန်း တောင်းဆိုထားတာကြောင့် ကလပ်အသင်းနှစ်သင်းကြား သဘောတူညီမှု ရနိုင်ခဲ့ပြီး အခုချိန်မှာတော့ အောင်မြင်မှုတစ်ခု ရရှိလာပုံရပါတယ်။ လူကာကူဟာ ချယ်လ်ဆီးအသင်းမှာ ထင်းထားသလောက် ပုံမှန်ခြေစွမ်းကောင်းတွေ မပြသနိုင်ခဲ့တာကြောင့် သောမတ်တူချယ်၏ အစီအစဉ်များအတိုင်း အရန်ခုံမှာပဲ အချိန်ကုန်ဆုံးခဲ့ပါတယ်။

Romelu Lukaku Chelsea

ချဲလ်ဆီအသင်းမှာ ပွဲထွက်ခွင့်နည်းနေတဲ့ လူကာကူ။

ကစားသမားကိုယ်တိုင်က San Siro [ အင်တာမီလန်အသင်း ] ကို ပြန်လာဖို့ ပြင်းပြင်းထန်ထန် တွန်းအားပေးနေပြီလို့ ယုံကြည်နေခဲ့ပါတယ်။ ကစားသမားရဲ့ လန်ဒန်မှာ ဆက်သွားလိုတဲ့ ဆန္ဒအနည်းငယ်သာရှိတာကြောင့် ချဲလ်ဆီးအသင်း‌အနေနဲ့ သူ့ကို လွှတ်လိုက်တာ အကောင်းဆုံးလို့ ထင်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ လူကာကူအတွက် အကျိုးအမြတ်

ပရီးမီးယားလိဂ် ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ နှစ်မှာ သူတို့ ပြုလုပ်ခဲ့တဲ့ ရင်းနှီးမြုပ်နှံမှုတွေမှာ ကြီးမားတဲ့ ဆုံးရှုံးမှုကို ကြုံတွေ့ရတော့မှာ ဖြစ်ပါတယ်။ အငှား ပြောင်းရွှေ့ကြေးဟာ ပြီးခဲ့နွေရာသီအပြောင်းအရွှေ့အတွက် ချဲလ်ဆီးအသင်းက အင်တာမီလန်ဆီ အကြွေးတင်ထားတဲ့ နှစ်နှစ်အရစ်ကျငွေကြေးတွေကို ကာမိမှာ မဟုတ်ပါဘူး။

စတန်းဖို့ဒ်ဘရစ်ချ်အသင်းဟာ အခုနွေရာသီမှာ အန်တိုနီယိုရူဒီဂါနဲ့ အန်ဒရေ့စ်ခရစ္စတီယန်ဆန် တို့ကို ဆုံးရှုံးခဲ့ရပါတယ်။ အီဒီနောက် အသင်းရဲ့ လူစာရင်းကို ပြန်လည်အားဖြည့်ဖို့အတွက် အင်တာမီလန်ရဲ့ နောက်ခံလူတစ်ဦးကို ပြန်လည်ရယူလိုတာကြောင့် သဘောတူညီမှုကနေ တစ်စုံတစ်ရာရရှိဖို့ မျှော်လင့်လျက်ရှိနေပါတယ်။

Romelu Lukaku Inter Milan

ဂိုးသွင်းအပြီး နည်းပြကွန်တီနဲ့အတူ အောင်ပွဲခံနေတဲ့ လူကာကူ။

အင်တာမီလန်ရဲ့ Stefan de Vrij [ စတီဖန် ဒီ ဗရစ်ချ် ] ၊ Milan Skriniar [ မီလန် စကရင်နီယာ ] နဲ့ Alessandro Bastoni [ အလက်စန်ဒရို ဘတ်စ်တိုနီ ]တို့ဟာ ကလပ်အတွက် ပစ်မှတ်တွေ ဖြစ်ပါတယ်။ တစ်စုံတစ်ဦးကို ပြန်လည်ရယူခြင်းကတော့ Tuchel [ တူချယ် ] ရဲ့ အသင်းအတွက် ပိုမိုကောင်းမွန်တဲ့ သဘောတူညီချက်တစ်ခုဖြစ်ကြောင်း အချက်ပြခဲ့ပါတယ်။

လူကာကူဟာ ချဲလ်ဆီးအသင်းဆီ သူ့ရဲ့ ဒုတိယမြောက် ပြန်ရောက်လာချိန်မှာ အသင်းအတွက် ၄၄ ပွဲကစားပြီး ၁၅ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ၈ ဂိုးသွင်းခဲ့ပြီး ကလပ်ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ကာ EFL နဲ့ FA ဖလားဖိုင်နယ်တွေကိုတော့ ရှုံးနိမ့်ခဲ့ပါတယ်။ သူ့နေရာမှာ အစားထိုးဖို့အတွက် ချဲလ်ဆီးအသင်းဟာ Gabriel Jesus [ ဂါဘရီယယ် ဂျေဆု] နဲ့ Christopher Nkunku [ ခရစ်စတိုဖာ လန်ကန်ကု ] တို့လို ကစားသမားတွေကို စောင့်ကြည့်နေခဲ့ပါတယ်။ 

ဒါပေမယ့်လည်း သူတို့အတွက် ခိုင်မာတဲ့ ကမ်းလှမ်းမှုမျိုး မပြုလုပ်ရသေးဘဲ အသင်းရဲ့ နောက်တန်းကို အရင်ဆုံး တိုးတက်အောင်လုပ်ဖို့ အာရုံစိုက်နေပါတယ်။

လူကာကူအတွက် အငှားပြောင်းရွှေ့ကြေးက ဘယ်လောက်လဲ?

ချဲလ်ဆီးအသင်းဟာ ရိုမီလူလူကာကူကို ၂၀၂၂-၂၃ ရာသီမှာ အင်တာမီလန်ဆီ ပြန်လည်ရောက်ရှိဖို့အတွက် အငှားပြောင်းရွှေ့ကြေး ယူရို ၁၀ သန်း တောင်းဆိုထားပါတယ်။ အင်တာမီလန်နဲ့ ချဲလ်ဆီး တို့ဟာ လူကာကူကို တစ်နှစ်အငှားနဲ့ ဆန်ဆီရိုကို ပြန်ပြောင်းဖို့ တိုက်ရိုက်ဆွေးနွေးနေပြီး ကလပ်နှစ်ခုက ဗုဒ္ဓဟူးနေ့မှာ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အီတလီ သတင်းဌာန Sky Italia ရဲ့ ဖော်ပြချက်အရတော့ ဆွေးနွေးမှုတွေက အပြုသဘောဆောင်ပြီး အင်တာမီလန်က ချဲလ်ဆီးရဲ့ တောင်းဆိုချက်တွေကို လျှော့ချနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

Romelu Lukaku with serie a trophy

စီးရီးအေချန်ပီယံဖလားနဲ့အတူ အောင်ပွဲခံနေတဲ့ လူကာကူ။

ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကူနဲ့ ချဲလ်ဆီးအသင်းတို့ဟာ အင်တာမီလန်အသင်းဆီ အပြောင်းအရွှေ့ ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးနေကြပါပြီ။ အီတလီကလပ် အင်တာမီလန်အသင်းဟာ လူကာကူကို အပြီးအပိုင်ခေါ်ယူဖို့ မတတ်နိုင်တာကြောင့် တစ်နှစ်အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်လျက်ရှိနေပါတယ်။ ဘယ်လ်ဂျီယံသားဟာ လန်ဒန်အသင်းကနေ ထွက်ခွာဖို့ ဆန္ဒပြင်းပြနေပြီး ဆန်စီရိုကိုသာ ပြန်သွားချင်နေတာဖြစ်ပါတယ်။

ပြီးတော့ တခြားကလပ်အသင်းလည်း မရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ် ကစားသမားဟာ အင်တာမီလန်မှာ ၂၀၁၉ ကနေ ၂၀၂၁ ခုနှစ်အထိ ကောင်းမွန်တဲ့ နှစ်နှစ်တာကို ဖြတ်သန်းခဲ့ပါတယ်။ နည်းပြ အန်တိုနိယို ကွန်တီလက်ထက်သူ့ရဲ့ ဒုတိယရာသီမှာ အီတလီ စီးရီးအေချန်ပီယံဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment