Lois Openda အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀။

Lois Openda is wanted by Chelsea and Liverpool WS
April 10, 2024

လိုက်ပ်ဇစ် တိုက်စစ်မှူး Lois Openda [ လိုအစ် အိုပန်ဒါ ] အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀။

Lois Openda [ လိုအစ် အိုပန်ဒါ ] ကို ချဲလ်ဆီးတို့က ဗစ်တာ အိုစီမှင် အစားထိုး အဖြစ် ခေါ် ယူချင်နေပြီး လီဗာပူးလ်ကလည်း ခေါ် ယူဖို့ စိတ်ဝင် စားနေကြတာကြောင့် လိုက်ပ်ဇစ် အသင်းဘက်က ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ အထိ တောင်းဆိုဖို့ စီစဥ်ထားပါတယ်။

အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူး ဟာ ပြီးခဲ့တဲ့ နွေရာသီက RC Lens ကနေ ကနဦး ယူရို ၃၈.၅ သန်း နဲ့ လိုက်ပ်ဇစ် အသင်းကို ရောက်ရှိ လာခဲ့ပြီး ဂျာမနီ ကလပ်အသင်းနဲ့ သူ့ ရဲ့ ပွဲဦးထွက် ရာသီ ၃၉ ပွဲမှာ ၂၅ ဂိုး သွင်းယူထားပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

ပရီးမီးယားလိဂ် ထိပ်တန်း အသင်းတွေက အိုပန်ဒါ ကို ခေါ် ယူချင်နေကြပါတယ်။

တိုက်စစ်မှူး Lois Openda [ လိုအစ် အိုပန်ဒါ ] ဟာ အခု နွေရာသီ မှာ သူ့ကို ခေါ် ယူဖို့  ပရီးမီးယားလိဂ် ထိပ်တန်း အသင်းတွေ ဖြစ်တဲ့ ချဲလ်ဆီး နဲ့ လီဗာပူးလ် တို့က စိတ်ဝင်စားနေကြပါတယ်။

Sacha Tavolieri (Fichajes မှတဆင့်) ရဲ့ ဖော်ပြချက် အရ Lois Openda [ လိုအစ် အိုပန်ဒါ ] ဟာ အခု နွေရာသီမှာ ချယ်လ်ဆီး နဲ့ လီဗာပူးလ် နှစ်သင်းစလုံး ရဲ့ ရေဒါမှာ ရှိနေပါတယ်။

Lois Openda scored 25 goals in 39 games for RB Leipzig

ပထမရာသီ ၃၉ ပွဲမှာ ၂၅ ဂိုးသွင်းယူထားတဲ့ အိုပန်ဒါ။

Lens ကစားသမားဟောင်း ဟာ ၂၀၂၅ ခုနှစ်မှာ သူ့ ရဲ့  Leipzig နဲ့ စာချုပ်မှာ ယူရို သန်း ၈၀ တန်ကြေးရှိတဲ့ စာချုပ် ဖျက်သိမ်းကြေး ပါရှိမှာ ဖြစ်ပေမယ့် အဲ့အပိုဒ်က အခုထိ မရှိသေးပါ။ ရလဒ် အနေနဲ့ ဒီနွေရာသီ မှာ သူ့ကို ရရှိနိုင်မှာပါ။

တိုက်စစ်မှူး Lois Openda က ချဲလ်ဆီး ဒါမှမဟုတ် လီဗာပူးလ် ကို ပြောင်းမလား။?

၂၀၂၃-၂၄ ရာသီ ကုန်ဆုံးတာ နဲ့ ချယ်လ်ဆီး၊ လီဗာပူး သို့မဟုတ် အခြား စိတ်ဝင်စားတဲ့ အသင်းများက ခေါ် ယူလိုပါက RB Leipzig အနေနဲ့ သူတို့ရဲ့ တိုက်စစ်မှူး အတွက် အနည်းဆုံး ယူရို သန်း ၁၀၀ တောင်းဆိုမည် ဖြစ်ကြောင်း ဂျာမန်ထုတ် BILD က ဖော်ပြခဲ့ပါတယ်။

အိုပန်ဒါဟာ ပြီးခဲ့တဲ့ နွေရာသီက လိုက်ပ်ဇစ်ကို မပြောင်းမီ ငွေကြေးမြင့် ပရီးမီးယားလိဂ် အပြောင်းအရွေ့ တစ်ခုနဲ့ အကြို ချိတ်ဆက်ခဲ့ပေမယ့် ဘယ် အသင်းကမဆို သူ့ကို ၂၀၂၄ မှာ ခေါ် ယူဖို့ အလေးအနက်ထားပါက ကုန်ကျစရိတ် ပိုမို များပြားလာမှာ ဖြစ်ပါတယ်။

Lois Openda Thierry Henry at Belgium national team

တချိန်က ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းရဲ့ နည်းပြ အဖွဲ့ဝင် သီယာရီ အွန်နရီ။

အသက် ၂၄ နှစ်အရွယ်ရှိ တိုက်စစ်မှူး ဟာ  ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်း နဲ့ အတူ အာဆင်နယ် ဂန္ထဝင် သီယာရီ အွန်နရီ အချိန်တုန်းက သူ့ ရဲ့ အကြံဉာဏ်များကို ရယူခဲ့ကြောင်း မကြာသေးမီက ဝန်ခံခဲ့ပါတယ်။

ဘယ်လ်ဂျီယံ တိုက်စစ်မှူး Lois Openda [ လိုအစ် အိုပန်ဒါ ] ရဲ့ ဝန်ခံချက်။

“ကျွန်တော် လုံးဝဂိုးသွင်းရမယ်လို့ တွေးပြီး ကိုယ့်ကိုယ်ကိုယ် ဖိအားတွေ အရမ်းပေးခဲ့တယ်။ အဲဒါက မလိုအပ်ပါဘူး၊ သီယာရီ အွန်နရီက နည်းပညာ ဝန်ထမ်း [ဘယ်လ်ဂျီယံမှာ] ရှိနေတုန်းက ကျွန်တော့်ကို လက်ဆင့်ကမ်းပေးခဲ့တဲ့ အရာတစ်ခုပါ။ “

ဘောလုံးကို စ,တင် ထိတွေ့ပြီဆိုတာနဲ့ စိတ်ဓာတ်ကို ကြံခိုင်အောင်ထားပြီး စိတ်တည်ငြိမ်အောင်လည်း နေရမယ်လို့ Openda က ဖေဖော်ဝါရီမှာ Pickx Sports ကို ဖွင့်ဟခဲ့ပါတယ်။

” Erling Haaland၊ Kylian Mbappe နဲ့ Harry Kane တို့လို ကစားသမားတွေဟာ ကြံ့ခိုင်တဲ့ စိတ်ဓါတ်နဲ့ အကောင်းဆုံးဖြစ်ဖို့ ရည်မှန်းချက်ရှိပြီး ဒီစိတ်ဓာတ်ကိုလည်း မွေးမြူချင်ပါတယ်။ “

Lois Openda and RB Leipzig teammates

ဂိုးသွင်းပြီး အောင်ပွဲခံနေကြတဲ့ အိုပန်ဒါနဲ့ လိုက်ပ်ဇစ် အသင်းသားများ။

ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက်ဖြစ်ချင်ပါတယ်လို့ ယုံကြည်ချက် ရှိနေတာကြောင့် ကျွန်တော့် အနေနဲ့ အကောင်းဆုံး လုပ်နိုင်တယ်ဆိုတာ သိပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။

လိုက်ပ်ဇစ်ဟာ အခုနှစ် နွေရာသီမှာ Openda အတွက် ယူရို သန်း ၁၀၀ တောင်းဆိုရန် စီစဉ်ထားပေမယ့် သူ့ ရဲ့  လက်ရှိခန့်မှန်း ပြောင်းရွှေ့မှု တန်ကြေး (ETV) ဟာ အရင်နှစ်က ယူရို ၃၅ သန်း ကနေ ယူရို ၆၃.၁ သန်းအထိသာ မြင့်တက်လာခဲ့ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment