Bernardo Silva ဘာစီလိုနာကို ပြောင်းတော့မည်။

Bernardo Silva to Join Barcelona WS
April 9, 2024

ဘာစီလိုနာကို ပြောင်းရွှေ့တော့မယ့် မန် စီးတီး ကွင်းလယ်လူ  Bernardo Silva [ ဘာနာဒို ဆေးလ်ဗား ]။

Bernardo Silva [ ဘာနာဒို ဆေးလ်ဗား ] ဟာ သူ့ ရဲ့ ပေါ် တူဂီ လက်ရွေးစင် အသင်းဖော် ယွာအို ဖဲလစ်ခ်စ် ရှိရာ ဘာစီလိုနာ အသင်းဆီ မကြာခင် ပြောင်းရွှေ့တော့ မှာ ဖြစ်ပါတယ်။

ဘာစီလိုနာ တိုက်စစ်မှူး ယွာအို ဖီးလစ်က Bernardo Silva [ ဘာနာဒို ဆေးလ်ဗား ] ဟာ လာမည့် ရာသီတွင် ဘာစီလိုနာ ကို ပြောင်းရွှေ့ ဖို့ မျှော်လင့်ထားကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

မန် စီးတီး ကြယ်ပွင့် Bernardo Silva [ ဘာနာဒို ဆေးလ်ဗား ] ဟာ ယခု ရာသီ အပြောင်းအရွှေ့ အတွက် ဘာစီလိုနာ ဆီ အကြိမ်ကြိမ် ချိတ်ဆက် နေခဲ့ပြီး ပြီးခဲ့သည့် နွေရာသီ အပြောင်းအရွှေ့ မတိုင်မီ ကပင် နီးစပ်လာခဲ့သည်။

ဆေးလ်ဗား သည် ယခု နွေရာသီတွင် ၎င်း၏ ပေါ် တူဂီ လက်ရွေးစင် အသင်းဖော် ယွာအို ဖီးလစ်က ပြောင်းရွှေ့ ဖို့ အပြင်းအထန် တိုက်တွန်းနေသဖြင့် ယခု နွေရာသီတွင် အပြီးသတ် ပြောင်းရွှေ့နိုင်သည်။

ဖဲလစ်ခ်စ် က  ဘာနာဒို ဆေးလ်ဗား အပြောင်းအရွှေ့ နဲ့ ပတ်သက်လို့ ဘာပြောခဲ့လဲ။

အက်သလက်တီကို မက်ဒရစ် မှ ဘာစီလိုနာ အသင်းသို့ အငှား သွားရောက် ကစားနေသည့် ယွာအို ဖီးလစ်က “ဘာနာဒို ဆေးလ်ဗား ရောက်လာရင် ကျွန်‌‌တော် ကော်မရှင် တစ်ခု တောင်းရလိမ့်မယ်။”

Bernardo Silva vs Joao Felix at Portugal National Team

ပေါ် တူဂီ လက်ရွေးစင် အသင်းဖော်တွေ ဖြစ်တဲ့ ဘာနာဒို ဆေးလ်ဗားနဲ့ ယွာအို ဖဲလစ်ခ်စ်။

“ကျွန်‌‌တော် ပြောခဲ့သမျှ မှန်ကန်ပြီး သူရောက်လာခဲ့ရင် ဝမ်းမြောက်ဝမ်းသာ ဖြစ်မှာပါ။ သူက အစစအရာရာ အရမ်းဂရုစိုက်ပြီး နေစရာနေရာ၊ စားရေးသောက်ရေး နဲ့ လုံခြုံရေး အကြောင်း မေးတယ်… အခွန် ကိစ္စ နဲ့ ပတ်သက်ပြီးတော့လည်း တွေးမိတယ်။ “

“[သူ ဘာစီလိုနာကို ပြောင်းရွှေ့မှာ လား။] ကျွန်တော် ထင်တယ်။ ဒါ​ပေမယ့်​ အခု အပြောင်းအရွှေ့ က သူ့အ​ပေါ်  မူတည်​တယ် ​လို့ မထင်​ပါဘူး။” ဟု Catalunya Radio သို့ ပြောကြားခဲ့သည်။

ဒီဂျောင်နေရာကို Bernardo Silva [ ဘာနာဒို ဆေးလ်ဗား ]  နဲ့ အစားထိုးမယ့် ဘာစီလိုနာ။

ဆေးလ်ဗားသည် ဘာစီလိုနာ ၏ အမာခံ ပရိသတ် တစ်ဦး ဖြစ်ကြောင်း လူသိများပြီး 2022 ခုနှစ် နွေရာသီ အပြောင်းအရွှေ့ တွင် ကလပ် အသင်းထံ ပြောင်းရွှေ့ရန် အပြင်းအထန် ချိတ်ဆက်မှုများ ရှိခဲ့သည်။

ဘာစီလိုနာ နှင့် မန် စီးတီး အသင်းတို့သည် အပြောင်းအရွှေ့ အတွက် ညှိနှိုင်းမှုတွေ ပြုလုပ်နေပြီး ကလပ်က အရောင်းစာရင်း တင်ထားတဲ့ အသက် ၂၉ နှစ်အရွယ်  ဖရန်ကီ ဒီဂျောင်ကို အစားထိုးဖို့ ဘာစီလိုနာ နည်းပြ ဇာဗီက အလိုရှိနေသည်။

Bernardo Silva vs Frankie De Jong

ချန်ပီယံလိဂ် ပွဲစဥ်မှာ ဖရန်ကီ ဒီဂျောင် နဲ့ ဘာနာဒို ဆေးလ်ဗား။

နောက်ဆုံး အဆုံးသတ် အနေဖြင့် ဖရန်ကီ ဒီဂျောင်က ပြောင်းရွှေ့ဖို့ ငြင်းဆိုခဲ့ပြီး ဘာနာဒို အတွက် သဘောတူညီမှုက မန်ချက်စတာ စီးတီး အသင်း နှင့် အပြီး မသတ် နိုင်ခဲ့ပါ။

အပြောင်းအရွှေ့ နဲ့ ပတ်သက်လို့ Bernardo Silva က ဘာပြောခဲ့လဲ။?

ဘာစီလိုနာကို ပြောင်းရွှေ့ ချင်လားလို့ မေးတဲ့အခါ ဆေးလ်ဗား က သူ့ ရဲ့ ဆန္ဒကို ဖွင့်ဟခဲ့ပါတယ်။ “ကျွန်တော်က မန် စီးတီး နဲ့ ပွင့်လင်းပြီး သူတို့ လိုချင်တာကို သိပါတယ်။ ကျွန်တော် ဆက်နေမယ်ဆိုရင် ကျွန်တော် အရမ်းပျော်နေမှာပါ။ ”

“ ဒီကလပ်ကို အမြဲတမ်း လေးစားပြီး အကောင်းဆုံး တွေ ပေးသွားမှာပါ။ မဟုတ်ရင် ဒါက ဘောလုံး ဖြစ်ပြီး ဘာတွေ ဖြစ်လာမလဲ ဆိုတာကို ကျွန်တော်တို့ မြင်တွေ့ရမှာပါ။ ”

Bernardo Silva at Man City

မန်စီးတီး ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗား။

“ကျွန်တော်က မန် စီးတီးကို အမြဲတမ်း လေးစားနေမှာ ပါ။ မန် စီးတီးက အသင်းကြီး တစ်သင်း ဖြစ်ပြီး မပျော်တဲ့ ကစားသမားတွေ ကို မလိုချင်ဘူး။ မင်းမပျော်ရင် မင်းထွက်သွားနိုင်တယ်။” လို့ ဘာနာဒို ဆေးလ်ဗား က ESPN သို့ ပြောကြားခဲ့သည်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment