N’Golo Kante ချဲလ်ဆီးကနေ ထွက်ခွာဖို့ သေချာနေပြီ။

ကွင်းလယ်လူ N’Golo Kante [ အန်ဂိုလို ကန်တေ ] ဟာချဲလ်ဆီးကနေ ထွက်ခွာဖို့ သေချာနေ။
N’Golo Kante [ အန်ဂိုလို ကန်တေ ] ဟာ ရာသီကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ချဲလ်ဆီး အသင်းကနေ ထွက်ခွာဖို့ အလားအလာ ပိုတိုးလာတယ်လို့ အပြောင်းအရွှေ့ ဆရာကြီး Fabrizio Romano က ဆိုထားပါတယ်။
အသက် ၃၁ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ကစားသမားဟာ လွန်ခဲ့တဲ့ နှစ် အနည်းငယ်အတွင်း ချဲလ်ဆီး အသင်းအတွက် တကယ်ကို မရှိမဖြစ် အရည်အသွေးမြင့် ကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ကလပ်အသင်းရဲ့ ၂၀၂၁ ချန်ပီယံလိဂ် အောင်မြင်မှု ကာလအတွင်းက ဆိုပါတော့။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
အသင်းနဲ့ စာချုပ်သက်တမ်းတို့ဖို့ ဖြစ်နိုင်ခြေ နည်းနေတဲ့ N’Golo Kante [ ကန်တေ ]။
လန်ဒန်အသင်းနဲ့အတူ တောက်လျှောက် ခြေစွမ်းတွေပြ၊ အောင်မြင်မှုတွေ ရရှိခဲ့ပေမယ့်လည်း အခုအခါ အသက် ၃၀ ပတ်ဝန်းကျင်နဲ့ ကစားဖို့ အသင်း မှားယွင်းနေပြီး လက်ရှိ ရာသီကုန်တွင် အသင်းနဲ့ သူ့ရဲ့ စာချုပ်က သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။
သူနဲ့ တွဲဖက် ကွင်းလယ် ကစားသမား ဂျော်ဂျင်ဟိုသည်လည်း ရာသီကုန်မှာ အသင်းနဲ့ သူ့ရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် ချဲလ်ဆီးအသင်း အနေနဲ့ အဆိုပါ ကစားသမား နှစ်ဦးအနက်က အများဆုံး တစ်ဦးသာ သက်တမ်းတိုးမှာ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လျက်ရှိနေပါတယ်။

ကန်တေဟာ တံကောက်ကြော ဒဏ်ရာကြောင့် ပြိုင်ပွဲစုံ ၁၇ ပွဲအထိ လွဲချော်ထားပါတယ်။
ပြင်သစ်သား N’Golo Kante [ အန်ဂိုလို ကန်တေ ] ဟာ ပြီးခဲ့တဲ့ တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်အတွင်း ဒဏ်ရာ ပြဿနာတွေ ကြောင့် အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ဖြစ်နိုင်ခြေ တော်တော်လေး နည်းသွားပုံ ရပါတယ်။
ပြီးခဲ့ တဲ့ ရာသီတုန်းက လက်စတာ စီးတီး ကြယ်ပွင့်ဟောင်းဟာ ဒဏ်ရာ လေးခုအပြင် ကိုရိုနာဗိုင်းရပ် နှစ်ကြိမ်အထိ ကြုံတွေ့ခဲ့ရပြီး ဒီ ၂၀၂၂ – ၂၀၂၃ ရာသီမှာလည်း တံကောက်ကြော ဒဏ်ရာကြောင့် ၁၇ ပွဲအထိ လွဲချော်ခဲ့ပြီး ဖြစ်ပါတယ်။
ကန်တေကို အလွတ်နဲ့ ခေါ်ယူဖွယ် ရှိနေတဲ့ ဘာစီလိုနာ။
ဘာစီလိုနာအသင်းဟာ အန်ဂိုလို ကန်တီနဲ့ ဂျော်ဂျင်ဟိုတို့ နှစ်ယောက်စလုံးကို ပြီးခဲ့တဲ့ တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်တုန်းက ချဲလ်ဆီး အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ် ယူဖို့ အပြင်းအထန် ချိတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့တုန်းက ဘာစီလိုနာအသင်းဟာ ဖရန့်ခ် ကက်စီ နဲ့ အန်ဒရေ့စ် ခရစ္စတန်ဆန် တို့ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပြီး လွန်ခဲ့တဲ့ တစ်နှစ်ကျော်တုန်းက စပိန်ကလပ်အသင်းဟာ ဆာဂျီယို အဂွဲရို၊ မမ်းဖစ်စ် ဒီပိုင်း နဲ့ အဲရစ် ဂါစီယာ တို့ကိုလည်း အလွတ်နဲ့ပဲ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ကန်တေနဲ့ ဂျော်ဂျင်ဟို နှစ်ယောက်စလုံးကို အလွတ်နဲ့ ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲပါတယ်။
အပြောင်းအရွှေ့ ဂုရုကြီး ဖာဘရီဇီယို ရိုမန်နိုက ဘာစီလိုနာအသင်းနဲ့ အပြောင်းအရွှေ့ ကိစ္စ အခိုင်အမာ တိတိကျကျ ဘာမှမရှိဘူးလို့ ပြောပေမယ့် ဖြစ်နိုင်ချေ မရှိရင်တော့လည်း ကန်တီက အသင်းကနေ ထွက်ခွာမယ်လို့ ဝန်ခံထားပါတယ်။
ရိုမန်နိုက N’Golo Kante [ အန်ဂိုလို ကန်တေ ] နဲ့ ပတ်သက်ပြီး ဘာပြောခဲ့လဲ။
“သူ နဲ့ ဘယ်ကလပ် အသင်းတွေ ကြားမှာမှ အဆင့်မြင့် ဆွေးနွေးမှုတွေ မရှိသေးဘူးလို့ ကျွန်တော် ပြောထားပါတယ်။ ”
“သူ့ အနေနဲ့ လန်ဒန်မှာ ပျော်နေပေမယ့် ချဲလ်ဆီးအသင်းနဲ့ ပြောဆို ညှိနှိုင်းရတာ မလွယ်တဲ့အတွက် သူ့မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ လေးနက်တဲ့ အခွင့်အရေးတွေ ရှိနေပါတယ်။ ”
“ဘာစီလိုနာက အလားအလာရှိတဲ့ အလွတ် အေးဂျင့်တွေ အကြောင်း အမြဲအသိပေးလေ့ ရှိပါတယ်။ ကန်တေလည်း ပါဝင်ပါတယ်။ ဒါပေမယ့် အဆင့်မြင့်ညှိနှိုင်းမှုတော့ မဖြစ်သေးပါဘူး။ ” ဆိုတဲ့အကြောင်း အားကစား သတင်းဆိုဒ် CaughtOffside မှာ ရေးသား ဖော်ပြခဲ့ပါတယ်။

ကန်တေဟာ ချဲလ်ဆီးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။
အန် ဂိုလို ကန်တေဟာ ၂၀၁၅ -၂၀၁၆ ရာသီတုန်းက လက်စတာ စီးတီး အသင်းကို ပရီးမီးယားလိဂ် ချန်ပီယံဖလား ရရှိအောင် ကူညီပေးပြီးနောက် ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့ကြေး ယူရို ၃၆ သန်းနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
ကန်တေဟာ ချဲလ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ၂၆၂ ပွဲကစားထားပြီး ၁၁ ဂိုး သွင်းယူပေးထားပါတယ်။ အန်ဂို လိုကန်တေဟာ အသင်းမှာ ရှိနေစဉ် ပရီးမီးယားလိဂ် ဖလား တစ်ကြိမ် ၊ ချန်ပီယံလိဂ် တစ်ကြိမ် နဲ့ ကမ္ဘာ့ဖလား တို့ကို ဆွတ်ခူး နိုင်ခဲ့ ပါတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။