De Gea1 [ ဒဟဲယား ] နဲ့ လက်ရှိ ယူနိုက်တက်တို့ အခြေအနေ။

How De Gea1 could play his way into new Man Utd contract
November 1, 2022

မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ De Gea1 [ ဒေးဗစ် ဒဟဲယား ] တို့ရဲ့ လက်ရှိ အခြေအနေ။

De Gea1 [ ဒေးဗစ် ဒဟဲယား ] ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ယူနိုက်တက် အသင်းကနေ ထွက်ခွာဖွယ် ရှိနေပါတယ်။ သို့ပေမယ့် မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အသင်းအတွက် စွမ်းဆောင်ရည်တွေက အသင်းရဲ့ ဂိုးသမားနေရာကို လွှမ်းမိုးမှု ရှိနေပါတယ်။

ယူနိုက်တက် အသင်း အတွက် သူ့ရဲ့ အကျိုးသက်ရောက်မှုကို ပုံတူ ကူးချဖို့ နဲ့ သူ့ နေရာ ဆက်ခံဖို့ နောက်ထပ် ဂိုးသမား အသစ် အနေနဲ့ ဒဟဲယားထက် အဆင့်အတန်း မမြင့်ရင်တောင် အနည်းဆုံး  သူနဲ့ အဆင့်အတန်း တူညီနေမှ ဖြစ်နေဖို့ လိုအပ်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ပရီးမီးယားလိဂ်ရဲ့ လစာအမြင့်ဆုံး ဂိုးသမား De Gea1 [ ဒေးဗစ် ဒဟဲယား ]။

ဒေးဗစ် ဒဟဲယား ဟာ ယူနိုက်တက်ရဲ့ မကြာသေးခင်က ဝက်စ်ဟမ်းကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာ သူရဲကောင်းပီသစွာ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ သူ့ရဲ့ အသင်း ဦးဆောင်မှုကို ကာကွယ်ကာ နိုင်ပွဲ ရယူဖို့ ထူးထူးခြားခြား ကယ်တင်မှုတွေ များစွာ ပြုလုပ်နိုင်ခဲ့ပါတယ်။

စပိန်သားဟာ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲမှာ တစ်ဂိုးသာ ပေးခဲ့ရပြီး သူ့ရဲ့ Clean Sheet [ ဂိုးမပေးရ ပွဲစဥ် ] ငါးကြိမ်က ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ လက်ရှိ တတိယမြောက် အကောင်းဆုံး ဂိုးသမား နေရာမှာ ရပ်တည်နေစေပါတယ်။

De Gea1 is a high paid player at EPL

ဒဟဲယားဟာ ပရီးမီးယားလိဂ်ရဲ့ လစာအများဆုံး ဂိုးသမားပါ။

ယူနိုက်တက်အသင်းဟာ လာမယ့် နွေရာသီ အပြောင်း‌အရွှေ့မှာ သက်တမ်း ကုန်ဆုံးမယ့် De Gea [ ဒေးဗစ် ဒဟဲယား ] ရဲ့ စာချုပ်မှာ တစ်နှစ်ရွေးချယ်ခွင့် ရှိနေပေမယ့် အသက် ၃၁ နှစ်အရွယ် ကစားသမားဟာ အိုးလ်ထရက်ဖို့ဒ်မှာ ဝင်ငွေ အများဆုံး ရရှိသူဖြစ်ပြီး ထွက်ခွာခွင့် ပြုနိုင်ပါတယ်။

ကလပ်အသင်း အနေနဲ့ ဒဟဲယားကို သိသိသာသာ လျှော့စျေးနဲ့ စာချုပ်သစ် ချုပ်ဆိုမယ်ဆိုရင် စာချုပ်သစ်ချုပ်ဆိုဖို့ ဆန္ဒရှိနေမယ်လို့ ယုံကြည်နေပါတယ်။ လစာ ၅၀% ဖြတ်တောက်လိုက်ရင်တောင် လိဂ်ရဲ့ လစာ အများဆုံး ဂိုးသမားတွေထဲက တစ်ဦးဖြစ်နေပါသေးတယ်။

အိုးလ်ထရက်ဖို့ဒ်မှာ De Gea1 [ ဒေးဗစ် ဒဟဲယား ] ဆက်ထိန်းထားဖို့ မလုံလောက်ဘူးလား။

ငယ်ရွယ်နုပျိုပြီး နောက်တန်းတွေနဲ့ ချိတ်ဆက်ကစားတဲ့ ဂိုးသမားတွေကို လိုက်ရှာနေပြီး ဒင်းဟန်ဒါဆန်ကတော့ နော်တင်ဟမ်ဖောရက်စ်ကနေ အငှားကာလ ကုန်ဆုံးတာနဲ့ ပြန်လာဖို့ ရှိနေပါတယ်။ စပိန်သားရဲ့ ကောင်းမွန်တဲ့ ဂိုးပေါက် ကာကွယ်မှုတွေက သူ့ရဲ့ ယူနိုက်တက်ကစားသမားဘဝကို ထိန်းထားဖို့ မလုံ‌လောက် ဖြစ်နေပုံပါပဲ။

ဒဟဲယားဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုကျော်က ယူနိုက်တက်ဆီ ရောက်လာပြီးကတည်းက ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ဦးအဖြစ် ရပ်တည်ခဲ့ပြီး သူ့ရဲ့ အကောင်းဆုံးဆင့်မှာ အသင်းအတွက် ပွဲပေါင်းများစွာကို ပထမပွဲထွက်အသင်းနဲ့အတူ ကစားခဲ့ပြီး ဆုဖလားတွေကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

De Gea1 against West Ham

ဝက်စ်ဟမ်းနဲ့ပွဲမှာ လက်စွမ်းပြခဲ့တဲ့ ဒဟဲယား။

ဒေးဗစ်ဒဟဲယားရဲ့ ဂိုးပေါက် ကာကွယ်မှုတွေအတွက် ဘယ်တုန်းကမှ သံသယ မရှိခဲ့ပေမယ့်  သူ့ရဲ့  နောက်တန်းတွေနဲ့ ချိတ်ဆက် ကစားမှုတို့နဲ့ ပတ်သက်ပြီး မသေချာမရေရာမှုတို့အပေါ် အမြဲ မေးခွန်းတွေ ထုတ်ခံရလေ့ ရှိပါတယ်။

စပိန်သားရဲ့ ဂိုးပေါက်ကာကွယ်မှုနဲ့ တခြားသော စွမ်းဆောင်ရည် ရာခိုင်နှုန်းများ။

ဒဟဲယားဟာ ဘောလုံးဖြတ်ပို့ရာမှာ ပရီးမီးယားလိဂ် ဂိုးသမားတွေရဲ့ အဆိုးဆုံးကို အဆင့်သတ်မှတ်ခံထားပြီး ဂိုးဧရိယာအတွင်း ၂.၇% သာ တားဆီးထားကာ ပျမ်းမျှ ၇% နဲ့ နှိုင်းယှဉ်ပါက အဆိုပါမေးခွန်းတွေအတွက် အခုရာသီမှာ အဖြေမပေးရသေးပါဘူး။

ဒ ဟဲယားဟာ ဂိုးသမားတစ်ဦးမှ အောင်မြင်တဲ့ ‘ပစ်လွှတ်ခြင်း’ ရာခိုင်နှုန်းအရ ကိုက် ၄၀ ထက် ၂၈.၅% သာ ပြီးမြောက်အောင်မြင်တဲ့ ရာခိုင်နှုန်းအတွက် အောက်ဆုံး ၃ နေရာမှာ ရပ်တည်နေပါတယ်။

De Gea1 vs Dean Henderson

နော်တင်ဟမ်ဖောရက်စ်ကို အငှားသွားကစားနေတဲ့ ဒင်းဟန်ဒါဆန်။

ဒါ့အပြင် ဒီဂီယာဟာ မယုံနိုင်လောက်အောင် ဂိုးပေါက် ရပ်တန့်ကာကွယ်နိုင်စွမ်းရှိပေမယ့် သူ့ရဲ့ အမှန်တကယ် အောင်မြင်မှုမှာ အခုရာသီ ၆၇% ဖြစ်ပြီး အရည်အချင်း ပြည့်မီသူ ၂၂ ယောက်မှာ ၁၆ ယောက်အဆင့်မှာသာ ရပ်တည်နေပါတယ်။

နည်းပြ အဲရစ် တန်ဟက်ဂ်ကတော့ သူ့ရဲ့ ဂိုးသမား နောက်တန်းကနေ ရုန်းထွက်လိုတဲ့ ဆန္ဒကို လျှို့ဝှက်ထားခဲ့ခြင်း မရှိပေမယ့်  De Gea1 [ ဒေးဗစ် ဒဟဲယား ] ဟာ ယူနိုက်တက်ရဲ့ နံပါတ်တစ်အဖြစ် ဆက်ရှိနေဖို့ သူ့ရဲ့အထင်ကြီးလောက်စရာ အရည်အချင်းတွေမှာ သိသိသာသာ တိုးတက်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment