Kante7 အတွက် သင့်တော်တဲ့ ဘာစီလိုနာ။

Kante7 to Barcelona
October 29, 2022

ဘာစီလိုနာအသင်းမှာ ဘူစကက်စ်နေရာကို အစားထိုးဖို့ အသင့်တော်ဆုံးက Kante7 [ ကန်တေ ] ပါ။

Kante7 [ အန်ဂိုလို ကန်တေ ] ဟာ ချဲလ်ဆီးနဲ့ ပြင်သစ်အသင်းအတွက် အားထားရတဲ့ ကွင်းလယ် ကစားသမား တစ်ဦးဖြစ်ပြီး သူဟာ ဘာစီလိုနာအသင်းမှာ ဝါရင့် ကွင်းလယ်လူ ဆာဂျီယို ဘူစကက်စ် နေရာအတွက် အစားထိုးဖို့ ပထမဆုံး ရွေးချယ်မှုအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။

ဝါရင့် ကွင်းလယ်လူ ဆာဂျီယို ဘူစကက်စ်ဟာ ၂၀၀၈ ခုနှစ်မှာ ဘာစီလိုနာ ပထမအသင်းကို စ, တင် ဝင်ရောက်လာကတည်းက ဂုဏ်ထူးဆောင် ဆုဖလား ၃၀ ကြိမ် ရရှိခဲ့ပြီး ဘာကာအသင်းရဲ့ သစ္စာတော်ခံ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်ခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဘာစီလိုနာအတွက် Kante7 [ အန်ဂိုလို ကန်တေ ] ဟာ အလွတ် အပြောင်းအရွှေ့ ရွေးချယ်မှု တစ်ခု။

စပိန်ကွင်းလယ်လူ ဘူစကက်စ် အနေနဲ့ လာမယ့် နွေရာသီရောက်ရင် သူ့ရဲ့ အသက်ဟာ ၃၅ နှစ်အရွယ် ရှိမှာ ဖြစ်ပြီး လက်ရှိ  Camp Nou [ ဘာစီလိုနာ အသင်း ] နဲ့ စာချူပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ သူ့နေရာ အစားထိုးခဲ့မယ်ဆိုရင် ကန်တေက အကောင်းဆုံး ရွေးချယ်မှု တစ်ခု ဖြစ်မှာပါ။

အန်ဂိုလို ကန်တေဟာလည်း လက်ရှိ ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး မကြာသေးခင်က နွေရာသီ အပြောင်းအရွှေ့ ကာလမှာ ချဲလ်ဆီးအသင်းကနေ အန်ဒရေ့စ် ခရစ္စတန်ဆန်နဲ့ မာကို အလွန်ဆိုတို့ကို အလွတ် ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူထားတဲ့ ငွေကြေး ကြပ်တည်းတဲ့ ဘာကာကို ဆွဲဆောင်စေပါတယ်။

Kante7 vs Sergio Busquets

ဘာစီလိုနာအသင်းနဲ့ တွေ့ဆုံခဲ့စဥ်က ကန်တေနဲ့ ဘူစ်ကက်စ်။

ဘာစီလိုနာအသင်း အားကစား ဒါရိုက်တာ မတ်တေး အယ်လ်မန်နီက 

“ ကျွန်တော်တို့ အနေနဲ့ အလွတ် ‌အပြောင်းအရွှေ့ ဈေးကွက်တွေ အပေါ်  အာရုံစူးစိုက်ဖို ပိုမို များပြားပါတယ်။ ” လို့ လွန်ခဲ့တဲ့ တစ်လက ပြောကြားခဲ့ကြောင်း ဘာစီလိုနာရဲ့ အပြောင်းအရွှေ့ အထူး ကျွမ်းကျင်သူတွေ ဖြစ်တဲ့ အဲလ်ဘတ် ရော်ဂျာနဲ့ တိုနီ ဟွန်မာတီတို့ရဲ့ အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

“ အဲဒီ စာရင်းမှာ ချဲလ်ဆီး ကွင်းလယ် ကစားသမား အန်ဂိုလို ကန်တေက အမြင့်ဆုံး နေရာတွေထဲက တစ်ခုကို သိမ်းပိုက်ထားပါတယ်။ “

“ လက်ရှိ ဒဏ်ရာရနေတဲ့ ပြင်သစ်သားကို ဘာစီလိုနာ အသင်းက ကောင်းကောင်း သဘောပေါက်ထားပြီး ကလပ်အသင်း တောင်းဆိုတဲ့ နည်းစနစ်ပိုင်းနဲ့ ကိုက်ညီတာကြောင့် ဇူလိုင်လမှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာနိုင်တယ်။ ” လို့ ဖော်ပြထားပါတယ်။

ရူဘင် နီဗက်စ်နဲ့ ကန်တေမှာ ဘယ်သူ့ကို ရွေးချယ်မလဲ။ ဒါမှမဟုတ် နှစ်ယောက်စလုံးလား။

ပြင်သစ်သား Kante7 [ အန်ဂိုလို ကန်တေ ] ဟာ ဆာဂျီယို ဘူစကက်စ်ရဲ့ ကစားကွက် ပုံစံနဲ့ နည်းနည်းလေးတော့ ကွဲပြားပါတယ်။

ဘောလုံး သယ်ဆောင်တဲ့ ကစားသမား တစ်ယောက် အနေနဲ့ ကန်တေဟာ စပိန်ကစားသမားတွေထက် မျက်မှောက် နံပါတ် ၆ စတိုင်နဲ့ ပိုလိုက်ဖက်တဲ့ ကွင်းလယ် ကစားသမားတစ်ဦး ဖြစ်ပါတယ်။

Kante7 vs Ruben Neves

ဝုဗ်အသင်းနဲ့ တွေ့ဆုံခဲ့စဥ်က ကန်တေနဲ့ ရူဘင် နီဗက်စ်။

ဘာစီလိုနာအသင်းဟာ ဝုဗ် ကွင်းလယ်လူ ရူဘင် နီဗက်စ်ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေပြီး မကြာသေးခင်ကမှ ပေါ်တူဂီသားက ” ဘာစီလိုနာကို ပြောင်းရွှေ့ဖို့က ကစားသမားတိုင်းအတွက် အိပ်မက် တစ်ခု “ လို့ လူသိရှင်ကြား ဝန်ခံ ကြေငြာခဲ့ပါသေးတယ်။

ဒါပေမယ့် အသက် ၂၅ နှစ် အရွယ် ပေါ်တူဂီ ကွင်းလယ် ကစားသမားကို ခေါ် ယူဖို့ အတွက် သူ့ရဲ့ ပြောင်းရွှေ့ကြေး အနေနဲ့ ယူရို ၂၅ သန်း ပတ်ဝန်းကျင် ကုန်ကျဖွယ် ရှိနေပါတယ်။

ဘာစီလိုနာအသင်းရဲ့  မကြာသေးခင်က ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေ ထွက်ခွာရခြင်းဟာ သူတို့ရဲ့ အသင်း ဘဏ္ဍရေးကို ထိခိုက်မှု ရှိစေပြီး အခု ရာသီမှာ မျှော်လင့်ထားတာထက် ပိုမို တင်းကျပ်လာခဲ့ပါတယ်။ အဲ့ဒါကြောင့် ကန်တေအတွက် ပြောင်းရွှေ့ခြင်းဟာ ကွင်းပြင်ပမှာ အဓိပ္ပာယ်မရှိဘူးဆိုရင် ပိုမိုထိရောက်မှု ရှိနေမှာပါ။

Kante7 may miss World Cup 2022

ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ဖွယ်ရှိနေတဲ့ ကန်တေ။

ဒါပေမယ့်လည်း ဘာစီလိုနာအသင်းကတော့ Kante7 [ အန်ဂိုလို ကန်တေ ]ရဲ့  ကြံ့ခိုင်မှုကို စောင့်ကြည့်ရပါလိမ့်မယ်။ အသက် ၃၁ နှစ်အရွယ် ကစားသမားဟာ တံကောက်ကြော ဒဏ်ရာကြောင့် မကြာခင် ကာတာမှာ ကျင်းပမယ့် ပြင်သစ်အသင်းအတွက် ကမ္ဘာ့ဖလား ချန်ပီယံ ကာကွယ်ပွဲကို လွဲချော်ရဖွယ် ရှိနေပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment