Karim Benzema ကို Ballon d’Or နဲ့ ထိုက်တန်ကြောင်း မက်ဆီပြော။

Karim Benzema Ballon D'or
May 31, 2022

မက်ဆီ - ဘန်ဇီမာက Ballon d'Or နဲ့ထိုက်တန်ပါတယ်၊ မက်ဒရစ်က အကောင်းဆုံးအသင်းမဟုတ်ပါဘူး။

ဒီနှစ်အတွက် Karim Benzema [ ကာရင်ဘန်ဇီမာ ] ကတော့ Ballon d’Or နဲ့ သံသယဖြစ်ဖွယ်မရှိ ထိုက်တန်ကြောင်း လီယွန်နယ် မက်ဆီက ပြောကြားခဲ့ပါတယ်။ လီယွန်နယ်မက်ဆီက ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး Karim Benzema [ ကာရင်ဘန်ဇီမာ ] ဟာ Ballon d’Or ဆုနဲ့ ထိုက်တန်တယ်လို့ အင်တာဗျူးတစ်ခုမှာ ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တိုက်စစ်မှူး ဘန်ဇီမာဟာ  ရီးရဲလ်မက်ဒရစ်အသင်းကို ချန်ပီယံလိဂ်နဲ့ လာလီဂါဖလား နှစ်ခုလုံးကို ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ပြီးခဲ့တဲ့ တစ်နှစ်တာအတွက် ဘောလုံးလောကရဲ့ ဂုဏ်သိက္ခာအရှိဆုံး၊ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုဖြစ်တဲ့  Ballon d’Or ဆုကို ဆွတ်ခူးဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ ဝါရင့်ပြင်သစ်တိုက်စစ်မှူးဟာ ဒီရာသီ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပြိုင်ပွဲစုံ ၄၆ ပွဲကစားပြီး ၄၄ ဂိုးအထိ သွင်းယူပေးထားပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

PSG [ ပီအက်စ်ဂျီ ]၊ Chelsea [ ချဲလ်ဆီး ] နဲ့ Manchester City [ မန်စီးတီး ] တို့ကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပွဲစဥ်တွေမှာ အရေးပါတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ မနှစ်က Ballon d’Or ဆုကို ရရှိခဲ့တဲ့ တိုက်စစ်မှူး လီယွန်နယ် မက်ဆီက ဘန်ဇီမာအနေနဲ့ ဒီဆုကို ထိုက်ထိုက်တန်တန် ရရှိသင့်တယ်ဆိုတာ သံသယဖြစ်စရာ မရှိဘူးလို့ ပြောထားပါတယ်။

မက်ဆီ ဘာပြောခဲ့လဲ?

TyC Sports နဲ့  အင်တာဗျူးမှာ PSG တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ Ballon d’Or အငြင်းပွားမှုနဲ့ ပတ်သက်လို့ မှတ်ချက်ပေးခဲ့ပြီး ဆုရရှိဖို့ အကြိုက်ဆုံးကစားသမားကတော့ ကာရင် ဘန်ဇီမာ ဖြစ်တယ်လို့ ထောက်ပြသွားခဲ့ပါတယ်။ ပြင်သစ်သားဟာ ချန်ပီယံလိဂ်အပါအဝင် ရီးယဲလ်မက်ဒရစ်ရဲ့ မကြာသေးမီက ဆုဖလားတွေမှာ  အဓိက ကစားသမား ဖြစ်ခဲ့ပါတယ်။

အာဂျင်တီးနား အသင်းခေါင်းဆောင်က 

ပြင်သစ်သား ဘန်ဇီမာဟာ ခြေစွမ်းပိုင်း အထင်ကြီးစရာ နှစ်တစ်နှစ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ဖလားကို ၁၆ သင်းအဆင့်ကစလို့ အခြေခံကျကျနဲ့ ကောင်းကောင်းမွန်မွန် အဆုံးသတ်ခဲ့တာကို သံသယဖြစ်စရာမလိုဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒီချန်ပီယံဆုကို ရရှိခဲ့တဲ့အကြောင်းနဲ့ ပတ်သက်ပြီးလည်း ကျွန်တော့်အထင် သံသယဖြစ်စရာမရှိပါဘူး။ ” လို့ မက်ဆီက TyC Sports ကို ပြောခဲ့ပါတယ်။

Karim Benzema vs psg

psg ဘက်ကို ဂိုးသွင်းယူနေတဲ့ ဘန်ဇီမာ။

အာဂျင်တီးနားသားဟာ သူ့ရဲ့ ပထမဆုံးရာသီမှာ PSG အသင်းနဲ့အတူ လီဂူးဝမ်း ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် ခြေစွမ်းပိုင်းအရတော့ ဘာစီလိုနာအသင်းမှာတုန်းကလို့ ကောင်းမွန်တာ မတွေ့ရတော့ပါဘူး။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ချန်ပီယံစ်လိဂ် ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဥ်မှာ နှစ်ကျော့ပေါင်း ၃-၂ ဂိုးနဲ့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။ အဲ့ဒီနောက် မက်ဆီဟာ ပရိတ်သတ်တချို့ရဲ့ ဝေဖန်မှုကို ခံခဲ့ရပါတယ်။ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဥ်မှာ ပီအက်စ်ဂျီအသင်းကို ကျော်ဖြတ်လာတုန်းက တိုက်စစ်မှူး ဘန်ဇီမာဟာ အဓိက ကစားသမားကောင်း ဖြစ်ခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ် ပြင်သစ် တိုက်စစ်မှူးဟာ ဒီ ၂၀၂၁ – ၂၀၂၂ ရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ချန်ပီယံစ်လိဂ် ပွဲစဥ် စုစုပေါင်း ၁၂ ပွဲကစားပေးထားပြီး ဂိုးဖန်တီးမှု ၁ ကြိမ်နဲ့ ၁၅ ဂိုးအထိ သွင်းယူပေးထားပါတယ်။ အုပ်စုအဆင့်ပွဲစဥ်တွေမှာ ၅ ဂိုးနဲ့ ရှုံးထွက်အဆင့် ပွဲစဥ်တွေမှာ ၁၀ ဂိုး၊ နဲ့ ဟတ်ထရစ် ၂ ကြိမ် သွင်းယူပေးခဲ့ပါတယ်။ ဒီနှစ် ချန်ပီယံစ်လိဂ် ပြိုင်ပွဲမှာ ကာရင် ဘန်ဇီမာဟာ ၁၅ ဂိုးနဲ့ ပြိုင်ပွဲတလျှောက် ဂိုးသွင်းအများဆုံး တိုက်စစ်မှူးအဖြစ် ရပ်တည်နေပါတယ်။

Karim Benzema vs mancity

မန်စီးတီးအသင်းကို ပင်နယ်တီသွင်းယူနေတဲ့ ကာရင် ဘန်ဇီမာ။

ဒါနဲ့ ပတ်သက်ပြီး

သူတို့အသင်း မင်းတို့ကို ဂိုးသွင်းပြီဆိုတာနဲ့ ပွဲက အလိုလို ပြောင်းလဲသွားတာပဲ။

မက်ဒရစ်အသင်းဟာ ဒီချန်ပီယံလိဂ်မှာ အကောင်းဆုံးအသင်းမဟုတ်သလို နောက်ထပ် ပိုကောင်းတဲ့အသင်းတွေလည်း ရှိနေပါတယ်။ လို့ မက်ဆီက ပြောကြားခဲ့ပါတယ်။ စပိန်ကလပ်အသင်းဟာ ပီအက်စ်ဂျီ၊ ချဲလ်ဆီး၊ မန်စီးတီးအသင်းတွေကို ဖြတ်ကျော်ခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဥ်တွေမှာ ရှုံးနိမ့်နေပေမယ့် ဒုတိယအကျော့ ပွဲစဥ်တွေ အကောင်းဆုံးပြန်လာနိုင်ခဲ့တဲ့ ချန်ပီယံအသင်းတစ်သင်းပဲ ဖြစ်ပါတယ်။

Karim Benzema with champions league trophy 2022

ချန်ပီယံစ်လိဂ် ဆုဖလားနဲ့အတူ အောင်ပွဲခံနေကြတဲ့ ဘန်ဇီမာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းသားများ။

ချန်ပီယံစ်လိဂ် ဖိုင်နယ်မတိုင်ခင် မန်စီးတီးအသင်းနဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဥ်မှာ နှစ်ကျော့ပေါင်း ၅-၅ ဂိုးနဲ့ သရေကျနေခဲ့ပြီး အချိန်ပိုအထိ ရောက်ရှိသွားခဲ့ပါတယ်။ နာကျင်အချိန်ပိုမှာ တိုက်စစ်မှူး  ကာရင် ဘန်ဇီမာက ဖိုင်နယ်ကို ရောက်ရှိစေမယ့် အနိုင်ဂိုးကို ပင်နယ်တီကနေ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဖိုင်နယ်မှာတော့ မက်ဒရစ်အသင်းဟာ လီဗာပူးလ်ကို ပဲရစ်မြို့မှာ ၁-၀ ဂိုးနဲ့ အနိုင်ယူပြီး ဥရောပ ချန်ပီယံဆုဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားခဲ့ပါတယ်။ တစ်ဂိုးတည်းသော အနိုင်ဂိုးကိုတော့ ဘရာဇီးလ်လူငယ် ကစားသမား ဗင်နီးစီးယတ်စ် ဂျူနီယာက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment