Zirkzee အတွက် ယူနိုက်တက်တို့ ပေးမယ့် ပမာဏ။

Zirkzee is wanted by Man United and Arsenal WS
March 20, 2024

"ဒတ်ခ်ျ ဇလာတန်" Zirkzee  [ ဂျိုရွှာ ဇက်ခ်ဇီ ] အတွက် ယူနိုက်တက်တို့ ပေးချေမယ့် ပမာဏ။

Zirkzee  [ ဂျိုရွှာ ဇက်ခ်ဇီ ] ရဲ့ ပြောင်းရွှေ့ ကြေး ကို ဘိုလော့ဂ်နာ အသင်းဘက်က ဘိုင်ယန်မြူးနစ်က လွဲရင် ကျန်တဲ့ ဘယ်အသင်းမဆို ယူရို ၇၅ သန်း ပေးရမယ်လို့ ပြောဆိုထားပါတယ်။

Joshua Zirkze [ ဂျိုရွှာ ဇက်ခ်ဇီ ] ဟာ 2023-24 ခုနှစ်အတွင်း ဥရောပ ဘောလုံးလောက ရဲ့  အမိုက်စား ကြယ်ပွင့်တွေထဲက တစ်ဦး ဖြစ်ခဲ့ပြီး ဘိုလော့ဂ်နာ အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အံ့အားသင့်ဖွယ် အဆင့်ကို ရောက်ရှိသွားခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

ဒတ်ချ် ဇလာတန် လို့ နာမည်ကြီးနေတဲ့ Zirkze [ ဂျိုရွှာ ဇက်ခ်ဇီ ]။

ဘိုလော့ဂ်နာ တိုက်စစ်မှူးဟာ အခု နွေရာသီမှာ ကလပ် အသင်းကြီးတွေ ရဲ့ ကမ်းလှမ်းမှု အများအပြား အတွင်း ဆွီဒင် ဂန္တဝင် တိုက်စစ်မှူးကြီး ဇလာတန် အီဘရာဟီမိုဗစ် နဲ့ နှိုင်းယှဉ်ခံရမှုတွေ ရှိနေပါတယ်။

ဘိုလော့ဂ်နာအသင်းဘက်ကတော့ ဘိုင်ယန်မြူးနစ်မှလွဲ၍ အခြား ကလပ်အသင်း အားလုံးအတွက် တိုက်စစ်မှူး ကို ခေါ်ယူလိုပါက ယူရို ၇၅ သန်း ကုန်ကျမယ် လို့ ရှင်းလင်းပြောကြားထားပြီး ဖြစ်ပါတယ်။

Zirkzee at Bayern Munich

ဘိုင်ယန် တိုက်စစ်မှူးဟောင်း ဇက်ခ်ဇီ။

တစ်ဖက်မှာ ဘိုင်ယန်မြူးနစ် အသင်းက ၂၀၂၂ ခုနှစ်တုန်းက ဘိုလော့ဂ်နာထံ ရောင်းချခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် ကစားသမားအား ယူရို သန်း ၄၀ နဲ့ ပြန်လည် ဝယ်ယူ ဖို့ စာချုပ်မှာ သဘောတူညီချက် ပါရှိပါတယ်။

ဂျိုရွှာ ဇက်ခ်ဇီ ကို ယူနိုက်တက်နဲ့ အာဆင်နယ်တို့က စိတ်ဝင်စားနေကြပါတယ်။

ဆောင်းရာသီ အပြောင်းအရွှေ့ ကာလတုန်းက  Zirkze [ ဂျိုရွှာ ဇက်ခ်ဇီ ] ကို ခေါ်ယူဖို့ ယူနိုက်တက် နဲ့ အာဆင်နယ်တို့ စိတ်ဝင်စားခဲ့ကြပေမယ့် အဲ့တုန်းက ဘိုလော့ဂ်နာ မှ သူ့ကို ရောင်းချဖို့ မဖြစ်နိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။

သို့သော်လည်း ဘိုလော့ဂ်နာက ယခုရာသီ စီးရီးအေမှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး  ကို ထိန်းသိမ်းထားဖို့ ခက်ခဲမယ် လို့ လက်ခံထားတာကြောင့် နွေရာသီမှာ အပြောင်းအရွှေ့ ဖြစ်နိုင်ချေ ရှိနေပါတယ်။

Zirkzee at Bologna

ဘိုလော့ဂ်နာ တိုက်စစ်မှူး ဇက်ခ်ဇီ။

ပရီးမီးယားလိဂ် ပြိုင်ဘက်တွေ ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ အာဆင်နယ် အသင်းတို့ဟာ ၂၀၂၄ ခုနှစ်မှာ သူတို့ရဲ့ တိုက်စစ်ပိုင်း ကို အားကောင်းအောင်လုပ်ဖို့ အပြိုင်အဆိုင်  ကြိုးစားနေပါတယ်။

အထူးသဖြင့် အာဆင်နယ်အတွက် ထိပ်တန်း နံပါတ် ၉ ကို ခေါ်ယူခြင်း ဟာ အဓိက ဦးစားပေး ဖြစ်ပြီး ဗစ်တာ အိုစီမှင်၊ ဒူဆန် ဗလာဟိုဗစ် နဲ့ အိုင်ဗန်တိုနီ တို့လည်း သူတို့ရဲ့ ဆန်ကာတင် စာရင်းမှာ ပါရှိပါတယ်။

ဘိုလော့ဂ်နာ အတွက် Zirkze [ ဂျိုရွှာ ဇက်ခ်ဇီ ] ရဲ့ စွမ်းဆောင်ရည်။

ဂျိုရွှာ ဇက်ခ်ဇီ ဟာ 2023-24 ခုနှစ်အတွင်း ဥရောပရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး လူငယ် တိုက်စစ် ကစားသမား တစ်ဦးအဖြစ် ပေါ် ထွက်ခဲ့ပြီး ပြိုင်ပွဲစုံ မှာ ၁၁ ဂိုး သွင်းယူပြီး ၆ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားပါတယ်။

သူဟာ Thiago Motta လက်ထက်မှာ အသင်းအတွက် အားထားရတဲ့ တိုက်စစ်မှူး တစ်ဦး ဖြစ်ပြီး လော့ဂ်နာ အသင်း အတွက် စီးရီးအေ မှာ ရော ချန်ပီယံလိဂ် ဝင်ခွင့်အတွက်ပါ အဓိက စိန်ခေါ် မှုတွေ ပေးနေသူ ဖြစ်ပါတယ်။

Zirkzee scored 11 goals for Bologna

ဇက်ခ်ဇီဟာ ဘိုလော့ဂ်နာအတွက် ၁၁ ဂိုး သွင်းယူပေးထားပါတယ်။

အရပ် ၆ ပေ ၄ လက်မ ရှိတဲ့ တိုက်စစ်မှူး ဂျိုရွှာ ဇက်ခ်ဇီ ဟာ ဘောလုံး အထိန်းအသိမ်း နဲ့ ကိုင်တွယ်ရာမှာ ကောင်းမွန်သူ တစ်ဦး ဖြစ်ပြီး အခြားသူများကို ကစားကွက်ထဲ ဆွဲခေါ် ရာမှာ လည်း ဆရာကျတဲ့ တိုက်စစ်မှူး တစ်ဦး ပါ။

သူဟာ ပင်ကိုယ် ရုပ်ပိုင်းဆိုင်ရာမှာ သန်မာပြီး နည်းစနစ်ပိုင်းအရလည်း ကောင်းမွန်ကာ လျင်မြန်တဲ့ ခြေလှမ်း ပြေးလွှား မှုတွေ နဲ့ အတူ တင်းကျပ် တဲ့ နေရာတွေကနေ ရုန်းထွက်နိုင်သူ ဖြစ်ပါတယ်။

တိုက်စစ်မှူး ရဲ့ အရပ်အမောင်း၊ ခွန်အား နဲ့ နည်းစနစ် ပေါင်းစပ်မှုကြောင့် နယ်သာလန် လူမျိုး Zirkzee အား ဆွီဒင် ဂန္တဝင် ဇလာတန် အီဘရာဟီမိုဗစ် နဲ့ နှိုင်းယှဉ်ခံထားရပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment