Jadon Sancho အတွက် ပြောင်းရွှေ့ကြေး။

Jadon Sancho Man Utd and Dortmund agree on him transfer fee WS
March 19, 2024

အင်္ဂလန် ကြယ်ပွင့် Jadon Sancho [ ဂျေဒန် ဆန်ချို ] တွက် သဘောတူညီမှု ရရှိ။

Jadon Sancho [ ဂျေဒန် ဆန်ချို ] ကို အပြီးသတ် ဝယ်ယူဖို့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ လက်ရှိ အငှားသွားကစားနေတဲ့ ဒေါ့ မွန် အသင်း တို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။

ဒေါ့မွန်အသင်းဘက်က သူတို့ရဲ့ ကြယ်ပွင့်ဟောင်း ဖြစ်ခဲ့ဖူးတဲ့ Jadon Sancho [ ဂျေဒန် ဆန်ချို ] ကို အတွက် ယူနိုက်တက် တို့ တောင်းဆိုထားတဲ့ စျေးနှုန်းကို ပေးချေဖို့ ဆန္ဒရှိကြောင်း ဂျာမန် မီဒီယာများက ဖော်ပြခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

ဆန်ချိုကို အပြီးသတ် ဝယ်ယူချင်နေတဲ့ ဒေါ့ မွန်။

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ သူ့ရဲ့ ခြေစွမ်း ကျဆင်းနေတာရော တခြား ပုဂ္ဂိုလ်ရေး ပြဿနာ တချို့ကြောင့် Jadon Sancho ကို အခု ဒေါ့မွန် မှာ အငှားချ ထားတဲ့ာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ဂျေဒန် ဆန်ချိုဟာ PSV နှင့် ချန်ပီယံလိဂ် ပွဲစဥ် မှာ ဒဏ်ရာ ရရှိခဲ့ပြီး သီတင်းပတ်ကုန်  Eintracht Frankfurt အသင်း နဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဥ်ကို လွဲချော်ခဲ့ပါတယ်။

Jadon Sancho vs PSV

PSV နဲ့ ချန်ပီယံလိဂ် ပွဲစဥ်မှ ဆန်ချို။

ဒေါ့မွန်အသင်း ဟာ ဆန်ချို ရဲ့ အငှား စာချုပ်ကို အပြီးသတ် ဝယ်ယူဖို့ စိတ်အားထက်သန်နေပေမယ့် ဒါဟာ ကြီးကြီးမားမား အလုပ်ကြီး တစ်ခု ဖြစ်လိမ့်မယ်လို့  Sky Germany မှ Patrick Berger က ဖော်ပြခဲ့ပါတယ်။

သို့သော်လည်း သူ့ ရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ဦး ဖြစ်တဲ့ Florian Plettenberg ကတော့ ဒါကို သဘောတူညီမှု တစ်ခု ဖြစ်နိုင်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ဒေါ့မွန် ကြယ်ပွင့် Jadon Sancho [ ဂျေဒန် ဆန်ချို ] တစ်ယောက် ဂျာမန်မြေမှာ ပျော်ရွှင်နေ။

ပထမဆုံး အနေနဲ့ မန်ချက်စတာ ယူနိုက်တက် တောင်ပံ တိုက်စစ်မှူးဟောင်း Jadon Sancho [ ဂျေဒန် ဆန်ချို ]  ဟာ ဂျာမနီမှာ နေဖို့ ဖွင့်ဟထားပြီး သူဟာ လက်ရှိ ဒေါ့မွန် အသင်းမှာ ပျော်ရွှင်နေပါတယ်။

နောက်ပြီး တောင်ပံ ကစားသမား နဲ့ ပတ်သက်လို့ သူ့ကို အမှန်တကယ် ယုံကြည်ပြီး ကွင်းထဲမှာ သူ့ကိုယ်သူ ထုတ်ဖော် ပြောဆိုခွင့်ပေးတဲ့ နည်းပြလည်း ရှိပါတယ်။

Jadon Sancho is happy at Dortmund

ဒေါ့မွန်မှာ ပျော်ရွှင်နေတဲ့ ဆန်ချို။

အထူးသဖြင့် Erik ten Hag က သူ့ရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကို ဆက်လက် ကိုင်တွယ်ဦးမယ် ဆိုရင် ဂျေဒန် ဆန်ချို အနေနဲ့ သူ့ ရဲ့ အသင်းဟောင်း ယူနိုက်တက်မှာ ပြန်နေဖို့ အဆင်ပြေမှာ မဟုတ်ပါဘူး။

နှစ်ဖက်အသင်းတွေ သဘောညီထားတဲ့ Jadon Sancho [ ဂျေဒန် ဆန်ချို ] အတွက် ပြောင်းရွှေ့ ကြေး။

စိတ်ကူးယဉ်ဆန်တဲ့ဘက်ထက် ပိုအရေးကြီးတာက ငွေရေးကြေးရေးဘက်ပါ။ ဂျာမန် မီဒီယာတွေ ရဲ့ ဖော်ပြချက် အရ Sancho ရဲ့ တန်ဖိုး နဲ့ ပတ်သက်လို့ ပြဿနာများ ပေါ် ပေါက်လာနိုင်ပါတယ်။

မကြာသေးမီက BILD အစီရင်ခံစာမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူတို့ ဝယ်ယူခဲ့တုန်းက ငွေးကြေး အရှုံးကို ဖြတ်တောက်ဖို့ ဆန္ဒရှိနေပြီး ၈၅ သန်း မရဘဲ အရှုံးပေါ် မယ်လို့ ယူဆရပါတယ်။

ဆန်ချိုအတွက် ယူရို ၃၅ သန်း ကနေ ယူရို ၄၀ သန်း အထိ တောင်းဆိုမယ်လို့ ယူဆရပြီး အခုတော့ Plettenberg က ဒါဟာ ဒေါ့မွန်က ဆန်ချိုကို အပြီးအပိုင် ခေါ်ယူဖို့အတွက် ပေးချေရမယ့် အခကြေးငွေလို့လည်း ဆိုထားပါတယ်။

Jadon Sancho vs Erik Ten Hag at Man United

ဆန်ချိုဟာ တန်ဟက် နဲ့ အဆင်မပြေ ဖြစ်ခဲ့ပါတယ်။

ဒီထက် ပိုကြီးတဲ့ ပြဿနာက ဆန်ချိုရဲ့ လုပ်ခ လစာ ဖြစ်ပြီး  ဂျေဒန် ဆန်ချိုဟာ မန်ချက်စတာ ယူနိုက်တက်မှာ တစ်ပတ်လုပ်ခ ပေါင် ၃၀၀,၀၀၀ (ယူရို 350k) ရရှိနေတာ ဖြစ်ပါတယ်။

ဒါဟာ ဒေါ့မွန်အတွက် အပြည့်အဝ ပေးချေနိုင်တဲ့ အရာမဟုတ်ပါဘူး။ ဒေါ့မွန် အသင်းအတွက် အနာဂတ်မှာ လက်တွဲ ကစားဦးမယ် ဆိုရင်တော့ ကြီးမားတဲ့ လစာဖြတ်တောက်မှုကို ခံယူရမှာ ဖြစ်ပါတယ်။

သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်လို့ ကလပ်နှစ်ခုလုံးမှာလည်း မသေချာမရေရာမှုတွေ ရှိနေပြီး နည်းပြနှစ်ဦး ဖြစ်တဲ့ Edin Terzic နှင့် Erik ten Hag တို့ ကလည်း ရာသီကုန်မှာ သက်ဆိုင်ရာကလပ်များမှ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေလည်း ရှိပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment