Welbeck ကို ပြန်ခေါ်ဖို့ ပြောလာတဲ့ ယူနိုက်တက်။

Welbeck to Manchester United
August 10, 2022

ယူနိုက်တက်အသင်းဟာ သူတို့ရဲ့ တိုက်စစ်မှူးဟောင်း Danny Welbeck [ ဒန်နီ ဝဲလ်ဘက်ခ် ] ကို ပြန်လည် ခေါ်ယူဖို့ ပြောကြားခဲ့ပါတယ်။

Welbeck [ ဒန်နီ ဝဲလ်ဘက်ခ် ] ကို မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ခရစ္စတီယာနို ရော်နယ်ဒိုအတွက် အစားထိုး ကစားသမားအဖြစ်  ပြန်လည် ခေါ်ယူဖို့ ပြောထားတယ်လို့ သိရပါတယ်။

တိုက်စစ်မှူးဟောင်း Welbeck [ ဒန်နီ ဝဲလ်ဘက်ခ် ] ကို ခရစ္စတီယာနို ရော်နယ်ဒိုအတွက် အစားထိုး ကစားသမားအဖြစ် အသင်းကို အင်အားဖြည့်ဖို့ နောက်ခံလူဟောင်း ရီယို ဖာဒီနန်က အရင်ဦးဆုံး ယူနိုက်တက်အသင်းကို  အကြံပြုခဲ့တာကြောင့် ဖြစ်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

အသင်းဟောင်းနဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ Welbeck [ ဒန်နီ ဝဲလ်ဘက်ခ် ]။

ဒန်နီ ဝဲလ်ဘက်ခ် ဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဥ်မှာ ယူနိုက်တက်အသင်းကို အနိုင်ရယူကာ ဘရိုက်တန်အသင်းအတွက် ပြင်းထန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသခဲ့ပါတယ်။ နောက်တန်း ခံစစ်မှူးဟောင်း ရီယို ဖာဒီနန်ဟာ ကလပ်အသင်းဟောင်းအတွက် ကစားပေးခဲ့ဖူးတဲ့ ဝဲလ်ဘက်ခ်ကို တိုက်စစ်မှာ ပြန်လည် အသုံးချဖို့ သင့်တော်ကြောင်း ယုံကြည်နေတာ ဖြစ်ပါတယ်။

သူ့ရဲ့ YouTube ချန်နယ်မှာ ဖာဒီနန်က

“ဝဲလ်ဘက်ခ်ဟာ ဒီဥမင်လိုဏ်ခေါင်းကနေ ထွက်သွားတာ ခင်ဗျားတို့ မြင်နိုင်မှာပါ။  အထူးသဖြင့် ဒီနှစ်ယောက် [ လီဆန်ဒရို မာတီနက်ဇ် နဲ့ ဟယ်ရီ မက်ဂွိုင်းယား ] တို့ကိုတော့ ဒုက္ခပေးမှာ အသေအချာပဲ။ ”

Welbeck against Real Madrid

“ ဒါက သူကစားတဲ့ ပုံစံပါပဲ။ သူက လွန်ခဲ့တဲ့ ၁၀ နှစ်က ဘာနေဗျူးမှာ ရီယဲလ် မက်ဒရစ်အသင်းနဲ့ ယှဥ်ပြိုင်ခဲ့တုန်းက ဝဲလ်ဘက်ခ်ကို ပြန်မြင်ရသလိုပါပဲ။   ”

“ သူ့မှာ စာချုပ်သက်တမ်းကုန်သွားလို့ ဒီနွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေး ဖြစ်သွားတာပါ။ ဒီနေ့ သူ့ရဲ့ စွမ်းဆောင်ရည်အပေါ် သံသယ ဖြစ်စရာ မရှိပါဘူး။ တကယ်လို့ အရန်တိုက်စစ်မှူး တစ်ယောက်လိုချင်တယ်ဆိုရင်တော့ ဝဲလ်ဘက်ခ်က အသင့်တော်ဆုံး တိုက်စစ်မှူးတစ်ဦးပဲ ဖြစ်ပါတယ်။ ”

“ ရှေ့လျှောက် ဒီရာသီမှာ ပွဲစဥ်တွေ ၁၅/၂၀ ပွဲကျော် ကစားရဦးမှာပါ။ ဒါကြောင့် ခရစ္စတီယာနို အတွက် အားဖြည့်ဖို့ လိုအပ်ပါတယ်။ သူဒီနေ့ ကစားသွားတာတွေ၊ လှုပ်ရှားမှုတွေ နဲ့ နောက်တန်းတွေကို လှည့်စားသွားတာတွေ တကယ်ကို ကောင်းပါတယ်။ ပြီးတော့ နေရာလွတ်ရအောင် ဖန်တီးပေးတာတွေက တကယ်ကို ချီးကျူးစရာကောင်းပါတယ်။ ” လို့ မှတ်ချက်ပြုထားပါတယ်။

ယူနိုက်တက်တိုက်စစ်မှူးဟောင်း Welbeck [ ဒန်နီ ဝဲလ်ဘက်ခ် ] ရဲ့ စွမ်းဆောင်ရည်။

တိုက်စစ်မှူးဟောင်း ဒန်နီဝဲလ်ဘက်ခ်ဟာ ဘရိုက်တန်အသင်းအတွက် ပွဲပေါင်း ၅၀ မှာ ၁၂ ဂိုး သွင်းယူထားပါတယ်။ ဒါပေမယ့် သူဟာ ၂၀၁၃/၁၄ တုန်းက ယူနိုက်တက်မှာ သူ့ရဲ့နောက်ဆုံးရာသီကစလို့ ပရီးမီးယားလိဂ်မှာ ၆ ကြိမ်ထက်ပိုပြီး ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အခုနွေရာသီမှာ တိုက်စစ်မှူးသစ်တစ်ဦးကို ခေါ်ယူဖို့ စိတ်အားထက်သန်နေပေမယ့် သူတို့ရဲ့ ပစ်မှတ်တွေကို ခေါ်ယူနိုင်ခြင်း မရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ ရာသီတုန်းက အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားဖြစ်တဲ့  ခရစ္စတီယာနို ရော်နယ်ဒိုကို အသင်းမှာ ဆက်လက်ထားရှိဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

ပေါ်တူဂီ ဂန္တဝင် ကစားသမားဟာ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ စိတ်အားထက်သန်နေပေမယ့် အသင်းရဲ့ တိုက်စစ်မှူး ပစ်မှတ်တွေ များများစားစား လွဲချော်ခဲ့ပြီးနောက် ကလပ်အသင်းအနေနဲ့ သူ့ကို ထွက်ခွာခွင့်ပေးဖို့ ဆန္ဒမရှိသေးပါဘူး။

မန်ယူနိုက်တက်အသင်းဟာ ဘန်ဂျမင် ဆက်စ်ကို ကို ပေါင် ၅၅ သန်းနဲ့ ခေါ်ယူဖို့ အာဘီ ဆောဇ်ဘက်ဂ်အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ သို့ပေမယ့် ဆယ်ကျော်သက် ကစားသမားဟာ အာဘီ လစ်ပဇစ်အသသင်းနဲ့ ကလပ်အသင်း နှစ်သင်းအကြား ပူးပေါင်းမှုကြောင့် နောက်ထပ်လာမယ့် နွေရာသီမှာ ပေါင် ၂၅ သန်းအောက်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူခဲ့ပါတယ်။

နောက်ထပ် အစားထိုး ဘယ်သူ့ကို ခေါ်ယူနိုင်ဦးမလဲ?

ကလပ်အသင်းရဲ့ ဘတ်ဂျက်အမြောက်အများကို နောက်ခံလူတွေဖြစ်တဲ့ လီဆန်ဒရို မာတီနက်ဇ်နဲ့ တိုက်ရယ် မာလာစီယာ‌တို့အတွက် သုံးစွဲခဲပြီးနောက် ယူနိုက်တက်တို့ဟာ နောက်ထပ် ပိုမိုတတ်နိုင်တဲ့ ပစ်မှတ်တွေဆီ ပြောင်းရွှေ့သွားခဲ့ပါတယ်။ မာကို အနာတိုဗစ်ကို ခေါ်ယူဖို့ ပေါင် ၇.၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဘိုလော့ဂ်နာအသင်းကနေ ပယ်ချခဲ့ပါတယ်။

နည်းပြ အဲရစ်တန်ဟက်ဂ်ရဲ့ နောက်ထပ် ပစ်မှတ်ကတော့ PSV တောင်ပံကစားသမား ကိုဒီ ဂက်ပိုဖြစ်ပြီး အသက် ၂၃ နှစ်အရွယ် ကစားသမားကို ပေါင် ၃၅ သန်း ပန်ဝန်းကျင်နဲ့ ရရှိနိုင်မယ်လို့ ကောလဟာလတွေ ထွက်ပေါ်နေပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment