Pavard အတွက် ပြောင်းရွှေ့ကြေးက ဘယ်လောက်လဲ။

Pavard is wanted by Man United and Barcelona
February 3, 2023

နောက်ခံလူ Benjamin Pavard  [ ဘန်ဂျမင် ပါဗတ် ] အတွက် ဘိုင်ယန်ရဲ့ တောင်းဆိုမှု ပြောင်းရွှေ့ကြေး ဈေးနှုန်း။

Pavard  [ ဘန်ဂျမင် ပါဗတ် ] ကို ခေါ် ယူနိုင်ဖို့ ဘိုင်ယန်မြူးနစ် အသင်းရဲ့ တောင်းဆိုမှု ပြောင်းရွှေ့ကြေး ဈေးနှုန်းကို မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ လာလီဂါမှ ဘာစီလိုနာ အသင်းတို့ လေ့လာလျက် ရှိနေပါတယ်။

မန်ချက်စတာ ယူနိုက်တက် နဲ့ ဘာစီလိုနာ အသင်းတို့ဟာ သူတို့ရဲ့ အနာဂတ် အပြောင်းအရွှေ့ ပစ်မှတ် ဖြစ်တဲ့ ဘိုင်ယန်မြူး‌နစ် ရဲ့ ပြင်သစ် ညာနောက်ခံလူ Pavard  [ ဘန်ဂျမင် ပါဗတ် ] ကို ခေါ်ယူဖို့ တောင်းဆို နေကြ ပါတယ် ။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ညာနောက်ခံလူ Pavard  [ ဘန်ဂျမင် ပါဗတ် ] ဟာ နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ် နောက်ခံလူဟာ ဘွန်ဒက်လီဂါ ထိပ်သီးအသင်းကြီးတွေကို လိဂ်ဖလားသုံးကြိမ်အထိ ဆွတ်ခူးနိုင်အောင် ကူညီပေးခဲ့တဲ့ အောင်မြင်မှု တစ်ခုကြောင့် ထွက်ခွာသွားဖို့ ရှိနေပါတယ်။

အားကစား မီဒီယာ Sport1 ရဲ့ ဖော်ပြချက်အရ ပြင်သစ်သား Benjamin Pavard  [ ဘန်ဂျမင် ပါဗတ် ] ဟာ နွေရာသီမှာ ခန့်မှန်း ပြောင်းရွှေ့ကြေး ပေါင် ၂၆.၈ သန်းနဲ့ ထွက်ခွာနိုင်မယ်လို့ ထင်ပါတယ်။

Pavard vs barcelona

ဘာစီလိုနာနဲ့ တွေ့ဆုံခဲ့တုန်းက ပါဗတ်။

စျေးနိမ့်ရခြင်း အကြောင်းရင်းမှာ အသက် ၂၆ နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ညာနောက်ခံ ကစားသမားဟာ လာမယ့် နွေရာသီမှာ ဘိုင်ယန်မြူးနစ် အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖို့ ရာခိုင်နှုန်းများနေတဲ့ ဘန်ဂျမင် ပါဗတ်။

ဘိုင်ယန်မြူးနစ် အသင်းဟာ ဇန်န၀ါရီလမှာ ဘန်ဂျန်မင် ပါဗတ်ကို ရောင်းချဖို့ ဖွင့်ဟခဲ့ပြီး အင်တာမီလန်မှ စိတ်ဝင်စားနေသော်လည်း အဆိုပါ အပြောင်းအရွေ့ဟာ ဘယ်တုန်းကမှ မအောင် မြင်ခဲ့ပါဘူး။

စီးရီးအေ ထိပ်တန်းအသင်းဖြစ်တဲ့ အင်တာ မီလန် အသင်းဟာ မီလန် စခရီနီယာကို ပဲရစ်စိန့် ဂျာမိန်းအသင်းဆီ ရောင်းခဲ့မယ်ဆိုရင် ဒီ ကစားသမားအတွက် အပြောင်းအရွှေ့ ဖြစ်မယ်လို့ ထင်ရပါတယ်။

Pavard Cancelo to Bayen

ဘိုင်ယန်ကို အသစ်ရောက်ရှိလာတဲ့ က်ဆယ်လို။

မန် ချက်စတာ ယူနိုက်တက် အသင်းက ခေါ် ယူဖို့  စိတ်ဝင်စားနေသော်လည်း ဘန်ဂျမင် ပါဗတ်ဟာ နွေရာသီမှာ ဘာစီလိုနာ အသင်းဆီ ပြောင်းရွှေ့ဖို့ ဦးစားပေးလုပ်ဆောင်ရန် မျှော်လင့်ထားပါတယ်။

မန်ချက်စတာ စီးတီးမှ ယွာအို ကန်ဆယ်လို ဟာလည်း ဘိုင်ယန်ဆီ အငှားနဲ့ ရောက်ရှိလာပြီးနောက် သူ့ရဲ့ ပွဲ ကစားချိန် သိသိသာသာ လျော့ကျသွားသည်ကို ပါဗတ်ကလည်း မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ခံစစ်ပိုင်း။

အဆိုပါ ကစားသမားဟာ ဘာစီလိုနာကို အမှန်တကယ် နှစ်သက်သော်လည်း လာလီဂါအသင်းဟာ လာလီဂါရဲ့ လစာငွေ နဲ့ ဘဏ္ဍာရေး မျှတတဲ့ ကစားနည်း စည်းမျဉ်းများကို လိုက်နာဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဘာကာအသင်းဟာ ညာနောက်ခံလူအတွက် ရွေးချယ်စရာများ နည်းပါးနေသော်လည်း ဆာဂျီယို ရောဘတ်တိုကတော့ နောက်ထပ် စာချုပ် သက်တမ်းတိုးဖို့ နီးကပ်နေပြီလို့ သတင်းများ ထွက်ပေါ်နေပါတယ်။

အစဉ်အလာအားဖြင့် ဗဟိုခံစစ်မှူး ဂျူးလ်စ် ခွန်ဒယ်ဟာ နေရာကို ဖြည့်တင်းပြီး သင့်တော် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသခဲ့ပါတယ်။ ချဲလ်ဆီး ကစားသမားဟောင်း ခရစ္စတန်ဆန် နဲ့ ရော်နယ် အာရောက်ဂျိုတို့ဟာ ဗဟိုခံစစ်မှာ လက်တွဲကစားခဲ့ကြပါတယ်။

Pavard Kounde at Barcelona

ဘာစီလိုနာ နောက်ခံလူ ကွန်ဒယ်။

ဒါပေမယ့် သူတို့ထဲက တစ်ယောက်ယောက်သာ အကြောင်း အမျိုးမျိုး ကြောင့် ပါဝင်နိုင်ခြင်း မရှိတဲ့ အခါကျရင်တော့ ဂျူးလ်စ် ခွန်ဒယ်က လိုအပ်တဲ့ နေရာအတွက် Cover လုပ်ပေးရမှာ ဖြစ်ပါတယ်။

နည်းပြ အဲရစ် တန်ဟက်ဂ်ရဲ့ အသင်း ညာဘက်ခြမ်းအတွက် ရည်မှန်းချက်။

ယူနိုက်တက် ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ မှာ ညာနောက်ခံလူ တစ်ဦးကို ခေါ်ယူဖို့ ကြိုးပမ်း ခဲ့ပြီး အဲ့ဒီ အချိန် က သူတို့ရဲ့ ဦးစားပေး နေရာ ဖြစ်ခဲ့ ပါတယ် ။ သို့သော်လည်း ဝမ် ဘစ်ဆာကာ နဲ့ ဒါးလော့ထ် တို့က သင့်တော်သလို ကစားပေးခဲ့ကြလို့ နည်းပြက သူတို့ကို သဘောကျနေပါတယ်။

လာမယ့် နွေရာသီ အပြောင်းအရွှေ့ မှ  ညာနောက်ခံလူ တစ်ဦးအတွက် ဘေးထွက် အပြောင်းအရွှေ့ဖြစ်နိုင်ပါတယ်။ နောက်ပြီး ပါဗတ်ဟာ သူ့ရဲ့ ကြီးမားတဲ့ အတွေ့အကြုံနဲ့ ငယ်ရွယ်တဲ့ အသက်အရွယ်ကြောင့် သင့်လျော်တဲ့ ရွေးချယ်မှုကို ကိုယ်စားပြုမှာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဘက်ကလည်း အဆိုပါ အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ နှောင့်နှေးဖွယ် မရှိကြောင်း သိရပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment