Maguire5 အပြောင်း‌အရွှေ့ကို ပိတ်ပင်လိုက်ခဲ့တဲ့ တန်ဟက်ဂ်။

Maguire5 January exit was blocked by Ten Hag
February 2, 2023

အဲရစ် တန်ဟက်ဂ်ဟာ နောက်ခံလူ Maguire5 [ ဟယ်ရီ မက်ဂွိုင်းယား ] ရဲ့ အပြောင်းအရွှေ့ကို ပိတ်ပင်ခဲ့ပါတယ်။

Maguire5 [ ဟယ်ရီ မက်ဂွိုင်းယား ] ကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ မန်ချက်စတာ ယူနိုက်တက် အသင်း နည်းပြ အဲရစ် တန်ဟက်ဂ်က ထွက်ခွာခွင့် မပြုခဲ့ဘူးလို့ သတင်းတွေ အရ သိရှိရပါတယ်။

ယူနိုက်တက် ကလပ်အသင်းခေါင်းဆောင် မက်ဂွိုင်းယားဟာ အသင်းရဲ့ ပွဲထွက် လူစာရင်းမှာ ဘေးဖယ်ခံထားရသော်လည်း ရာသီလယ်မှာ ပြောင်းရွှေ့ခွင့် မရခဲ့ကြောင်း TeamTalk က ဖော်ပြခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားဟာ အသင်းပြောင်းရွှေ့ခွင့် မရရှိခဲ့ပါဘူး။

ရာဖေးလ် ဗာရန်း နဲ့ လီဆန်ဒရို မာတီနက်ဇ် တို့ ပူးပေါင်းမှုကြောင့် Old Trafford မှာ ကစားချိန်တွေ အပြင်းအထန် အဟန့်အတားဖြစ်နေတဲ့ အင်္ဂလန် လက်ရွေးစင် ကစားသမားဟာ အင်တာမီလန်ကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ရှိခဲ့ပေမယ့် ဘယ်တုန်းကမှ မအောင်မြင်ခဲ့ပါဘူး။

အလားတူ ထုတ်ဝေမှုမှာ စီးရီးအေ အသင်းတွေဟာ Maguire5 [ ဟယ်ရီ မက်ဂွိုင်းယား ] အတွက် အပြောင်း‌အရွှေ့ ကာလ ပြီးခါနီးအထိ အငှားနဲ့ ခေါ် ယူဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် တန်ဟက်ဂ်ကတော့ အဲ့ဒါကို အရေးတယူပြု ဆောင်ရွက်မည် မဟုတ်ကြောင်း ‌ဖော်ပြထားပါတယ်။

Maguire5 Martinez and Varane

ယူနိုက်တက် ခံစစ်ပိုင်းကို အကောင်းဆုံး ထိန်းချုပ်ထားတဲ့ မာတီနက်ဇ်နဲ့ ‌ဗာရန်း။

အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ လန်ဒန် ကလပ်အသင်းဖြစ်တဲ့ ဝက်စ်ဟမ်း အသင်းကလည်း အသက် ၂၉ နှစ် အရွယ် ဗဟို ခံစစ် ကစားသမားကို ခေါ်ယူဖို့ စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ယူဆရပါတယ်။

ပြီးတော့ အပြောင်းအရွှေ့ဂုရုကြီး Fabrizio Romano [ ဖာဘရီဇီယို ရိုမန်နို ] က အဲရစ် တန်ဟက်ဂ် အနေနဲ့ မက်ဂွိုင်းယားကို ဇန်န၀ါရီလ အတွင်းမှာ ထွက်ခွာခွင့်ပေးမယ့် အခွင့်အရေး မရှိဘူးလို့ ဆိုခဲ့ပါတယ်။

ယူနိုက်တက်အသင်းမှာ ပွဲထွက်ခွင့် နည်းနေတဲ့ Maguire5 [ ဟယ်ရီ မက်ဂွိုင်းယား ]။

တွစ်တာတွင် ၎င်းက “အင်တာမီလန်နဲ့ အချိတ်အဆက် မိနေပေမယ့် ဟယ်ရီ မက်ဂွိုင်းယားဟာ မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာမှာ မဟုတ်ပါဘူး။ အခွင့်အလမ်းလည်း မရှိပါဘူး။

ဇန်န၀ါရီလတွင် ခိုင်မာသော ရွေးချယ်မှုတစ်ခု တစ်ခါမျှ မဖြစ်ခဲ့ဖူးပါ။ မက်ဂွိုင်းယားဟာ အနည်းဆုံး ရာသီကုန်အထိ မန်ချက်စတာ ယူနိုက်တက်မှာ ဆက်နေမှာပါ ” လို့ ရေးသားခဲ့ပါတယ်။

လက်စတာစီးတီး ကြယ်ပွင့်ဟောင်းဟာ ယူနိုက်တက်မှာ သူ့နေရာအတွက် တိုက်ပွဲဝင်ဖို့ ဆန္ဒ ရှိပေမယ့် ဒါဟာ မဖြစ်နိုင်တဲ့ အခြေအနေ ဖြစ်ပြီး နွေရာသီမှာ ရောင်းထုတ်ခံရဖို့ အလားအလာ ပိုများနေပါတယ်။

Maguire5 had 8 EPL appearances

မက်ဂွိုင်းယားဟာ ဒီရာသီ ပရီးမီယားလိဂ် (၈) ပွဲသာ ကစားခွင့် ရရှိထားပါတယ်။

အသက် ၂၉ နှစ်အရွယ် ဗဟို ခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယား‌ အနေနဲ့ ပရီးမီးယားလိဂ်မှာ ၈ ပွဲသာ ကစားခွင့် ရထားပြီး ပွဲစဥ် အများစုကတော့ လူစားဝင် အနေအထားသာ ရှိခဲ့ပါတယ်။

ဒါပေမယ့် ရီဒင်းကို ၃ – ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ FA ဖလား စတုတ္ထ အကျော့ ပွဲမှာတော့ အင်္ဂလန် လက်‌ရွေးစင် ဟယ်ရီ မက်ဂွိုင်းယားဟာ ယူနိုက်တက်အသင်းအတွက် ပွဲချိန်ပြည့် ပါဝင် ကစားခွင့် ရရှိခဲ့ပါတယ်။

ပွဲကစားချိန်နဲ့ ပတ်သက်ပြီး Maguire5 [ ဟယ်ရီ မက်ဂွိုင်းယား ] က

ပွဲစဥ်အပြီး  ITV ဆီ ပြောကြားရာမှာ “ကျွန်တော့်ကိုယ် ကျွန်တော် ဂရုစိုက်မိသလို ခံစားရပါတယ်။ – ကျွန်တော်နောက်ဆုံး စ,ကစားပြီးကတည်းက နှစ်ပတ်ခွဲကြာတယ်လို့ ကျွန်တော် ထင်ပါတယ်။ ”

” ဒါကြောင့် ကျွန်တော် လေ့ကျင့်ရေးမှာ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ပါတယ်။ ကစားဖူးတဲ့လူငယ်လေးတွေက အခွင့်အရေးရလာတဲ့အခါကောင်းကောင်းကစားပြီး အနိုင်ရဖို့ သေချာအောင်လုပ်ထားဖို့ လိုပါတယ်။ ”

“အဲဒီမှာ အသင်းဖော်တွေကို ကူညီပေးရတာ ဝမ်းသာပါတယ်။ ကျွန်တော့်ရဲ့ အခွင့်အရေး ရောက်လာတဲ့အခါ ကျွန်တော်အဆင်သင့်ပါပဲ။ နေ့တိုင်း ကြိုးစားတယ်၊ တွန်းအားပေးနေတယ်၊ လေ့ကျင့်မှုလည်း ကောင်းကောင်းလုပ်တယ်၊ အခွင့်အရေးရလာတဲ့အခါ ဒါကို ယူဖို့လိုတယ်။ ”

Maguire5 was a substitute against Nottingham Forest

ဒီရာသီ ပွဲတော်တော်များများကို လူစားဝင်အဖြစ်သာ ကစားခွင့် ရရှိထားတဲ့ မက်ဂွိုင်းယား။

“ဒီကလပ်မှာ နေရာတွေအတွက် ပြိုင်ဆိုင်မှုတွေ လိုအပ်တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒီမှာ ထိပ်တန်း ဗဟို ခံစစ်တွေ ရှိနေတာကြောင့် အခု ကနေ ရာသီကုန်အထိ အားလုံးကောင်းမယ်လို့ ကျွန်တော်ထင်ပါတယ်။ ” လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ယမန်နေ့ညက ကာရာဘောင်ဖလား ဒုတိယအကျော့ပွဲစဉ်မှာ နော့်တင်ဟမ်ဖောရက်စ်ကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်း ၅-၀ ဂိုးနဲ့ အနိုင် ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်မလို့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဖေဖော်ဝါရီ ၂၆ ရက်နေ့ ဝမ်ဘလေကွင်း မှာ နယူးကာဆယ်အသင်းနဲ့ ဗိုလ်လုပွဲ တက်လှမ်းဖို့ ကြိုတင် စာရင်းပေးသွင်းထားနိုင်ပြီဖြစ်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment