Kevin De Bruyne ရဲ့ သမိုင်းဝင် သွင်းဂိုး (၄) ဂိုး
Kevin De Bruyne [ ကယ်ဗင် ဒီဘရွိုင်းနား ] ဟာ ဝူဗာဟမ်တန်နဲ့ ပွဲမှာ ၄ ဂိုးအထိသွင်းပြီး
အသင်းကို ဇယားထိပ်မှာ ဆက်လက်ရပ်တည်စေခဲ့ပါတယ်။
Kevin De Bruyne [ ကယ်ဗင် ဒီဘရွိုင်းနား ] ရဲ့ မန်စီးတီးအသင်းဟာ မေလ ၁၁ ရက် ဗုဒ္ဓဟူးနေ့ က ဝူဗာဟမ်တန်အသင်းကို ၅-၁ ဂိုးနဲ့ အနိုင်ယူပြီး ဇယားထိပ်မှာ ဆက်လက်ရပ်တည်နေပါတယ်။ ဒီအနိုင်ရယူမှုကတော့ ၂၀၂၁ – ၂၀၂၂ အင်္ဂလန် ပရီးမီးယားလိဂ် ချန်ပီယံဖလားဆီ ကြီးမားတဲ့ နောက်ထပ် ခြေလှမ်းတစ်ခုကို လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအောင်ပွဲမှာ ကမ္ဘာ့အဆင့် ကွင်းလယ်ကစားမား ဒီဘရွိုင်းနား က အိမ်ရှင် ဝူဗာဟမ်တန်သားတွေကို ပထမပိုင်း ဟတ်ထရစ်သွင်းဂိုး အပါအဝင် ၄ ဂိုးပြတ် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
သူ့ရဲ့ ပထမပိုင်း ဟတ်ထရစ်သွင်းဂိုးကတော့ ပရီးမီးယားလိဂ် သမိုင်းမှာ တတိယမြောက် အမြန်ဆုံးဖြစ်ပြီး ၂၄ မိနစ်အတွင်း သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
ဒုတိယမြောက် အမြန်ဆုံး ဟတ်ထရစ်ရှင်ကတော့ ရော်ဘီဖော်လာ ဖြစ်ပါတယ်။ လီဗာပူးလ် ကစားသမားအနေနဲ့ အာဆင်နယ်အသင်းဘက်ကို ၁၉၉၄ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲ့အချိန်တုန်းက သူ့ရဲ့အသက်က ၁၉ နှစ်သာ ရှိပြီး ၄ မိနစ်နဲ့ ၃၂ စက္ကန့်အတွင်း သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပထမအမြန်ဆုံး ဟက်ထရစ်ရှင်ကတော့ လက်ရှိလီဗာပူးလ်အသင်းမှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး ဆာဒီယို မာနေးပဲ ဖြစ်ပါတယ်။
မာနေးရဲ့ ဟက်ထရစ်သွင်းဂိုးဟာ သူ ဆောက်သမ်တန်အသင်းမှာတုန်းကအက်စတွန်ဗီလာ အသင်းဘက်ကို ၂ မိနစ်နဲ့ ၅၆ စက္ကန့်အတွင်း သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ဘယ်လ်ဂျီယံ ကွင်းလယ် ကစားသမားဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံစ်လိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဥ်မှာ ထူးထူးခြားခြား ခြေစွမ်းမပြနိုင်ခဲ့ပါ။ ဒါကြောင့်မို့လို့ သူဟာ ဝေဖန်မှုတွေ ခံခဲ့ရပါသေးတယ်။ဒါပေမယ့် ဒီဘရွိုင်းနားဟာ ပြီးခဲ့တဲ့ ဝုဖ်နဲ့ပွဲမှာ အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး ပထမပိုင်း ၂၄ မိနစ်အတွင်း ဟတ်ထရစ် သွင်းယူနိုင်ခဲ့ပါတယ်။ ဒီဟတ်ထရစ်က သူ့ရဲ့ ဒုတိယမြောက် ဟတ်ထရစ် ဖြစ်ပါတယ်။
ပထမဆုံး ဟတ်ထရစ်ကတော့ ၂၀၁၁ -၂၀၁၂ ရာသီ KRC Genk အသင်းမှာတုန်းက Club Brugge အသင်းဘက်ကို သွင်းယူခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ သွင်းဂိုးတွေ အားလုံးဟာ အံ့ဩစရာ ကောင်းနေပေမယ့် တတိယမြောက် သွင်းဂိုးကိုတော့ အများစုက ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဘယ်လ်ဂျီယံသားရဲ့ သွင်းဂိုးများ
မန်စီးတီးအသင်းအတွက် ကွင်းလယ် ကစားသမားရဲ့ ပထမအဖွင့်ဂိုးကိုတော့ ပွဲကစားချိန် ၆ မိနစ်မှာ ဘာနာဒို ဆေးလ်ဗားရဲ့ ပေးပို့မှုကနေတဆင့် ဘယ်ခြေနဲ့ ကန်သွင်းခဲ့တာပါ။ ဒုတိယ ဦးဆောင်ဂိုးကိုတော့ ပွဲကစားချိန် ၁၆ မိနစ်မှာ ဂိုးရှေ့ ပြန်လျှံကျလာတဲ့ ဘောလုံးကို ဘယ်ခြေနဲ့ပဲ အပြင်းကန်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ တတိယမြောက် ( ဟတ်ထရစ် ) သွင်းဂိုးကိုတော့ စတာလင်ရဲ့ ပေးပို့မှုကနေတဆင့် ၁၈ ကိုက်စည်းထိပ်ကနေ ဘယ်ခြေနဲ့ပဲ ကန်သွင်းခဲ့တာပါ။
နောက်ဆုံး သမိုင်းဝင်မယ့် ၄ ဂိုးမြောက် ဂိုးကိုတော့ ပွဲကစားချိန် ၆၀ မိနစ်မှာ ဖီးလ် ဖိုဒန်ရဲ့ ဖြတ်ပေးချက်ကနေတဆင့် ပြန်လျှံကျလာတဲ့ ဘောလုံးကို ညာခြေနဲ့ ခပ်ပြင်းပြင်းလေး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပွဲကစားချိန် ၄၄ မိနစ်မှာ နောက်ထပ်သွင်းဂိုး ရရှိနိုင်ဖို့ အခွင့်အရေး ရှိခဲ့ပေမယ့် ဒီဘရွိုင်းနားရဲ့ ကန်ချက်က ထိချက်အနည်းငယ် လွဲချော်သွားခဲ့တာကြောင့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါ။ မန်ချက်စတာ စီးတီး ကွင်းလယ်ကစားသမား ဒီဘရွိုင်းနားဟာ ဒီရာသီမှာ အသင်းအတွက် လိဂ်ဂိုး ၁၅ ဂိုးအထိသွင်းယူထားပြီး ဂိုးဖန်တီးမှု ၇ ကြိမ်အထိ ပြုလုပ်ပေးထားပါတယ်။
ဒါနဲ့ ပတ်သက်ပြီး နည်းပြ ပက် ဂွာဒီယိုလာက
“ ပြီးခဲ့တဲ့ ၂ လ ဒါမှမဟုတ် ၃ လအတွင်းမှာ ကယ်ဗင်ရဲ့ ကစားပုံက အရမ်းကောင်းတယ်။
သူဟာ ရာသီ နောက်ဆုံး အပိုင်း မှာ ကျွန်တော်တို့ရဲ့ အဓိက ကစားသမား ဖြစ်ခဲ့ပါတယ်။
သူဖန်တီးထားတဲ့အရာနဲ့ ပန်းတိုင်အတွက်တင် မဟုတ်ဘဲ အရာအားလုံးနဲ့ပတ်သက်ပါတယ်။
သူက ကျွန်တော်တို့ကို အများကြီး ကူညီပေးတယ်။ ကယ်ဗင်က အမြဲတမ်း ကူညီပေးတတ်တဲ့ သူမျိုးပါ။
သူက အရမ်းရက်ရောတယ်။ ပြီးတော့ အသင်းအကြောင်း အမြဲတွေးတယ်။ ဒီနှစ်က သူ့အတွက် အတိုးတက်ဆုံးပဲ။
ကျွန်တော်တို့အသင်းက ထူးခြားပါတယ်။ တကယ်ကောင်းတဲ့ စွမ်းဆောင်ရည်ကို ကျွန်တော်တို့ လုပ်ပြခဲ့ပါတယ်။
ဒီပွဲမှာ ကျွန်တော်တို့ တကယ် ကောင်းကောင်းကစားခဲ့ပါတယ်။ ဘယ်လောက်ခက်ခဲတယ်ဆိုတာလည်း သိပါတယ်။
ဟုတ်တယ်၊ (ဒါက) နောက်ထပ်သုံးမှတ်ရပြီ။ အခုအနားယူပြီးတော့ နောက်ထပ်ပွဲကတော့ ဝက်စ်ဟမ်းနဲ့ပေါ့။ ” လို့ မှတ်ချက်ပြုခဲ့ပါတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။