Jadon Sancho အပြောင်းအရွှေ့ အက်ပ်ဒိတ်။

Jadon Sancho transfer update at Borussia Dortmund WS
April 29, 2024

အင်္ဂလန် ကြယ်ပွင့် Jadon Sancho [ ဂျေဒန် ဆန်ချို ] အပြောင်းအရွှေ့ အက်ပ်ဒိတ်။

Jadon Sancho [ ဂျေဒန် ဆန်ချို ] တစ်ယောက် ဒေါ့မွန်ကို အပြီး ပြောင်းမှာလား ဆိုတာနဲ့ ပတ်သက်လို့ ဖာဘရီဇီယို ရိုမန်နိုက အခု သီတင်းပတ်ကုန် မှာ အပြောင်းအလဲတွေ နဲ့ ပတ်သက်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ဖာဘရီဇီယို ရိုမန်နိုက အခု Jadon Sancho [ ဂျေဒန် ဆန်ချို ] ရဲ့  မန်ချက်စတာ ယူနိုက်တက်မှ ဒေါ့မွန်သို့ ပြောင်းရွှေ့မှု အပေါ် သိသိသာသာ သံသယ ရှိနေကြောင်း ဝန်ခံခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

ဒေါ့မွန်မှာ အငှားသွားကစားနေတဲ့ ဂျေဒန် ဆန်ချို။

သီတင်းပတ်ကုန်က အင်္ဂလန် လက်ရွေးစင် ရဲ့ ဘွန်ဒက်စ်လီဂါ အသင်းကို အမြဲတမ်း အပြောင်းအရွှေ့ နဲ့ ပြန်လာနိုင်တဲ့ ကိစ္စအပေါ် သံသယ ရှိနေကြောင်း ဝန်ခံခဲ့ပါတယ်။

ဆန်ချို ဟာ  စက်တင်ဘာလမှာ မန်နေဂျာ အဲရစ် တန်ဟက် နဲ့ မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ခွာခဲ့ပြီးနောက် ဇန်နဝါရီလမှာ ဒေါ့မွန် အသင်းကို အငှား စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

Jadon Sancho at Man United

ယူနိုက်တက်မှာတုန်းက ဆန်ချိုနဲ့ နည်းပြတန်ဟက်တို့ အဆင်မပြေ ဖြစ်ခဲ့ပါတယ်။

တောင်ပံကစားသမား ရဲ့ များပြားလှတဲ့ လစာကြောင့် ရွေးချယ်ခွင့်များ အကန့်အသတ်ဖြင့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ အငှားစာချုပ် နဲ့ BVB အသင်းဆီ ပြန်လည် ပြောင်းရွှေ့ခဲ့ပါတယ်။

ဒေါ့မွန်အတွက် Jadon Sancho [ ဂျေဒန် ဆန်ချို ]  ရဲ့ စွမ်းဆောင်ရည်။

တကယ်တော့ အင်္ဂလန် တောင်ပံ တိုက်စစ် ကစားသမား Jadon Sancho [ ဂျေဒန် ဆန်ချို ] ဟာ ဘွန်ဒက်စ်လီဂါ အသင်း ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ တိုက်ရိုက် ရောက်ရှိလာသူ ဖြစ်ပါတယ်။

Sancho ဟာ ဒေါ့မွန်အသင်းအတွက် ၁၉ ပွဲ ကစားပေးခဲ့ပြီး ၃ ဂိုး သွင်းယူကာ နောက်ထပ် ၂ ဂိုး ဖန်တီးပေးခဲ့ပြီး သူ့ကို အသင်းမှာ ဆက်လက် ထိန်းထားဖို့ ဆန္ဒ ရှိနေပါတယ်။

Jadon Sancho at Borussia Dortmund

ဒေါ့မွန်မှာ အငှားလာကစားနေတဲ့ ဆန်ချို။

ပြီးခဲ့တဲ့ သီတင်းပတ်က RB လိုက်ပ်ဇစ်ကို ၄-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ  အင်္ဂလန်သားက အံ့အားသင့်စရာကောင်းတဲ့ သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပေမယ့် ဒါက သူ့အနာဂတ်ကို ပြောင်းလဲသွားစေနိုင်ပါတယ်။

ရိုမန်နို ရဲ့ Jadon Sancho [ ဂျေဒန် ဆန်ချို ] နဲ့ ပတ်သက်လို့ ပြောကြားချက်။

“ကျနော်ကြားနေရတဲ့ ဒေါ့မွန် ရဲ့ ရည်ရွယ်ချက်က သူတို့ဟာ ဂျေဒန် ဆန်ချို ကို ဒီနွေရာသီမှာ အသင်းမှာ ဆက်ရှိနေဖို့ အမှန်တကယ် ကြိုးစား ချင်နေတာပါပဲ။

ချန်ပီယံလိဂ် ဝင်ခွင့် ရထားရင် သူတို့ရဲ့ အပြောင်းအရွှေ့ ဘတ်ဂျက်အရ သူတို့အတွက် ပိုလွယ်လိမ့်မယ်၊ မဟုတ်ရင် ခက်ခဲနိုင်တယ်၊ ဒါက လွယ်ကူတဲ့ ကိစ္စမဟုတ်ပေမယ့် သူတို့ကြိုးစားမှာပါ။ ” လို့ ရိုမန်နို က Daily Briefing မှာ ရှင်းပြခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒီသတင်းပတ် အကုန်မှာ နည်းပြ Edin Terzic ဒေါ့မွန် အသင်းဟာ ဘွန်ဒက်စ်လီဂါရဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ် ဝင်ခွင့် နဲ့ ဝေးကွာနေပါတယ်။

အမှန်တော့၊ RB Leipzig ကို ဆုံးရှုံးလိုက်ရတာက အဓိက နောက်ခံလူ Mats Hummels ဒဏ်ရာကြောင့် အနားယူနေရတာက ပြင်းထန်တဲ့ ထိုးနှက်ချက် ဖြစ်နိုင်ပါတယ်။

Jadon Sancho vs PSG

ပီအက်စ်ဂျီ နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဥ်ကို အာရုံစိုက်နေတဲ့ ဒေါ့မွန်။

လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ကို ရယူးထားနိုင်ဖို့  Jadon Sancho [ ဂျေဒန် ဆန်ချို ] အတွက် စာချုပ် ဖြစ်နိုင်ခြေကို တိုးမြှင့်ရန်အတွက် ရိုမန်နို က ရှင်းပြထားတာ ဖြစ်ပါတယ်။

“ဆန်ချိုကိုယ်တိုင်ကလည်း ဒေါ့မွန်မှာ ဆက်နေဖို့ စိတ်အားထက်သန်နေတာကြောင့် သူတို့ ဘယ်လို ကြိုးစားသွားမလဲဆိုတာ ကြည့်ကြရမှာပါ။ နောက် ပြီး ဒါနဲ့ ပတ်သက်လို့ ဘယ်တော့ ညှိနှိုင်းမလဲဆိုတာကို ကြည့်လိုက်ရဦးမှာပါ။ “

“ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်မှာ အဓိက အာရုံစိုက်တာက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် နဲ့ ဘွန်ဒက်စ်လီဂါမှာ သူတို့ရဲ့ နောက်ဆုံးပွဲတွေကို အာရုံစိုက်နေကြပါတယ်။ “

“ ဘယ်လိုပဲ ဖြစ်ဖြစ် နောက်ထပ် ရက်သတ္တပတ်တွေမှာ Sancho က ဒေါ့မွန်၊ မန်ချက်စတာ ယူနိုက်တက်တို့ နဲ့ ဆွေးနွေးရမယ့် အကြောင်းအရာ ဖြစ်လာမှာ သေချာပါတယ်။” လို့ ဆက်လက် ပြောဆိုထားပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment