Arda Guler ရဲ့ မက်ဒရစ်ကို ရွေးချယ်မှု။

Arda Guler reveals why he chose Real Madrid over Barcelona WS
April 30, 2024

ဘာစီလိုနာထက် ရီးယဲလ်မက်ဒရစ်ကို Arda Guler [ အာဒါ ဂူလာ ] ဘာကြောင့် ရွေးချယ်ခဲ့တာလဲ။

Arda Guler [ အာဒါ ဂူလာ ] ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ မှာ ဘာစီလိုနာ ကို ငြင်းပယ်ပြီး ရီးယဲလ်မက်ဒရစ် အသင်းကို ‌‌ရွေးချယ်ခဲ့တဲ့ သူ့ ရဲ့ ဆုံးဖြတ်ချက် အပေါ် ဖွင့်ဟခဲ့ပါတယ်။

တူရကီ ကြယ်ပွင့် ကစားသမားဟာ ရီးယဲလ် မက်ဒရစ် မှာ ခက်ခဲစွာ စ,တင်ခဲ့ရပြီး ဒဏ်ရာကြောင့် ရာသီကြို ခြေစမ်းပွဲ မှာ အန်ဆယ်လော့တီ ရဲ့ အသင်းမှာ ပေါင်းစည်းမှုကို အနှောင့်အယှက် ဖြစ်စေပြီးနောက် သူဟာ အသင်းမှာ နေရာ တစ် နေရာ ရရှိဖို့ ရုန်းကန်နေရပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

အာဒါဂူလာ ရီးယဲလ် မက်ဒရစ်မှာ ရုန်းကန်နေရပါတယ်။

Fenerbahce အသင်းဖော်ဟောင်း နဲ့ ရီးယဲလ်မက်ဒရစ် ကစားသမားဟောင်း မီဆွတ် အိုဇေးလ် က မကြာသေးမီက စိတ်ရှည်သည်းခံဖို့ အကြံပေးမှုတွေ ရှိခဲ့ပါတယ်။

ဒါပေမယ့် ရီးရဲလ်မှ ထွက်ခွာပြီးနောက် ဥရောပ ရဲ့ အကောင်းဆုံး ကွင်းလယ်တွေထဲက တစ်ဦး ဖြစ်လာခဲ့တဲ့ မာတင် အိုဒီဂတ် လိုမျိုး တူညီတဲ့ လမ်းစဉ်အတိုင်း လိုက်လျှောက်ဖို့ အမြဲတမ်း ဖြစ်နိုင်ခြေ ရှိကြောင်းကိုလည်း အာရုံစိုက်ခဲ့ပါတယ်။

Arda Guler is struggling at Real Madrid

ရီးယဲလ်မက်ဒရစ်မှာ ရုန်းကန်နေရတဲ့ အာဒါ ဂူလာ။

အသက် ၁၉ နှစ်အရွယ် ကစားသမား ဟာ သီတင်းပတ်ကုန်က ရီးရဲလ် ဆိုစီဒက် နဲ့ ပွဲမှာ သူ့ ရဲ့ ပထမဆုံး စ,တင်မှုကို ရရှိခဲ့ပြီး ရီးယဲလ်အတွက် ၁ ဂိုးတည်းသော အနိုင်ဂိုးကို သွင်းယူခြင်းဖြင့် ယုံကြည်မှုတွေ ပြန်လည် ရရှိခဲ့ပါတယ်။

ပွဲအပြီးတွင် အီတလီသား နည်းပြ အန်ဆယ်လော့တီ က Arda Guler [ အာဒါ ဂူလာ ] ဟာ လာမည့် ရာသီအတွက် သူ့ ရဲ့ အစီအစဉ် တွေမှာ ပါဝင်မယ်လို့ အခိုင်အမာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ရီးယဲလ် မက်ဒရစ်ကိုသာ ရွေးချယ်ခဲ့တဲ့ Arda Guler [ အာဒါ ဂူလာ ]။

ပြီးခဲ့တဲ့ နွေရာသီက ကမ္ဘာ့ ဘောလုံး ပရိတ်သတ် တော်တော်များများက အာဒါ ဂူလာ ကို ဘာစီလိုနာဆီ ပြောင်းရွှေ့မယ်လို့ ထင်ခဲ့ကြပေမယ့် ရီးယဲလ် မက်ဒရစ်ကိုသာ ရွေးချယ်ခဲ့ပါတယ်။

ဘာစီလိုနာ အားကစား ဒါရိုက်တာ Deco ဟာ Fenerbahce အသင်း နဲ့  Arda Guler [ အာဒါ ဂူလာ ]  ရဲ့ အပြောင်းအရွှေ့ ကိစ္စ ညှိနှိုင်းဖို့ Istanbul မြို့ ကို သွားရောက်ခဲ့ပါတယ်။

Arda Guler scored against Real Sociedad

ရီးယဲလ်ဆိုဆီဒက်ဘက်ကို ဂိုးသွင်းယူခဲ့တဲ့ အာဒါဂူလာ။

ဒါပေမယ့်လည်း ဆယ်ကျော်သက်  ကစားသမားဟာ နောက်ဆုံးမှာ ဆန်တီယာဂို ဘာနေဗျူး ကိုသာ ‌ရွေးချယ်ခဲ့ပြီး ဘာစီလိုနာ အသင်းအကြီးအကဲ များကို ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

Kafa Sports နဲ့ စကားပြောရာမှာ Guler ဟာ ဘာဆာထက် ဘာကြောင့် မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာလဲဆိုတာကို ထုတ်ဖော် ပြောဆိုခဲ့ပြီး လူကာ မိုဒရစ် ဆီက သင်ယူရမယ့် အလားအလာ က ကြီးမားတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ Arda Guler [ အာဒါ ဂူလာ ]  ရဲ့ ပြောဆိုမှု။

“ကျွန်တော့်အဖေက ကျွန်တော့်ကို ခေါ်ပြီး ရီးယဲလ်မက်ဒရစ်က ကျွန်တော့်ကို လိုချင်တယ်၊ ကျွန်တော့်ကို စိတ်ဝင်စားတယ်လို့ ပြောတော့ သူက အရမ်းစိတ်လှုပ်ရှားနေတယ်၊ အရမ်းပျော်နေတယ်။ “

” အဲဒါက ကျွန်တော့်အတွက် နည်းနည်းစောပြီး ရောက်လာတာပါ။ အဲဒါကြောင့် ကျွန်တော် အရမ်းစိတ်လှုပ်ရှားသွားတယ်။ ကျွန်တော် ဘာကြောင့် မက်ဒရစ်ကို ရွေးချယ်ခဲ့တာလဲ ဆို‌တော့။ “

” ငယ်ငယ်ကတည်း က ကမ္ဘာ့အကြီးဆုံး ကလပ်ဖြစ်တဲ့ မက်ဒရစ်မှာ ကစားဖို့ အိပ်မက် မက်ခဲ့ကြတာပါ။ သူတို့က မိသားစုလိုပါပဲ၊ သူတို့က ကျွန်တော့်ကို ရေရှည် ပရောဂျက်တစ်ခု ကမ်းလှမ်းလာကြတယ်။ အများကြီး စဥ်းစားမနေဘဲ ဆုံးဖြတ်ချက် မြန်မြန် ချလိုက်ကြတယ်။ “

Arda Guler vs Luka Modric at Real Madrid

အာဒါဂူလာနဲ့ ဝါရင့် ကွင်းလယ်လူ မိုဒရစ်။

“ကျွန်တော် မက်ဒရစ် ဗီဒီယိုတွေကို YouTube မှာ ကြည့်ခဲ့ပြီး အခု ကျွန်တော် သူတို့နဲ့ လေ့ကျင့်နေပါတယ်။ မက်ဒရစ်က ကျွန်တော့်ကို မိုဒရစ်က ကူညီပေးမယ်လို့ ပြောခဲ့ပါတယ်။

” သူက မယုံနိုင်စရာကောင်းတဲ့ ကစားသမား ဖြစ်ပြီး သူက အသင်းအတွက် အရမ်းကို အရေးပါနေသေးတဲ့အတွက် အရမ်းသဘောကျခဲ့ပါတယ်။” လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment