Michael Kayode ကို စောင့်ကြည့်နေတဲ့ ဂန်းနား။

Michael Kayode is wanted by Arsenal WS
February 28, 2024

အီတလီ ကြယ်ပွင့် Michael Kayode [ မိုက်ကယ် ကေယို့ဒ် ] ကို စောင့်ကြည့်နေတဲ့ အာဆင်နယ်။

Michael Kayode [ မိုက်ကယ် ကေယို့ဒ် ] ကို ခေါ် ယူဖို့ ‌စောင့်ကြည့်နေတဲ့ အာဆင်နယ် အသင်းရဲ့ စိတ်ဝင်စားမှုကို သူ့ ရဲ့ အေးဂျင့် ဖြစ်သူက မကြာသေးခင်က အတိပြု လိုက်ပါတယ်။

ဖီအိုရင်တီးနားမှ လူငယ် ကြယ်ပွင့် Michael Kayode [ မိုက်ကယ် ကေယို့ဒ် ]  ရဲ့ အေးဂျင့်က အာဆင်နယ် နဲ့ အခြားသော ပရီးမီးယားလိဂ် အသင်းများက ညာနောက်ခံလူအား စောင့်ကြည့်နေကြောင်း အတည်ပြုခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

မိုက်ကယ်ကေယို့ဒ် ကို ပရီးမီးယားလိဂ် က ခေါ် ချင်နေပါတယ်။

ကေယို့ဒ် ဟာ အခု ရာသီ ဥရောပမှာ အလားအလာ အကောင်းဆုံး လူငယ် ကစားသမားတွေ ထဲက တစ်ဦး အဖြစ် ပေါ် ထွက်လာခဲ့ပြီး ဖီအိုရင်တီးနား အတွက် ပုံမှန် ပွဲထွက်ခွင့် နေရာကို ရယူထားပါတယ်။

မြင့်တက်လာတဲ့ သူ့ ရဲ့ စွမ်းဆောင်ရည်တွေကြောင့် အာဆင်နယ် အသင်းဟာ မိုက်ကယ် ကေယို့ဒ် ကို ဒီနွေရာသီမှာ ခေါ် ယူချင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

Michael Kayode is in good form at Fiorentina

ဖီအိုရင်တီးနား ကြယ်ပွင့် မိုက်ကယ် ကေယို့ဒ်။

အသက် ၁၉ နှစ် အရွယ် ညာနောက်ခံလူ ရဲ့ ကိုယ်စားလှယ် Andrea Ritorni က အာဆင်နယ် နဲ့ တခြား အသင်းတွေ က သူ့ကို လိုချင်နေကြောင်း အတည်ပြုခဲ့ပါတယ်။

ညာနောက်ခံလူ Michael Kayode [ မိုက်ကယ် ကေယို့ဒ် ]  ရဲ့ အေးဂျင့်က ဘာပြောထားလဲ။?

“ဟုတ်ပါတယ်။ အာဆင်နယ်က သူ့ကို လိုချင်ပေမယ့် ဖီအိုရင်တီးနားကို စိတ်မပူရပါဘူး။ စာချုပ်တစ်ခုရှိတယ်၊ မိုက်ကယ်က ဒီကလပ်နဲ့ ဒီအသင်း မှာ ပျော်နေပါတယ်။ ”

“သိသာပါတယ်။ ပရီးမီးယားလိဂ် ကလပ် တော်တော်များများ က သူ့ ကို စောင့်ကြည့်နေကြတယ်။ ဒါဟာ ပုံမှန်ပါပဲ။ ဘဝ အချိုးအကွေ့ နဲ့ ဘောလုံးရဲ့ အစိတ်အပိုင်း တစ်ခုပါ။ ”

Michael Kayode scored against Lazio

လာဇီယိုဘက်ကို ဂိုးသွင်းယူခဲ့တဲ့ ကေယို့ဒ်။

“ ဖီအိုရင်တီးနားက သူ့ကို စာချုပ်ကောင်းကောင်းနဲ့ အပိုဆုကြေးများစွာနဲ့ ချည်နှောင်ထားတာကြောင့် လာဗီအိုလာနဲ့ ကောင်းကောင်းကစားချင်ပါတယ်။” လို့ အေးဂျင့် Ritorni က ဆိုပါတယ်။

ဖီအိုရင်တီးနား နဲ့အတူ လာဇီယို ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာ သူ့ ရဲ့ ပထမဦးဆုံး စီးရီးအေ သွင်းဂိုးအတွက် တနင်္လာနေ့ က ‌သတင်း ခေါင်းကြီးပိုင်းမှာ ပါဝင်လာခဲ့ပါတယ်။

အာဆင်နယ်က Michael Kayode [ မိုက်ကယ် ကေယို့ဒ် ]  ကို စိတ်ဝင်စားနေပါတယ်။

အာဆင်နယ်အသင်းဟာ အောက်တိုဘာလက ကာဂလီယာရီကို ၃-၀ ဂိုး နဲ့ အနိုင် ရရှိခဲ့တဲ့ ပွဲမှာ ကေယို့ဒ် ရဲ့ ကစားပုံကို ကြည့်ရှုဖို့ ဖလောရန့်စ်ဆီ ကင်းထောက်များ စေလွှတ်ခဲ့ကြောင်း သတင်းများထွက်ပေါ် လျက် ရှိနေခဲ့ပါတယ်။

မိုက်ကယ် ကေယို့ဒ်ဟာ အသက် ၁၉ နှစ် သာ ရှိသေးပြီး ညာနောက်ခံလူ အနေ နဲ့ ညာတောင်ပံ ကစားသမား အပါအဝင် ညာခြမ်း ဘယ်နေရာမှာမဆို အဆင်ပြေပြေ ကစားနိုင်သူ ဖြစ်ပါတယ်။

မကြာသေးခင်က အီတလီ ကြယ်ပွင့် ညာနောက်ခံလူ Michael Kayode [ မိုက်ကယ် ကေယို့ဒ် ] ဟာ ဖီအိုရင်တီးနား အသင်း နဲ့ ၂၀၂၈ ခုနှစ် ဇွန်လ အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပါတယ်။

Michael Kayode won European Chanpionship with Italy U19

အီတလီ ယူ ၁၉ အသင်းနဲ့အတူ ဥရောပ ချန်ပီယံရှစ်ကို ဆွတ်ခူးနိုင်ခဲ့တဲ့ ကေယို့ဒ်။

ဆယ်ကျော်သက် လူငယ်လေးဟာ ပြီးခဲ့တဲ့ နွေရာသီက အီတလီ ယူ-၁၉ အသင်းနဲ့ အ တူ  ၂၀၂၃ ဥရောပ ချန်ပီယံရှစ် ဆုဖလားကို ‌ပူပူနွေးနွေး ဆွတ်ခူး ထားနိုင်သူလည်း ဖြစ်ပါတယ်။

အီတလီအတွက် ဆုဖလားကို ဆွတ်ခူးဖို့အတွက် ပေါ်တူဂီအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဗိုလ်လုပွဲမှာ ၁ လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ ပြီး အခုအခါ အီတလီ ယူ-၂၁ အသင်းဆီ ပြောင်းရွှေ့ လာခဲ့ပြီ ဖြစ်ပါတယ်။

အီ တလီ လက်ရွေးစင် နည်းပြ လူစီယာနို စပါလက်တီ က လူငယ် ကြယ်ပွင့် မိုက်ကယ် ကာယို့ဒ် ကို လာမယ့်လမှာ အီတလီ စီနီယာ အသင်းဆီ ခေါ် ယူဖို့ စဉ်းစားနေကြောင်း မကြာသေးမီက သတင်းများ ထွက်ပေါ် လျက် ရှိ‌နေပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment