Kenan Yildiz က ရောင်းရန်မဟုတ်ဟု ဂျူဗီဆို။

Kenan Yildiz is untouchable at Juventus but Soule is a chance for Arsenal WS
February 27, 2024

အာဆင်နယ် အသင်းရဲ့ ပစ်မှတ် Kenan Yildiz [ ကန်နန် ယီလ်ဒစ် ] ကို ဂျူဗင်တပ်စ် တို့ ‌ငြင်းပယ်။

Kenan Yildiz [ ကန်နန် ယီလ်ဒစ် ] ဟာ ဂျူဗင်တပ်စ်တို့က အထိမခံ ကစားသမား လို့  အာဆင်နယ်တို့ ကို ပြောကြားထားပေမယ့် သူတို့က တခြား လူငယ် ကြယ်ပွင့် တစ်ဦးကို ရောင်းချဖို့ လမ်းဖွင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ အပတ်က တူရကီ ကြယ်ပွင့်လေး Kenan Yildiz [ ကန်နန် ယီလ်ဒစ် ] ကို ခေါ်ယူဖို့ အပြင်းအထန် ချိတ်ဆက် နေခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ကန်နန် ယီလ်ဒစ် ကို အချိန်အတော်ကြာ စောင့်ကြည့်နေခဲ့တဲ့ အာဆင်နယ်။

အားကစား ဒါရိုက်တာ Edu သည် အသက် 18 နှစ်အရွယ်ရှိ Kenan Yildiz [ ကန်နန် ယီလ်ဒစ် ] ကို ခေါ် ယူဖို့ ကာလ ရှည်ကြာ စိတ်ဝင်စားနေခဲ့ ကြပါတယ်။

အာဆင်နယ် အသင်းဘက်က လီဗာပူးလ် နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ပြိုင်ဆိုင်မှုကို အနိုင်ယူဖို့ အစောပိုင်း ကာလတွေမှာ ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ခဲ့ကြောင်း အီတလီ မီဒီယာများက ဖော်ပြခဲ့ကြပါတယ်။

Kenan Yildiz is untouchable at Juventus

ယီလ်ဒစ်က ‌အထိမခံကစားသမားလို့ ‌ဂျူဗင်တပ်စ်ဆို။

အာဆင်နယ်ဘက် ကမ်းလှမ်းခဲ့တဲ့ သူတို့ရဲ့ ယူရို သန်း ၄၀ ကမ်းလှမ်းမှုကို ဂျူဗင်တပ်စ်တို့ အနေနဲ့ သူတို့ကို စော်ကားတယ်လို့ မှတ်ယူထားပြီး လျင်မြန်စွာ ပယ်ချခဲ့ကြပါတယ်။

တူရကီ ကြယ်ပွင့် Kenan Yildiz [ ကန်နန် ယီလ်ဒစ် ] က အထိမခံတဲ့ ကစားသမားပါ။

ဥရောပရဲ့ အကြီးမားဆုံး အလားအလာရှိတဲ့ တိုက်စစ် ကစားသမားတွေထဲက တစ်ဦးလို့ သတ်မှတ်ခံထားရတဲ့ ကန်နန် ယီလ်ဒစ် အတွက် အနည်းဆုံး ယူရို သန်း ၆၀ ပေးရမယ်ဆိုတာ အာဆင်နယ်က လေ့လာနေပါတယ်။

အီတလီမှ အသစ် ထွက်လာသော အစီရင်ခံစာ တစ်ခု မှာ ဂျူဗင်တပ်စ် အသင်းဘက် က သူတို့ ရဲ့  ကြယ်ပွင့် Kenan Yildiz [ ကန်နန် ယီလ်ဒစ် ] ကို ရောင်းချ ရန် အမှန်တကယ် ရည်ရွယ်ချက် မရှိဘူး လို့ ဆိုထားပါတယ်။

Kenan Yildiz at Turkey national team

တူရကီကြယ်ပွင့် ကန်နန် ယီလ်ဒစ်။

ဂျာနယ်လစ် Gianluca Oddenino က ဂျူဗင်တပ်စ်သည် အသက် ၁၈ နှစ် အရွယ် ကြယ်ပွင့် အား အထိမခံ တဲ့ ကစားသမား တစ်ဦး ဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားခဲ့ ပါတယ်။

အာဆင်နယ်ရဲ့ Kenan Yildiz [ ကန်နန် ယီလ်ဒစ် ]  အစားထို့ အဖြစ် Soule အခွင့်အရေး။

သတင်းတစ်ခုအရ တိုက်စစ်မှူး Matias Soule ဟာ အီတလီ မှ ရက်သတ္တပတ် အတော်ကြာ ထွက် ပေါ် နေတဲ့ သတင်းများကို ပဲ့တင် ထပ်ကာ အပြောင်းအရွှေ့ ရရှိ နိုင် လိမ့်မယ် လို့ သိရပါတယ်။

အာဂျင် တီးနားသားဟာ အခု ရာသီမှာ Frosinone အသင်းမှာ အငှား သွားရောက် ကစားနေပြီး ခြေစွမ်း ကောင်းမွန်နေတာ ကြောင့် ပရီးမီးယားလိဂ် အသင်း များစွာ ရဲ့ စိတ်ဝင်စားမှု ကို ရရှိ ခဲ့ပါတယ်။

Kenan Yildiz Matias Soule at Frosinone

ဖရိုဆီနွန်မှာ အငှားသွားကစားနေတဲ့ ဂျူဗီရဲ့ အာဂျင်တီးနားကြယ်ပွင့် မာတီယက်စ် ဆိုးလ်။

ဂျူ ဗင်တပ်စ် ဘက်က နွေရာသီ မှာ  ပေါလ် ပေါ့ဂ်ဘာ နေရာ အစားထိုးဖို့ အတွက် ဖြစ်နိုင်ချေ ရှိတဲ့ ကွင်းလယ် ကစားသမားသစ် တစ်ဦး အဖြစ် အတ္တလန်တာ အသင်း ရဲ့ တီအန် ကူမိုင်းနာ ကို ခေါ် ယူ လိုနေပါတယ်။

ဒီလို အပြောင်းအရွှေ့ ဖြစ်မြောက် ဖို့ လိုအပ်တဲ့ ငွေကြေး တစ်ရပ် ကို စုစည်းရန် အတွက် အာဂျင်တီးနား တိုက်စစ်မှူး  Matias Soule ကို ရောင်းချသွား ဖွယ် ရှိတယ် လို့ သိရပါတယ်။

ဒါဟာ Kenan Yildiz [ ကန်နန် ယီလ်ဒစ် ] ကို လက်လွှတ်ရ မယ့် အခြေအနေ နဲ့ ကြုံတွေ့ နေရတဲ့ အာဆင်နယ် အသင်း အတွက် နောက်ထပ် အစားထိုး တစ်ဦး ရရှိနိုင်မယ့် စိတ်ဝင်စားစရာ ကောင်းတဲ့ အခွင့်အရေး တစ်ခု ဖြစ်နေပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment