Graham Potter လက်အောက် ဖြစ်လာနိုင်တဲ့ ချဲလ်ဆီးအသင်း

Graham Potter as Chelsea Coach
September 9, 2022

နည်းပြသစ် [ ဂရေဟမ်ပေါ်တာ ] Graham Potter လက်အောက်မှာ ချဲလ်ဆီးကို ကစားကွက် ဘယ်လိုချမလဲ?

Graham Potter [ ဂရေဟမ်ပေါ်တာ ] ကို ချဲလ်ဆီးအသင်းအနေနဲ့ မကြာသေးခင်က ထုတ်ပယ်ခံခဲ့ရတဲ့ သောမတ်စ်တူချယ်ရဲ့ နေရာကို နည်းပြသစ်အဖြစ် အစားထိုးဖို့ ငါးနှစ်စာချုပ်နဲ့ ဘရိုက်တန်အသင်းဆီကနေ ခေါ်ယူ ခန့်အပ်လိုက်ပါတယ်။

ချဲလ်ဆီးအသင်းဟာ အခု နွေရာသီ အပြောင်းအရွှေ့ တုန်းက ဝက်စ်လေ ဖိုဖာနာ၊ ရာဟင် စတာလင်နဲ့ ပီရယ် – အမ်းရစ်ခ် အော်ဘာမီယန်း အစရှိတဲ့ ကစားသမားသစ်တွေအတွက် စံချိန်တင် ယူရို ၂၉၆ သန်းအထိ သုံးစွဲခဲ့ပေမယ့် အသင်းရဲ့ ရလဒ်တွေကတော့ ကောင်းမွန်ခြင်း မရှိခဲ့ပါဘူး။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

စတန်းဖို့ဒ် ဘရစ်ချ်ကို နည်းပြသစ်အဖြစ် ရောက်ရှိလာတဲ့ Graham Potter [ ပေါ်တာ ]။

လန်ဒန်အသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး ငါးပွဲမှာ သုံးပွဲ ရှုံးထားပြီး အင်္ဂါနေ့ညက ကန်ခဲ့တဲ့ ဒိုင်နမို ဇာဂရက်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဥ်မှာ ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။ အဲ့ဒီပွဲဟာ နည်းပြ သောမတ်စ် တူချယ်ရဲ့ နောက်ဆုံးပွဲစဥ် ဖြစ်ခဲ့ပြီး ဂိုးပေါက်တည့်မှု သုံးကြိမ်သာ ရှိခဲ့ပါတယ်။

ချဲလ်ဆီးအသင်းနည်းပြသစ် Graham Potter [ ဂရေဟမ်ပေါ်တာ ] ဟာ မော်ရီစီယို ပိုချတ်တီနိုနဲ့ ဇီနဒန်ဇီဒန်းတို့ကို ကျော်ပြီး ပိုင်ရှင်သစ် တော့ဒ်ဘိုလီဆီမှ ကလပ်အသင်းရဲ့ ထိပ်တန်းပစ်မှတ်အဖြစ် လျင်မြန်စွာ သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

Graham Potter ы Chelsea lost Dinamo Zagreb

ဒိုင်နမိုဇာဂရက်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ချဲလ်ဆီး။

လန်ဒန်အသင်းဟာ Seagulls [ ဘရိုက်တန်အသင်း ] နည်းပြနဲ့ သူ့ရဲ့ နောက်ခန်း ဝန်ထမ်းတွေကို ‌လျော်ကြေး ပေါင် ၂၁ သန်း ဝန်းကျင် ပေးချေရမှာ ဖြစ်ပြီး ကြီးမားတဲ့ အခကြေးငွေကို ဖယ်ထုတ်ရမှာ ဖြစ်ပါတယ်။

[ ဂရေဟမ်ပေါ်တာ ] Graham Potter လက်အောက် ချဲလ်ဆီးအသင်းရဲ့ ဖြစ်နိုင်ခြေ ကစားကွက်။

အသက် ၄၇ နှစ်အရွယ် နည်းပြဟာ ချဲလ်ဆီးအသင်းမှာ နောက်တန်း ငါးဦးနဲ့ ထိန်းထားနိုင်ဖွယ်ရှိပြီး နည်းပြဟောင်း သောမတ်စ် တူချယ်လက်ထက်ကတည်းက ပုံမှန်ပွဲထွက်ခွင့် ရခဲ့တဲ့ ကစားသမားတွေပဲ အသုံးပြုသွားဖို့ ရှိနေပါတယ်။

အက်ဒ်ဝေါ့ဒ် မန်ဒီကတော့ ဂိုးနေရာအတွက် ဆက်လက် ရှိနေနိုင်ပြီး ကီပါ အာရီဇာဘာလာဂါရဲ့ အရည်အသွေးကလည်း သူ့ကို ဘရိုက်တန် နည်းပြဟောင်း လက်အောက်မှာ အခွင့်အရေးတချို့ ရရှိနိုင်ပါတယ်။

Graham Potter s chelsea line up

ဂရေဟမ်ပေါ်တာလက်အောက် ဖြစ်နိုင်ဖွယ် ချဲလ်ဆီးလူစာရင်း။

မကြာသေးခင်က ခေါ်ယူထားတဲ့ မာ့က်စ် ကူကွယ်ရယ်လာနဲ့ ဝက်စ်လေ ဖာဖိုနာတို့က ဗဟိုခံစစ် သုံးဦးရဲ့ ဘယ်၊ ညာ နောက်ခံလူနေရာတွေကို ရရှိသင့်ပါတယ်။

ကူကွယ်ရယ်လာဟာ ပြီးခဲ့တဲ့ ရာသီတုန်းက နည်းပြ ပေါ် တာလက်အောက်မှာ တောင်ပံနောက်တန်းနဲ့ ကျယ်ပြန့်တဲ့ ဗဟိုနောက်ခံလူအဖြစ် အထင်ကြီးလေးစားခံခဲ့ရပြီး အခု နွေရာသီမှာတော့ ဘရိုက်တန်အသင်းကနေ ပေါင် ၆၂ သန်းနဲ့ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

လန်ဒန်အသင်းရဲ့ ရှိရင်းစွဲ ကစားသမားများ။

နောက်ခံလူ သီယာဂို ဆေးလ်ဗားဟာ အသက် ၂၇ နှစ်အရွယ် ရှိနေပေမယ့် အသင်းရဲ့ ဗဟိုခံစစ်နေရာမှာ ဆက်လက် ရှိနေမှာ ဖြစ်ပြီး သူ့ရဲ့ ပွဲထွက်ခွင့်နေရာမှာ ရပ်တည်နေမှာ ဖြစ်ပါတယ်။ အသစ်ခေါ် ယူထားတဲ့ နောက်ခံလူ ကာလီဒို ကူလီဘာလီကတော့ အသင်းနဲ့ အံဝင်ဂွင်ကျဖြစ်ဖို့ သိပ်မသေချာပါဘူး။

ဘယ်တောင်ပံ နောက်ခ့လူ နေရာကတော့ ပြီးခဲ့တဲ့ ရာသီတုန်းက ACL ဒဏ်ရာကြောင့် အနားယူခဲ့ရပြီး အခု အဲ့ဒဏ်ရာကနေ ပြန်လည် သက်သာလာတဲ့ ဘန် ချီဝဲလ်ပဲ ဖြစ်ပါတယ်။ ညာဘက်မှာတော့ ကမ္ဘာ့ အကောင်းဆုံးတွေထဲက တစ်ဦးဖြစ်လာတဲ့ ရိစ် ဂျိမ်းစ် ပဲ ဖြစ်ပြီး သူ့ရဲ့ နေရာမှာ ဆက်လက် ခြေစွမ်းပြနေဦးမှာ ဖြစ်ပါတယ်။

ကွင်းလယ်မှာတော့ မတ်တီယို ကိုဗာဆစ်၊ ဂျောဂျင်ညိုနဲ့ မေဆင်မောင့် တို့ဟာ သူတို့ရဲ့ နည်းစနစ်ပိုင်း စွမ်းရည်အတွက် ဦး‌စားပေးခြင်း ခံရနိုင်ပါတယ်။ လိုအပ်တဲ့အခါကျရင် ရွေးချယ်စရာများစွာ ရှိတဲ့ အန်ဂိုလို ကန်တေနဲ့အတူ ကစားကွက် မြှင့်တင်ဖို့ အဆင်သင့် ရှိနေမှာ ဖြစ်ပါတယ်။

Graham Potter vs Chelsea

ချဲလ်ဆီးအသင်းနဲ့ တွေ့ဆုံခဲ့စဥ်က ဂရေဟမ်ပေါ်တာ။

လက်ရှိမှာတော့ ခေါ်ယူထားတဲ့ ကစားသမားသစ် ရာဟင် စတာလင်ဟာ မန်ချက်စတာ စီးတီးအသင်းမှာ ရှိတုန်းက ခြေစွမ်းပြခဲ့သလိုမျိုး တိုက်စစ်ပိုင်းကို ပံ့ပိုးပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။ 

စတာလင်ကို တိုက်စစ်ပိုင်း ပံ့ပိုးပေးမယ့် သူကတော့ နည်းပြ သောမတ်စ်တူချယ်နဲ့ ပြန်လည် ဆုံဆည်းမှု ၅၉ မိနစ်သာ ကြာမြင့်ခဲ့တဲ့ ပီရယ်-အမ်းမရစ် အော်ဘာမီယန်းပဲ ဖြစ်ပါတယ်။

ကိုင် ဟားဗတ်ဇ်၊ ခရစ္စရှန် ပူလီဆစ်နဲ့ ဟာကင် ဇီယက်ရှ်တို့ကတော့ နည်းပြအသစ်ရဲ့ လက်အောက်မှာ သက်သေပြစရာတွေ အများကြီး ရှိနေပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment