Arnautovic [ အနာတိုဗစ် ] နဲ့ ယူနိုက်တက် အပြောင်းအရွှေ့။

Arnautovic to Man United
September 12, 2022

အားလုံးရဲ့ ဝေဖန်မှုတွေကို အသံတိတ်စေခဲ့တဲ့ တိုက်စစ်မှူး Marko Arnautovic [ မာကို အနာတိုဗစ် ] ။

Arnautovic [ မာကို အနာတိုဗစ် ] ကို ယူနိုက်တက်အသင်းက ခေါ်ယူဖို့ ပြင်ဆင်ခဲ့တယ်ဆိုတာကတော့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ရဲ့ အံအားသင့်ဖွယ် ဇာတ်လမ်းတွေထဲက တစ်ခု ဖြစ်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အပြောင်းအရွှေ့ တောင်းဆိုမှု အရ ခရစ်တီယာနို ရော်နယ်ဒိုသာ အသင်းကနေ ထွက်ခွာခဲ့မယ်ဆိုရင် သူ့နေရာ အစားထိုးဖို့ နောက်ထပ် တိုက်စစ်မှူးအသစ်ကို ‌ရှာဖွေနေခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ယူနိုက်တက်အသင်းရဲ့ Arnautovic [ မာကို အနာတိုဗစ် ] ကို ခေါ်ယူဖို့ ကမ်းလှမ်းချက် ပယ်ချခံခဲ့ရပါတယ်။

ဩဂုတ်လအစပိုင်းတုန်းက တိုက်စစ်မှူး အနာတိုဗစ်အတွက် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့  ပြောင်းရွှေ့ကြေး ယူရို ၈ သန်းနဲ့ ကမ်းလှမ်းမှုကို ဘိုလော့ဂ်နာအသင်းက ချက်ချင်း ပယ်ချခဲ့ပါတယ်။ 

မာကို အနာတိုဗစ်နဲ့ သူ့ရဲ့ အပေါင်းအပါတွေက သူတို့ ပြောင်းရွှေ့လိုကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပေမယ့် ဘိုလော့ဂ်နာက သူတို့အနေနဲ့ ရောင်းချဖို့ ပြင်ဆင်ထားခြင်း မရှိကြောင်း လူသိရှင်ကြား အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် တွမ်တီးအသင်းမှာ ရှိစဥ်တုန်းက အနာတိုဗစ်နဲ့ အလုပ်တွဲလုပ်ခဲ့ဖူးတဲ့ မန်နေဂျာ အဲရစ် တန်ဟက်ဂ်က ပုဂ္ဂိုလ်ရေးအရတောင်းဆိုထားတဲ့အတိုင်း ယူနိုက်တက်အသင်းဟာ သူတို့ရဲ့ တိုက်စစ်မှူး လိုအပ်ချက်အတွက် ကမ်းလှမ်းမှုကို တိုးမြှင့်ဖို့ မျှော်လင့်ရပါတယ်။

Arnautovic scored for Bologna

စီးရီးအေသွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတဲ့ အနာတိုဗစ်။

ဒါပေမယ့်လည်း Marko Arnautovic [ အနာတိုဗစ် ] ကို ယူနိုက်တက်အသင်းက လက်မှတ်မထိုးဖို့ တောင်းဆိုတဲ့ ပရိတ်သတ် မဲဆွယ်ပွဲက အောင်မြင်ကြောင်း သက်သေပြခဲ့ပါတယ်။ 

အနာတိုဗစ်ဟာ မြောက်မက်ဆီဒိုးနီးယားအသင်းနဲ့ ယူရို ၂၀၂၀ ပွဲစဥ် ကစားခဲ့စဥ်က အယ်လ်ဘေးနီးယန်း ဆက်ကျင်ရေး အစွန်းအထင်းကို အသုံးပြုခဲ့တဲ့အပေါ် ပရိတ်သတ်တွေရဲ့ စောဒကတက်မှုကြောင့် ယူအီးအက်ဖ်အေ မှ တစ်ပွဲပယ် ပြဒဏ်ချမှတ်ခြင်းကို ခံခဲ့ရပါတယ်။

၂၀၀၉ ခုနှစ်၊ တွမ်တီးအသင်းမှာ ရှိခဲ့စဥ် အခါတုန်းက ပြိုင်ဘက် ကစားသမားအဖြစ် အနာတိုဗစ်ကို လူမျိုးရေးအရ အလွဲသုံးစား လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိခဲ့ပါတယ်။

ဩစတြီးယားသားကို ခေါ်ယူဖို့ ပရိတ်တွေ ကလပ်အသင်းဆီး အီးမေးလ်တိုက်ရိုက်ပို့ခဲ့ကြပါတယ်။

အားကစားမီဒီယာ The Athletic ရဲ့ ဖော်ပြချက်အရ မန်ယူ ပရိတ်သတ်အများအပြားဟာ ယူနိုက်တက်အသင်းနဲ့ အသင်းရဲ့ အမှုဆောင် အရာရှိချုပ် ရစ်ချတ်အာနိုးတို့ဆီ အနာတိုဗစ်ကို ခေါ်ယူဖို့ ကိစ္စနဲ့ ပတ်သက်ပြီး တိုက်ရိုက်တောင်းဆိုမှု အနေနဲ့ အီးမေးလ်တွေပို့ခဲ့ကြကြောင်း ဖော်ပြခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ယူနိုက်တက် ပရိတ်သက် အများအပြားအပြင် တခြားအသင်းဖန်တွေကလည်း အနာတိုဗစ်ကို ခေါ်ယူဖို့ ကြိုးပမ်းမှုအတွက် ကလပ်အသင်းကို ပြောင်ပြောင်တင်းတင်း လှောင်ပြောင်ခဲ့ကြပါတယ်။

Arnautovic at WestHam united

ဝက်စ်ဟမ်းကစားသမားဟောင်း အနာတိုဗစ်။

ယူနိုက်တက်အသင်းဟာ တရုတ်ကလပ်မှာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ကစားခဲ့သူ၊ ဝက်စ်ဟမ်း တိုက်စစ်မှူဟောင်းလည်းဖြစ်၊ အခုလက်ရှိ စီးရီးအေ အလယ်အလတ် ကလပ်မှာ ခြေစွမ်းပြနေတဲ့ တိုက်စစ် မှူး အနာတိုဗစ်ကို ခေါ် ယူဖို့ သဘောတူညီမှု မရရှိခဲ့ပါဘူး။

ဒီရာသီ စီးရီးအေမှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး Arnautovic [ အနာတိုဗစ် ]။

ဘယ်လိုပဲဖြစ်ဖြစ် မာကို အနာတိုဗစ်ဟာ အခု ရာသီမှာ သူ့ရဲ့ ခြေစွမ်းတွေနဲ့ ဝေဖန်သူတွေကို နှုတ်ဆိတ်စေခဲ့ပြီး ဒါကတော့ အနည်းဆုံး အားကစား ရှုဒေါင့်ကနေ ကြည့်ရမှာ ဖြစ်ပါတယ်။

အခုသီတင်းပတ် အစောပိုင်းတုန်းက နည်းပြ စီနီစာ မီဟာလိုဗစ်ကို ထုတ်ပယ်ခဲ့တဲ့ ဘိုလော့ဂ်နာအသင်းအတွက် သူ့ရဲ့ ပထမဆုံး ခြောက်ပွဲမှာ ခြောက်ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် အနာတိုဗစ်ဟာ သူ့ရဲ့အသင်းကို တန်းဆင်းဇုန်ကနေ လွတ်မြောက်အောင် ထိန်းထားနိုင်ခဲ့ပါတယ်။

ဒီသွင်းဂိုး အရေအတွက် ကသူ့ကို စီးရီးအေမှာ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်စေခဲ့ပြီး တနင်္ဂနွေနေ့ နေ့လည်က ဖီအိုရင်တီးနားကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့တဲ့အတွက် သူ့ရဲ့ အကောင်းဆုံးခြေစွမ်းကို ပေါ်လွင်စေခဲ့ပါတယ်။

Arnautovic is serie a high quality player

စီးရီးအေမှာ ခြေစွမ်းပြနေတဲ့ မာကို အနာတိုဗစ်။

ဒါဟာ ပြီးခဲ့တဲ့အပတ် စပယ်ဇီယာအသင်းကို ၂-၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ၂ ဂိုးသွင်းယူပြီး ဂိုးသွင်းအများဆုံး နေရာကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ သူဟာ အခုရာသီ ယူနိုက်တက်အသင်းရဲ့ တစ်သင်းလုံးစာ သွင်းဂိုးပမာဏနီးပါး သွင်းယူနိုင်ခဲ့ပြီး ၂ ဂိုးသာ လျော့နည်းခဲ့ပါတယ်။

နံပါတ်ကိုး ‌နေရာ လိုအပ်ချက်ကို အနာတိုဗစ် ‌ဖြည့်ဆည်းပေးနိုင်မလား?

ယူနိုက်တက်အသင်းဟာ ဘရိုက်တန်အသင်းကို အိမ်ကွင်းမှာ ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ဘရန့်ဖို့ဒ်အသင်းကို ၄-၀ ဂိုးနဲ့ နည်းပြသစ် အဲရစ်တန်ဟက်ဂ်လက်ထက် ပရီးမီးယားလိဂ်ကို အရှုံးနဲ့ စ,တင်ခဲ့ပါတယ်။ မန်ချက်စတာအသင်းဟာ လိဂ်ပွဲ လေးပွဲဆက်တိုက် အနိုင်ရရှိပြီးနောက် ပြန်လည်ကောင်း‌မွန်လာပေမယ့် သူတို့ရဲ့ နံပါတ် ၉ နေရာအတွက် လိုအပ်ချက် ရှိနေဆဲ ဖြစ်ပါတယ်။

အဲရစ်တန်ဟက်ဂ်ရဲ့ ကစားကွက် နည်း‌ဗျူဟာအရ ပေါ်တူဂီ တိုက်စစ်မှူး ‌ခရစ္စတီယာနို ရော်နယ်ဒိုဟာ အရန်ခုံမှာသာ ထိုင်နေရပြီး တခြား နံပါတ်ကိုးနေရာအတွက် ပုံမှန်အသုံး‌ပြုတာမတွေ့ရပါဘူး။ ဒီနေရာအတွက် တိုက်စစ်မှူး အနာတိုဗစ်ကတော့ ကူညီပေးနိုင်ဖို့ မျှော်လင့်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment