Firmino [ ဖာမီနို ] ကို ဂျူဗင်တပ်စ်တို့ ပစ်မှတ်ထားနေဆဲ။

Firmino is a target for Juventus
September 8, 2022

ဂျူဗင်တပ်စ်က လီဗာပူးရဲ့ ဖာမီနို [ ဖာမီနို ] Firmino ကို ဘယ်လို ခေါ်ယူနိုင်ဦးမလား?

Firmino [ ဖာမီနို ] ကို ဂျူဗင်တပ်စ်အသင်းအနေနဲ့ နွေရာသီ အပြောင်းအရွှေ့တုန်းက ခေါ်ယူဖို့ လွဲချော်ခဲ့ပြီးနောက် တိုက်စစ်မှူးဟာ အီတလီကလပ်အတွက် ပစ်မှတ် ဖြစ်နေဆဲ ဖြစ်ပါတယ်။

ရော်ဘတ်တို ဖာမီနိုဟာ အန့်ဖီးအသင်းမှာ သူ့ရဲ့ စာချုပ်သက်တမ်းက နောက်ဆုံးနှစ်ကို ရောက်ရှိနေပြီ ဖြစ်ပြီး ဇန်နဝါရီလကနေ စ,ပြီး ဥရောပအသင်းတွေနဲ့ အကြို စာချုပ်တွေ ချုပ်ဆိုနိုင်မှာ ဖြစ်ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

တိုက်စစ်မှူးကို အလဲအထပ်နဲ့ လိုချင်နေတဲ့ ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ်အသင်းဟာ ဖာမီနိုကို တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်နဲ့ တွဲကစားစေချင်ပေမယ့် လီဗာပူးလ်အသင်းဟာ နွေရာသီတုန်းက ဆာဒီယိုမာနေးနဲ့ ဒီဗော့ အော်ရီဂီတို့နဲ့ လမ်းခွဲထားပြီး ဖြစ်တာကြောင့် နောက်ထပ် တိုက်စစ် ကစားသမား ရောင်းချဖို့ ဆန္ဒမရှိခဲ့ပါဘူး။

အီတလီရဲ့ အားကစား မီဒီယာတစ်ခုရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်စ်အသင်းဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ လီဗာပူးလ်အသင်းကို အငှားနဲ့ ရောက်ရှိလာခဲ့တဲ့ အော်သာ မီလိုနဲ့ ဖာမီနိုကို အလဲအလှယ် ပြုလုပ်ဖို့ ကြိုးစားဖွယ်ရှိကြောင်း သိရှိရပါတယ်။

Firmino at Brazil National Team

ဘရာဇီးလ်လက်ရွေးစင်ကစားသမား ဖာမီနို။

ဒါပေမယ့်လည်း ဂျူဗင်တပ်စ်အသင်းဟာ အငှားချထားတဲ့ မွိုက်စ် ကိန်း ဒါမှမဟုတ် အာကတ်ဒီယက်ဇ် တို့နဲ့အတူ Firmino [ ရော်ဘတ်တို ဖာမီနို ] ကို မခေါ် ယူခင် တိုက်စစ်မှူး တစ်ဦးကို ဖယ်ရှားဖို့ လိုအပ်မယ်လို့ ယုံကြည်နေပါတယ်။

လီဗာပူးလ်က Firmino [ ရော်ဘတ်တို ဖာမီနို ] ကို ထွက်ခွာခွင့်ပြုမှာလား?

တိုက်စစ်မှူး ရော်ဘတ်တို ဖာမီနိုဟာ ၂၀၁၅ ခုနှစ်မှာ ဂျာမန်ကလပ် ဟော့ဖန်ဟိမ်းအသင်းကနေ ရောက်ရှိလာပြီးကတည်းက ကလပ်အသင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

ဘရာဇီးလ်သားဟာ ဆာဒီယို မာနေး၊ မိုဟာမက် ဆာလာတို့နဲ့အတူ အတောက်ပဆုံး ပုံစံအဖြစ် လက်တွဲခဲ့ကြပြီး ၂၀၁၇ – ၂၀၁၈ ရာသီတုန်းက လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၁၅ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တိုက်စစ်မှူး ဖာမီနိုဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ပထမ ပွဲထွက် ၁၁ ယောက်အသင်းမှာ ပွဲထွက်ခွင့် နေရာရရှိဖို့ ရုန်းကန်ခဲ့ရပြီး လိဂ်ပွဲ ၂၀ ပွဲသာ ကစားခွင့် ရရှိခဲ့ပါတယ်။

Firmino would leave after signing Nunez

ယူရိုသန်း ၁၀၀ နဲ့ ခေါ် ယူလိုက်တဲ့ နူးနက်ဇ်။

အသက် ၃၀ အရွယ် ရှိပြီ ဖြစ်တဲ့ ဖာမီနိုဟာ ဒီရာသီမှာ ၅ ပွဲ ကစားထားပြီး ၃ ဂိုး သွင်းယူထားနိုင်ပေမယ့် နွေရာသီ အပြောင်း‌အရွှေ့တုန်းက လီဗာပူးလ်ဟာ ဒါဝင် နူးနက်ဇက်ကို ယူရို သန်း ၁၀၀ နဲ့ ခေါ်ယူထားတာကြောင့် သူ့အနေနဲ့ အသင်းကနေ ထွက်ခွားသွားနိုင်ပါတယ်။

ဘရာဇီးလ် တိုက်စစ်မှူး ဖာမီနိုက သူနဲ့ နူးနက်ဇ်တို့ကြား နေရာရရှိဖို့ ပြိုင်ဆိုင်မှု ရှိနေတယ်ဆိုတာကို ငြင်းဆိုထားပြီး သူက ကလပ်အသင်းကို အကောင်းဆုံး ပုံစံဖြစ်ဖို့ကိုသာ လိုလားသူတစ်ဦး ဖြစ်ပါတယ်။ ပြီးတော့ ဖာမီနိုက အသင်းဆီ မကြာသေးခင်ကမှ ရောက်ရှိလာခဲ့တဲ့ ဥရုဂွေးသားကို ” သူငယ်ချင်း ” လို့ခေါ် ပြီး တကယ်ကို ကောင်းမွန်တဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။

အဲ့ဒါနဲ့ ပတ်သက်ပြီး Firmino [ ရော်ဘတ်တို ဖာမီနို ]

“ နူးနက်ဇ်က သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်ပြီး သူက ကျွန်တော်တို့ကို အများကြီး ကူညီပေးမယ်လို့ ထင်ပါတယ်။ ”

“ သေချာပါတယ်။ အနေအထားတိုင်းမှာ ပြိုင်ဆိုင်မှုဆိုတာတော့ အမြဲ ရှိနေတတ်ပါတယ်။ သို့ပေမယ့် ကျွန်တော်တို့က အသင်းအဖွဲ့အစည်းတစ်ခုဖြစ်ပြီး လီဗာပူးလ်အတွက် အကောင်းဆုံး၊ သုံးမှတ်ရရှိအောင် ဘယ်လိုကြိုးစားရမလဲဆိုတာပဲ တွက်ဆရမှာပါ။ ”

“ ဒါဟာ နည်းပြရဲ့ ဆုံးဖြတ်ချက်နဲ့ သက်ဆိုင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ ရရှိလာတဲ့ အခွင့်အရေးတွေကို အကောင်းဆုံး အသုံးချပြီး အသင်းအတွက် ပေးစွမ်းသွားမှာပါ။ ” လို့ ပြောသွားခဲ့ပါတယ်။

Firmino vs Napoli

နာပိုလီနဲ့ တွေ့ဆုံခဲ့စဥ်က ရော်ဘတ်တို ဖာမီနို။

လီဗာပူးလ်အသင်းနည်းပြ ယာဂင် ကလော့ပ်က ဖာမီနိုကို ဆက်ထိန်းထားလိုကြောင်း အခိုင်အမာ ပြောကြားထားပြီး ဇူလိုင်လတုန်းက သူ့ကို ” မရှိမဖြစ် လိုအပ်တယ် ” လို့ ဖော်ပြပြောဆိုခဲ့ဖူးပါတယ်။

ဂျာမန်နည်းပြ ယာဂင် ကလော့ပ်က

“ ဘော်ဘီဟာ ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။ ဒီအသင်းရဲ့ နှလုံးသားနဲ့ စိတ်ဝိဉာဥ် အငွေ့အသက်ဆိုလည်း ဟုတ်ပါတယ်။ ” လို့ လီဗာပူးလ်အသင်းရဲ့ ရာသီအဖွင့် ပွဲစဥ်အဖြစ် မန်ချက်စတာ စီးတီးအသင်းနဲ့  ကွန်မြူနတီဒိုင်းပွဲစဥ် မတိုင်ခင်မှာ သတင်းထောက်တွေကို ပြောသွားခဲ့ပါတယ်။

“ အသင်းအနေနဲ့ အရာအားလုံးက တကယ်ကိုကောင်းမွန်နေပြီး ကျွန်တော့်အနေနဲ့လည်း ကောင်းမွန်ပါတယ်။ ကျွန်တော့်အတွက်တော့ သူ့ရဲ့ [ ဖာမီနို ] အရည်အသွေးနဲ့ ပတ်သက်ပြီး သံသယ ဖြစ်စရာ မရှိပါဘူး။ ဒါကြောင့်မို့ သူက ကျွန်တော်တို့အတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ”

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment