Cristiano7 နဲ့ အယ်နာဆာအသင်းတို့ရဲ့ အပြောင်းအရွှေ့။
ယူရိုသန်း ၅၀၀ တန် Al-Nassr စာချုပ်နဲ့ ပတ်သက်ပြီး နှုတ်ဆိတ်နေတဲ့ Cristiano7 [ ခရစ္စတီယာနို ရော်နယ်ဒို ]။
Cristiano7 [ ခရစ္စတီယာနို ရော်နယ်ဒို ] ဟာ မကြာသေးခင်က ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး ပြီးတာနဲ့ အယ်နာဆာအသင်းဆီ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ နိုဝင်ဘာလတုန်းက အပြန်အလှန် သဘောတူညီချက် နဲ့အတူ မန်ချက်စတာ ယူနိုက်တက် အသင်းကနေ ထွက်ခွာခဲ့ပြီးနောက် အလွတ် အေးဂျင့် ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
ယူနိုက်တက် ကစားသမားဟောင်း Cristiano7 [ ရော်နယ်ဒို ] ကို ခေါ် ယူဖို့ ကြိုးစားနေတဲ့ ဆော်ဒီအသင်း။
ပေါ်တူဂီသားဟာ ကလပ်အသင်း ဆီကနေ ခွင့်ပြုချက် မတောင်းဆိုဘဲ ပီယာစ် မော်ဂန်နဲ့ အင်တာဗျူး တစ်ခု ပြုလုပ်ခဲ့ပြီး အဲ့ဒီမှာ ကလပ်အသင်းက သူ့အပေါ် သစ္စာဖောက်ခဲ့ကြောင်း နည်းပြ အဲရစ် တန်ဟက်ဂ်ကလည်း သူ့အပေါ် လေးစားမှု မရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အဲ့ဒီနောက် အသင်းနဲ့ နှစ်ဦး သဘောတူ လမ်းခွဲခဲ့ပြီး အလွတ် အေးဂျင့် ( အသင်း လက်မဲ့ ) ဖြစ်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ရော်နယ်ဒို အနေနဲ့ သူနဲ့ သင့်တော်တဲ့ အသင်း တစ်ခုခုကို ညှိနှိုင်းနိုင်မှာ ဖြစ်ပါတယ်။
ဥရောပ ကလပ် အသင်းကြီးတွေဆီက ကမ်းလှမ်းမှုများကြောင့် အာဆင်နယ်နဲ့ ချဲလ်ဆီးတို့တောင် ဖြစ်နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ရော်နယ်ဒိုရဲ့ ဖြစ်နိုင်ခြေ အရှိဆုံး နေရာကတော့ ဆော်ဒီ ပရိုလိဂ်ပဲ ဖြစ်ပါတယ်။
ဒါ့အပြင် အဲ့ဒီလိဂ်မှာမှ Al-Nassr အသင်းနဲ့ Al-Hilal တို့ နှစ်သင်းစလုံးက ငွေကြေး အမြောက်အမြား အသုံးပြုပြီး ကစားသမားကို ခေါ်ယူဖို့ ညှိနှိုင်းမှုတွေ ပြုလုပ်နေလို့ သတင်းတွေ ထွက်ပေါ်လျက် ရှိနေပါတယ်။
ဆော်ဒီအသင်းနဲ့ အပြောင်းအရွှေ့ကို ခရစ္စတီယာနို ရော်နယ်ဒို လက်ခံလိုက်တယ်ဆိုတာ မမှန်ပါဘူး။
ဆော်ဒီ ကလပ် Al-Nassr အသင်းဟာ Cristiano7 [ ခရစ္စတီယာနို ရော်နယ်ဒို ] ကို နှစ်နှစ်ခွဲကြာ စာချုပ် ချုပ်ဆိုဖို့ ယူရို သန်း ၅၀၀ နဲ့ ကမ်းလှမ်းထားပေမယ့် တချို့သော သတင်း ရင်းမြစ်တွေက အဆိုပါ စာချုပ်ကို တိုက်စစ်မှူးက အပြီးသတ် လက်ခံလိုက်ပြီလို့ ဖော်ပြခဲ့ကြပါတယ်။
ဒါပေမယ့် ဆွစ်ဇာလန်ကို ၆-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပေါ်တူဂီ ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့် ပွဲစဥ် အပြီးမှာ ဒီကောလ ဟာလက မမှန်ကန်ကြောင်း အပြောင်းအရွှေ့ ဆရာကြီး ဖာဘရီဇီယို ရိုမန်နိုက အခိုင်အမာ ဖော်ပြခဲ့ပါတယ်။
ဟုတ်ပါတယ်။ အမှန်တကယ်ကတော့ ဆော်ဒီ ကလပ်အသင်းဆီ အပြောင်းအရွှေ့ ကိစ္စနဲ့ ပတ်သက်ပြီး ရော်နယ်ဒိုက တိတိကျကျ လက်ခံထားခြင်း မရှိသေးပါဘူး။ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး ပြီးဆုံးသွားမယ်လို့ ပြောထားတာ ဖြစ်ပါတယ်။
ဒါဆိုရင် ဒီ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး Cristiano7 [ ခရစ္စတီယာနို ရော်နယ်ဒို ] က ဘာဆက်လုပ်မလဲ။
ပေါ် တူဂီ ဂန္တဝင်ကြီး ရော်နယ်ဒိုဟာ အသက် ၄၀ ပြည့်တဲ့အထိ ထိပ်တန်းအဆင့်မှာ ကစားနိုင်တယ်လို့ မှတ်တမ်းဝင်ထားခဲ့ပေမယ့် လက်တွေ့မှာတော့ ဒါဟာ ဖြစ်နိုင်ခြေ တော်တော်လေး နည်းပါးလာတာကို မြင်တွေ့နေရပါတယ်။
ခရစ္စတီယာနိုဟာ အင်္ဂါနေ့တုန်းက ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဥ်မှာ ပွဲထွက် ၁၁ ယောက်အသင်းမှာ မပါဝင်ခဲ့ဘဲ အရန်ခုံမှာ ထိုင်နေခဲ့ရသည့်တိုင် သူ့ရဲ့ ပေါ် တူဂီအသင်းဟာ ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်လာခဲ့ပါတယ်။
တိုက်စစ်မှူးကြီးရဲ့ အစားထိုး အနေနဲ့ ဂွန်ကာလို ရာမို့စ်က တိုက်စစ်ပိုင်းကို ဦးဆောင်ပြီး ၁၆ သင်းအဆင့် ရှုံးထွက် ပွဲစဥ်မှာ ဆွစ်ဇာလန်အသင်းကို ၆ – ၁ ဂိုးနဲ့ အနိုင်ယူပြီး ပြိုင်ပွဲ မပြီးဆုံခင် ရော်နယ်ဒိုက လူးစားလဲ ဝင်ရောက် ကစားခဲ့ပါတယ်။
ဆွဇ်ဇာလန်နဲ့ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ဂွန်ဇာလိုရာမို့စ်ရဲ့နေရာမှာ အစားထိုးဝင်ရောက်လာခဲ့တဲ့ ရော်နယ်ဒိုရဲ့ အလားအလာဟာ ပြိုင်ပွဲမပြီးဆုံးခင်မှာ သူ့ရဲ့ ပွဲဦးထွက် ကစားသမားဘ၀ကို ချိုးဖေါက်ဝင်ရောက်သွားမယ့် အလားအလာ ရှိနေပါတယ်။
ရာသီဝက်မှာ စီရော်နယ်ဒိုအတွက် ဥရောပကလပ် အသင်းကြီးတစ်ခုကို ရောက်ရှိလာဖို့ ထင်ရှားတဲ့ ဖြေရှင်းနည်း အနည်းငယ်သာ ရှိသေးပြီး Al-Nassr အသင်းရဲ့ အမြတ်အစွန်းများတဲ့ လစာငွေကို ပိုမိုဆွဲဆောင်မှု ဖြစ်စေမှာကတော့ သေချာပါတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။