Endrick ခေါ်ယူဖို့ နီးစပ်လာတဲ့ ရီးယဲလ်မက်ဒရစ်။

Endrick to Real Madrid in Future
December 6, 2022

ပါးလ်မီးရတ်စ် တိုက်စစ်မှူး Endrick [ အန်းဒရစ် ] ကို ခေါ်ယူဖို့ ဦးဆောင်နေတဲ့ ရီးယဲလ် မက်ဒရစ်အသင်း။

Endrick [ အန်းဒရစ် ဖီးလစ် ] ဟာ ဘရာဇီးလ် ဘောလုံးလောကရဲ့ ပင်ကိုယ် စွမ်းရည်ရှိ ကစားသမားတွေထဲက တစ်ဦး ဖြစ်ပြီး ဥရောပထိပ်တန်း အသင်းတချို့က သူ့ကို စိတ်ဝင်စားမှု တိုးတက်လာကြတာကြောင့် ခေါ်ယူဖို့ ကြိုးပမ်းလျက် ရှိနေကြပြီ ဖြစ်ပါတယ်။

အသက် ၁၆ နှစ် အရွယ်ရှိ ကြယ်ပွင့်လေးဟာ ပြီးခဲ့တဲ့လက ဘရာဇီးလ် ကလပ်အတွက် သူ့ရဲ့ အကြီးတန်း ပွဲဦးထွက် ပွဲထွက်ခွင့် ရခဲ့ပြီး ၁၆ နှစ်နဲ့ နှစ်လသာ ရှိသေးတာကြောင့် သူတို့ရဲ့ အသက် အငယ်ဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

👇 1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့ 👇

Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။

ဘရာဇီးလ်သား တိုက်စစ်မှူး Endrick [ အန်းဒရစ် ဖီးလစ် ] ရဲ့ ပြောင်းရွှေ့ကြေးက မြင့်မားနိုင်ပါတယ်။

အောက်တိုဘာလ တုန်းက ပါလ်မီရက်စ် အသင်းအတွက် သူ့ရဲ့ ပထမဆုံး စီနီယာ သွင်းဂိုးကိုလည်း သွင်းယူနိုင်ခဲ့ပြီး ဘရာဇီးလ် ထိပ်တန်းလိဂ် သမိုင်းတစ်လျှောက် ဒုတိယမြောက် အသက် အငယ်ဆုံး ဂိုးသွင်းသူ ဖြစ်လာကာ မှတ်တမ်းကောင်းတွေ ရရှိနေပြီ ဖြစ်ပါတယ်။

ဥရောပ ထိပ်တန်း အသင်းကြီးတွေရဲ့ သူ့ကို စိတ်တင်စားမှုဟာ ပြီးခဲ့တဲ့လ အနည်းငယ်အတွင်း ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးခဲ့ကြတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ချဲလ်ဆီးအသင်းတို့ဆီက အဓိက ဖြစ်နေပါတယ်။

Endrick is in good form at Palmeiras

ပါလ်မီးရတ်စ်မှာ ခြေစွမ်းကောင်းနေတဲ့ အန်းဒရစ်။

အခု အခါမှာတော့ အပြောင်းအရွှေ့ ဆရာကြီး Fabrizio Romano ရဲ့ အဆိုအရ ရီးရဲလ်မက်ဒရစ်နဲ့ ချယ်လ်ဆီးတို့ဟာ သူ့ရဲ့ လက်မှတ်အတွက် ရှေ့ပြေးတွေ ဖြစ် နေကြပြီး အနာဂတ်မှာ သူ့ကို နေရာပေးဖို့ ကြီးမားတဲ့ ငွေကြေးကို အသုံးပြုသွားမယ်လို့ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

အလုံးစုံ သဘောတူညီချက် အတွက် ယူရို သန်း ၆၀ ခန့် ကုန်ကျမှာ ဖြစ်ပြီး သူ့ကို သမိုင်း တလျှောက် ဈေးအကြီးဆုံး ဆယ်ကျော်သက် ကစားသမားတွေထဲက တစ်ဦးအဖြစ် ဘရာဇီးလ်က လပ် အသင်း အနေနဲ့ မြင့်မားတဲ့ ငွေကြေး အမြောက်အမြား ရရှိမှာ ဖြစ်ပါတယ်။

မက်ဒရစ်အသင်းနဲ့ အပြောင်းအရွှေ့ အလားအလာ ရှိနေတဲ့ Endrick [ အန်းဒရစ် ဖီးလစ် ]။

၁၆ နှစ်သား Endrick [ အန်းဒရစ် ဖီးလစ် ] ရဲ့ ဖခင်နဲ့ ရီးယဲလ် မက်ဒရစ် ပါရမီရှင် ဗင်နီရှပ်စ် ဂျူနီယာကို ပံ့ပိုးပေးတဲ့ ကိုယ်စားလှယ်တွေဟာ ကစားသမားရဲ့ အနာဂတ်အတွက် လုပ်ဆောင်နေပြီး ဘယ်လို အနာဂတ် အပြောင်းအရွှေ့ကိုမဆို အဆင်ပြေ ချောမွေ့စွာ ပါဝင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

ရီးယဲလ် မက်ဒရစ်အသင်းဟာ စေ့စပ် ညှိနှိုင်းမှုတွေမှာ  ပိုမို အဆင့်မြင့်လာပြီး ကစားသမားကို ခေါ်ယူဖို့ အပြိုင်အဆိုင် ဦးဆောင်နေတယ်လို့ ယုံကြည်ရပြီး မကြာသေးခင် နှစ်တွေအတွင်း ဘရာဇီးလ် ပါရမီရှင်‌တွေနဲ့ သူတို့ လုပ်ဆောင်ခဲ့တဲ့ သဘောတူညီချက်တွေမှာလည်း ထည့်သွင်းထားပါတယ်။

Endrick is a young teenager super star at Palmeiras

ပါလ်မီးရတ်စ်ရဲ့ စူပါစတား – အန်းဒရစ်။

စပိန်ကလပ် အသင်းဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဗင်နီရှပ်စ် ဂျူနီယာ၊ ရိုဒရီဂိုနဲ့ ရိုင်နီယာ ဂျီးဆပ်တို့လို ကစားသမားတွေကို ခေါ်ယူခဲ့ပြီး အန်းဒရစ် ဖီးလစ်ကတော့ အဆိုပါ စာရင်းမှာ ပါဝင်ဖို့ နောက်ဆုံး ဖြစ်လာနိုင်ပါတယ်။

Palmeiras အသင်းရဲ့ အ သက် ၁၆ နှစ်အရွယ် စူပါစတား အန်းဒရစ် ဖီးလစ်။

လူငယ် တိုက်စစ်မှူး အန်းဒရစ် ဖီးလစ်ဟာ အသက် ၁၈ နှစ် ပြည့်တာနဲ့ ၂၀၂၄ ခုနှစ် မှာသာ ပြောင်းရွှေ့နိုင်ပေမယ့် ကလပ်အသင်းတွေက သူ့ကို ဆွဲဆောင်နိုင်တဲ့ မက်လုံးတွေကို ပြင်ဆင်နေတာကြောင့် လက်မှတ် မထိုးခင်မှာ အကြိုသဘောတူ စာချုပ်တစ်ခု ချုပ်ဆိုထားနိုင်ပါတယ်။

လူ ငယ် တိုက်စစ်မှူး ရဲ့ မိသားစုဟာ ကစားသမား တစ်ယောက် အနေနဲ့ ပိုမို အောင်မြင်မှု ရရှိလာစေမယ့် အပြောင်းအရွှေ့ကို ဦး‌စားပေး လုပ်ဆောင်ကြဖို့ ယုံကြည်နေပြီး လုပ်ငန်းစဥ်မှာလည်း ကြီးကြီးမားမား ရချင်နေကြတယ်လို့ သိရပါတယ်။

Endrick can only move in 2024 once he turns 18

အန်းဒရစ်ဟာ ၂၀၂၄ ခုနှစ် ၁၈ နှစ်ပြည့်ချိန်မှာ ပြောင်းရွှေ့ခွင့် ရရှိမှာဖြစ်ပါတယ်။

အဆိုပါ လူငယ် တိုက်စစ်မှူးဟာ ဆယ်ကျော်သက်အရွယ်မှာ ကျော်ကြားလာခဲ့ပြီး Palmeiras အသင်းရဲ့ လူငယ် အသင်းအတွက် ၁၆၉ ပွဲမှာ ၁၆၅ ဂိုး သွင်းယူကာ အခုအခါ ကလပ်အသင်းရဲ့ အကြီးတန်း အသင်းမှာ ကြယ်ပွင့် ကစားသမား ဖြစ်လာခဲ့ပါတယ်။

သူ့အနေနဲ့  ဒီလမ်းကြောင်းအတိုင်း ဆက်သွားနေမယ်ဆိုရင် သူ့ရဲ့ ခြေစွမ်းတွေ တိုးသထက် တိုးတက်လာမှာ ဖြစ်ပြီး လာမယ့် လတွေမှာလည်း သူ့ကို ခေါ်ယူဖို့အတွက် ကလပ်အသင်းတွေ ပိုများလာနိုင်ပါတယ်။

စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က

အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

ပထမဆုံးသွင်းငွေရဲ့ ၁၀၀% ဘောနက်စ်ကို အခုချက်ချင်းပဲရယူလိုက်ပါ။
1xBet ကို အခုပဲသွားလိုက်ပါ။

Leave A Comment