Neymar ကို မလိုအပ်ဘူးဆိုတဲ့ ချဲလ်ဆီး။
ပီအက်စ်ဂျီ တောင်ပံတိုက်စစ် Neymar [ နေမာ ] ကို မလိုအပ်ဘူးဆိုတဲ့ ချဲလ်ဆီး
Neymar [ နေမာ ] ကို ရော်နယ်ဒိုလို အကြောင်းပြချက်တစ်ခုတည်းကြောင့် ချဲလ်ဆီး အသင်းအနေနဲ့ မလိုအပ်ဘူးလို့ ဆိုပါတယ်။
ချယ်လ်ဆီးအသင်းဟာ ယူနိုက်တက် တိုက်စစ်မှူး ခရစ်စတီယာနို ရော်နယ်ဒိုကို မခေါ်ယူလိုတဲ့ အကြောင်းပြချက်နဲ့ နေမာကိုလည်း ခေါ်ယူလိုခြင်း မရှိကြောင်း CBS သတင်းထောက် Ben Jacobs [ ဘန်ဂျက်ကော့်စ် ] က ရေးသား ဖော်ပြခဲ့ပါတယ်။
1xBet အကောင့်အသစ် ဖွင့်သူများအနေနဲ့
Promo code (ပရိုမိုကုဒ်) 👉 MMSPORT100 👈 ကိုအသုံးပြုတာနဲ့ 100% ဘောနပ်စ် ရရှိမှာပါ။
တိုက်စစ်မှူး Neymar [ နေမာ ] က ပီအက်စ်ဂျီအသင်းမှာ သူ့နေရာအတွက် တိုက်ပွဲဝင်ချင်နေပါတယ်။
နေမာရဲ့ သတင်းစကားတွေက ရှင်းရှင်းလင်းလင်း ရှိနေပါတယ်။ လူးဝစ် ကမ်ပိုစ် ရောက်လာချိန်မှာ ကစားသမားတွေဟာ အသင်းမှာ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နိုင်ဖို့ အပြိုင်အဆိုင် ကြိုးစားဖို့ လိုအပ်ကြောင်းနဲ့ တစ်ကိုယ်ကောင်းမဆန်ဖို့ ရှင်းလင်း ပြောကြားခဲ့ပါတယ်။
နည်းပြသစ် ဂယ်လ်တီယာနဲ့ Neymar [ နေမာ ] တို့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။
ဘောလုံးပရိတ်တွေ ထင်ထားတာက ကမ်းပို့စ်ဟာ နေမာကို အသင်းကနေ ထွက်ခွာဖို့ အတင်း တွန်းအားပေးမယ်လို့ ထင်ထားခဲ့ကြတာပါ။ ဒါပေမယ့် တကယ် ဖြစ်ခဲ့တာကတော့ လက်ရှိ ပီအက်စ်ဂျီ နည်းပြသစ် ခရစ္စတိုဖာ ဂယ်လ်တီယာနဲ့ အစောဆုံး ခိုင်မာတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
ပြီးတော့ နေမာက နည်းပြသစ် ဂယ်လ်တီယာနဲ့ အရင်ဆုံး မဆွေးနွေး မတိုင်ပင်ဘဲ သူ့အနာဂတ်နဲ့ ပတ်သက်ပြီး ဘယ်အရာကိုမှာ ဖြေရှင်းမှာ မဟုတ်ပါဘူး။ အခုတော့ နေမာဟာ အသင်းမှာ သူ့အတွက် နေရာတစ်ခု ရရှိသွားပြီဆိုတဲ့ မှန်ကန်တဲ့ ခံစားချက်ကို လက်ဝယ်ပိုက်ထားနိုင်ပြီ ဖြစ်ပါတယ်။
ပီအက်စ်ဂျီ တိုက်စစ် Neymar [ နေမာ ] အတွက် ကမ်းလှမ်းမှု မရှိပါ။
ဒီနွေရာသီအစောပိုင်းက ဒမ်ဘီလီလိုပဲ၊ နေမာအတွက် ဒီအဆင့်မှာ ရရှိနိုင်တဲ့ တရားဝင်ကမ်းလှမ်းမှုတွေက ထင်ထင်ရှားရှား တန်းစီနေတာမျိုး သိပ်မရှိပါဘူး။ ဘာလို့လဲဆိုတော့ သူ့ကို ခေါ်မယ်ဆိုရင် ပေးချေရမယ့် လုပ်ခလစာကို အပြည့်အစုံ တတ်နိုင်မှ ရပါမယ်။ အောင်မြင်မှု ရရှိဖို့ ပံ့ပိုးပေးနိုင်တဲ့ အသင်းဖြစ်ရပါမယ်။
ဒါကြောင့်မို့ ကစားသမား ကိုယ်တိုင်ကလည်း သူ့ကိုယ်သူ ဥရောပ ထိပ်တန်း ကစားသမားတစ်ယောက်အဖြစ် မြင်နေသေးတာကြောင့် မွေးရပ်မြေ ဘရာဇီးလ်ကို မပြန်ချင်သေးဘူးလို့ ဆိုပါတယ်။
သူကိုယ်တိုင် ပီအက်စ်ဂျီအသင်းကနေ ခြေတစ်လှမ်းမှ မခွာချင်သေးတာကြောင့် သူ့အတွက် ဘယ်ကလပ်အသင်းကမှလည်း အကျုံးဝင်မှာ မဟုတ်ပါဘူး။
ဘာကြောင့် ချယ်လ်ဆီးက နေမာကို မလိုချင်တာလဲ?
ကမ်းလှမ်းမှုတစ်ခုရရင် သူနားထောင်မှာဖြစ်ပေမယ့် ချဲလ်ဆီးအသင်းက ရော်နယ်ဒိုလို အကြောင်းပြချက်တစ်ခုတည်းကြောင့် ခေါ်ယူဖို့ ဆန္ဒမရှိပါဘူး။ လက်ရှိချဲလ်ဆီးနည်းပြ သောမတ်စ် တူချယ်ဟာ အရင်က သူနဲ့အတူ လက်တွဲ အလုပ်လုပ်ခဲ့ဖူးပြီး သူ့ကို ချီးကျူးခဲ့ဖူးပါတယ်။ ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့ ကစားကွက်နဲ့ မကိုက်ညီတာကြောင့် ကစားသမားကို ခေါ်ယူဖို့ မဖြစ်နိုင်တာ သေချာပါတယ်။
နယူးကာဆယ်လို့ တခြား ပရီးမီးယားလိဂ် ကလပ်တွေရဲ့ စိတ်ဝင်စားမှုဟာ ခေါ်ယူနိုင်လောက်တဲ့အထိ သက်သေမပြနိုင်သေးပါ။ သူတို့ဟာ ကစားသမားရဲ့ လုပ်ခ လစာကို တတ်နိုင်တဲ့ အနည်းစုအသင်းတွေထဲက တစ်သင်းပဲ ဖြစ်ပေမယ့် အောင်မြင်မှုပိုင်းမှာတော့ အားနည်းချက် ရှိနေပါတယ်။
သို့ပေမယ်လည်း ဒီအဆင့်မှာ Neymar [ နေမာ ] က ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ဆိုတာ တွေးစရာတောင် မလိုပါဘူး။ ပီအက်စ်ဂျီ နည်းပြသစ် ဂယ်လ်တီယာနဲ့ သူ့ရဲ့ ဆက်ဆံရေးကို နားလည်ဖို့ပဲ လိုအပ်ပြီး အသင်းမှာ သူ့နေရာနဲ့သူ ရှိပါလိမ့်မယ်။
တူချယ်ရဲ့ ချဲလ်ဆီးအသင်း
သောမတ်စ် တူချယ်က သူ့အနေနဲ့ အသင်းတိုးတက်ဖို့အတွက် နောက်ထပ် ကစားသမား နှစ်ယောက် လိုအပ်နေတယ်လို့ ပြောပါတယ်။ အတိအကျဆိုရင်တော့ ဂျူးလ်စ် ကွန်ဒယ်နဲ့ လူးဝစ် ဆွာရက်ဇ်တို့ပဲ ဖြစ်ပါတယ်။
ဂျာမန်နည်းပြဟာ မြောက်ကာရိုလိုင်းနားရှိ ချားလော့အသင်းနဲ့ ရာသီကြို ခြေစမ်းပွဲမတိုင်ခင် ကစားပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။ ပြီးတော့ မန်စီးတီးအသင်းနဲ့ နာပိုလီအသင်းတို့ကနေ ရာဟင်းမ် စတာလင်နဲ့ ကူလီဘာလီတို့ကိုလည်း အသီးသီး ခေါ်ယူနိုင်ခဲ့ပါတယ်။
လန်ဒန်အသင်းဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ပရီးမီးယားလိဂ်မှာ တတိယနေရာ ရရှိခဲ့ပြီး ချန်ပီယံ မန်စီးတီးအသင်းနောက် ၁၉ မှတ်အကွာမှာ ရပ်တည်နေခဲ့ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးအသင်းဟာ ဒီနွေရာသီမှာ နောက်ခံလူ နှစ်ယောက်ဖြစ်တဲ့ အန်တိုနီယို ရူဒီဂါနဲ့ အန်ဒရေ့ ခရစ္စတန်ဆန်တို့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဆုံးရှုံးခဲ့ရပြီးနောက် တူချယ်ဟာ အသင်းအတွက် ထပ်မံ တည်ဆောက်ဖို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
စိတ်ဝင်စားစရာ သတင်းကောင်းတွေကို နေ့စဥ်မလွတ်တမ်း ဖတ်ရှုနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။